• Follow Us on

Home နေတိုးအဖွဲ့ဝင် သုံးနိုင်ငံက ယူကရိန်းအတွက် တိုက်လေယာဉ် အစင်း ၇၀ လွှဲပြောင်းပေးမည်

နေတိုးအဖွဲ့ဝင် သုံးနိုင်ငံက ယူကရိန်းအတွက် တိုက်လေယာဉ် အစင်း ၇၀ လွှဲပြောင်းပေးမည်

Share this post

နိုင်ငံတကာ၊ မတ် ၁

 

ရုရှားနိုင်ငံက ကျူးကျော်တိုက်ခိုက်တာကို ခုခံတိုက်ခိုက်နေတဲ့ ယူကရိန်းနိုင်ငံအတွက် နေတိုးအဖွဲ့ဝင်သုံးနိုင်ငံ ဖြစ်တဲ့ ဘူဂေးရီးယား၊ ပိုလန်နဲ့ ဆလိုဗက်ကီးယားနိုင်ငံတွေက တိုက်လေယာဉ်အစင်းရေ ၇၀ လွှဲပြောင်းပေး သွားမှာဖြစ်ကြောင်းသိရပါတယ်။

 

အဲဒီတိုက်လေယာဉ်တွေကို ပိုလန်နိုင်ငံမှာရှိတဲ့လေယာဉ်ကွင်းတွေမှာ တပ်ဖြန့်ချထားနိုင်ကြောင်း ယူကရိန်း ရေ တပ်သတင်းထုတ်ပြန်ရေးအဖွဲ့က ၎င်းတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားပါတယ်။

 

“လိုအပ်ရင် အဲဒီတိုက်လေယာဉ်တွေကို ပိုလန်နိုင်ငံမှာ တပ်စွဲထားလို့ရပါတယ်။ အဲဒီကနေပြီး ယူကရိန်းလေသူ ရဲတွေက စစ်ဆင်ရေးတာဝန်ထမ်းဆောင်နိုင်ပါတယ်။” လို့ သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောပါတယ်။

 

နိုင်ငံအလိုက် ယူကရိန်းကို လွှဲပြောင်းပေးမယ့်တိုက်လေယာဉ်တွေကတော့ ဘူဂေးရီးယားနိုင်ငံက MiG-29 တိုက်လေယာဉ် ၁၆ စင်းနဲ့ Su-25 တိုက်လေယာဉ် ၁၄ စင်း၊ ပိုလန်နိုင်ငံက MiG-29 တိုက်လေယာဉ် ၂၈ စင်းနဲ့ ဆလိုဗက်ကီးယားနိုင်ငံက MiG-29 တိုက်လေယာဉ် ၁၂ စင်းဖြစ်ပါတယ်။

 

Ref: Three NATO countries to transfer 70 combat airplanes to Ukraine – statement

 

#PeopleMedia

 

(unicode)


………………………………………………………

 


 


 


 


 


 

Ref: Three NATO countries to transfer 70 combat airplanes to Ukraine – statement

 

#PeopleMedia


Share this post