• Follow Us on

Home စစ်တွေမြို့နယ်ရှိ ပင်လယ်ပြင်အတွင်း၌ တရားမဝင်မှောင်ခိုလှေတစ်စီးပေါ်မှ သစ်ခွဲသားဆိုဒ်စုံ (၁၅) တန်နှင့် ဘင်္ဂါလီလူမျိုး (၆) ဦး ဖမ်းဆီးရမိ

စစ်တွေမြို့နယ်ရှိ ပင်လယ်ပြင်အတွင်း၌ တရားမဝင်မှောင်ခိုလှေတစ်စီးပေါ်မှ သစ်ခွဲသားဆိုဒ်စုံ (၁၅) တန်နှင့် ဘင်္ဂါလီလူမျိုး (၆) ဦး ဖမ်းဆီးရမိ

Share this post

စစ်တွေ၊ ဒီဇင်ဘာ ၂၇ (People Media)

 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ ပင်လယ်ပြင်အတွင်း တရာမဝင်မှောင်ခိုလှေတစ်စီးပေါ်မှ သစ်ခွဲသားဆိုဒ်စုံ (၁၅) တန်နှင့် ဘင်္ဂါလီလူမျိုး (၆) ဦးတို့ကို ဒီဇင်ဘာလ ၂၆ ရက်နေ့က ဖမ်းဆီးရမိခဲ့သည်။

 

ဖြစ်စဉ်မှာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ မြန်မာ့ပင်လယ်ပြင်အတွင်းလုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ ဝင်များသည် ယမန်နေ့ နံနက် ၂ နာရီခန့်တွင် မေယုကျွန်း၏ အရှေ့မြောက်ဘက် ရေမိုင် ၈ မိုင်ခန့်အကွာ၌ မ သင်္ကာဖွယ်လှေ ၁ စီးအား တွေ့ရှိသဖြင့် မီးအချက်ပြ ခေါ်ယူရာ လာရောက်ခြင်းမရှိဘဲ အရှေ့တောင်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားသဖြင့် တာဝန်ရှိသူများက လိုက်လံဖမ်းဆီးခဲ့သည်။

 

ထိုသို့ လိုက်လံဖမ်းဆီရာတွင် ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်မောင်းနှင်ထွက်ပြေးသွားသဖြင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များက လက်နက်ငယ်များဖြင့် ခြောက်လှန့်ပစ်ခတ်လိုက်လံဖမ်းဆီးခဲ့ရာ မေယုကျွန်း၏ အရှေ့မြောက်ဘက် ရေမိုင် ၉ ဒသမ ၅ မိုင်ခန့်အကွာ၌ ဖမ်းဆီးရမိခဲ့သည်။

 

အဆိုပါလှေအား စိစစ်ခဲ့ရာ တရားဝင်စာရွက်စာတမ်းတစ်စုံတစ်ရာမပါရှိဘဲ သစ်ခွဲသားဆိုဒ်စုံ ၁၅ တန်နှင့်အတူ ပေါက်တောမြို့နယ်နေ ဘင်္ဂါလီလူမျိုး ၆ ဦး၌  ၁ ဦးသေဆုံး၊ ၃ ဦး လက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်။

 

#PeopleMedia #ရခိုင်ပြည်နယ်

 

(unicode)


…………………………………………………………..

 


 


 


 


 


 



Share this post