• Follow Us on

Home ကော့ကရိတ်မြို့နယ်၌ LPGas(ထမင်းချက်သည့်ဂက်စ်) တင်လာသည့်တွဲကားကို ဆီဘောက်ဆာယာဉ်ဟု ယူ ဆပြီး ဒေသအခြေပြုလက်နက်ကိုင်အဖွဲ့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီးခံရပြီး ယာဉ်မောင်းနှင့် ယာဉ် နောက်လိုက်တို့ ပျောက်ဆုံးနေ

ကော့ကရိတ်မြို့နယ်၌ LPGas(ထမင်းချက်သည့်ဂက်စ်) တင်လာသည့်တွဲကားကို ဆီဘောက်ဆာယာဉ်ဟု ယူ ဆပြီး ဒေသအခြေပြုလက်နက်ကိုင်အဖွဲ့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီးခံရပြီး ယာဉ်မောင်းနှင့် ယာဉ် နောက်လိုက်တို့ ပျောက်ဆုံးနေ

Share this post

မြဝတီ၊ ဇန်နဝါရီ ၈ (People Media)

 

ဇန်နဝါရီ ၇ ရက်နေ့ ည ၆း၂၀ အချိန်က ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ်လမ်း (အာရှလမ်းမကြီး) ကော့ ကရိတ်မြို့နယ်အတွင်း၌ LPGas(ထမင်းချက်သည့်ဂက်စ်) တင်လာသည့်တွဲကားကို ဆီဘောက်ဆာယာဉ်ဟု ယူဆပြီး ဒေသအခြေပြုလက်နက်ကိုင်အဖွဲ့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီးခဲ့သလို ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ ပျောက်ဆုံးနေသည်။

 

ထိုကဲ့သို့ LPGas (ထမင်းချက်သည့်ဂက်စ်) တင်လာသည့်တွဲကား ပစ်ခတ်ပေါက်ခွဲဖျက်ဆီးခံရသည့် ဖြစ်စဉ် အပေါ် AwRa Trading Co.,.(ThaiGas) က “ကျွန်တော်တို့ ဩရကုမ္ပဏီရဲ့ အများပြည်သူသုံး ထင်းအစား ထိုးလောင်စာ ရေနံဓာတ်ငွေ့ရည် LPGas (ထမင်းချက်သည့်ဂက်စ်) တင်လာသည့် တွဲကားဖြစ်ပါတယ်။ Pressure Gas (120 Psi) ထည့်တဲ့ အငွေ့ Gas Bowser ဆိုတာမျိုးကလေအလုံပိတ်ထားရပါတယ်။ ဆီ ထည့်လို့ရတဲ့တိုင်ကီမျိုး မဟုတ်ပါ။ အပေါက်ဖြစ်သွားတဲ့နေရာက ဖိအားနဲ့ အထဲက Gas တွေ တွန်းကန်ပန်း ထွက်ပြီးမီးလောင်နေတာ ကြည့်ရင်သိနိုင်ပါတယ်။ လေယာဉ်ဆီဆိုတာ ရေနံဆီနဲ့ဆင်တူပါတယ်။ Pressure ဖိအားမရှိပါ ဘယ်သူက လေယာဉ်ဆီတင်သည့်ကားလို့ ဖွနေတာလည်း မသိပါ။ သတင်းအမှန်လေးတော့ ဖြစ်စေချင်ပါတယ်။ သတင်းမှားပြီး လေယာဉ်ဆီဆိုလို့ မှားပစ်တာဖြစ်တယ်လို့ နောက်မှသိရပါတယ်။ အများ ပြည်သူ အကျိုးပြု အမြဲလုပ်နေတဲ့ ပြည်သူပိုင်ကုမ္ပဏီတစ်ခုဆုံးရှုံးမှု ဖြစ်ပါတယ်။ ယာဉ်လုပ်သားများ အခြေ အနေကို ခုထိ မသိရသေးပါ” လို့ ထုတ်ပြန်ထားသည်။

 

အလားတူ ပြီးခဲ့သည့်ရက်ပိုင်းကလည်း KNU လက်အောက်ခံ KNLA/PDF ပူးပေါင်းအဖွဲ့သည် မြဝတီမြို့မှ ရန်ကုန်မြို့သို့ အောက်ဆီဂျင်အရည် သယ်ဆောင်လာသည့် ယာဉ်ကို ပစ်ခတ်ဖျက်ဆီးခဲ့သလို ယာဉ်မောင်း ဖြစ်သူနှင့် ယာဉ်နောက်လိုက်ဖြစ်သူတို့ကိုလည်း လုပ်ကြံခဲ့သည်။

 

လက်ရှိအချိန်၌ ကရင်ပြည်နယ်ရှိ နေရာအချို့၌ လုံခြုံရေးအဖွဲ့များနှင့် KNU လက်အောက်ခံအဖွဲ့တို့ နှစ် ဖက်တိုက်ပွဲများ ဖြစ်ပေါ်ခဲ့ပြီး ဒေသခံများသည် ထိုင်းနိုင်ငံ၌ ခိုလှုံလျက်ရှိသည်။

 

Photo – credit

 

#PeopleMedia #အာရှလမ်းမကြီး

 

(unicode)


…………………………………………………………

 


 


 


 


 


 

Photo – credit

 



Share this post