• Follow Us on

Home ထားဝယ်မြို့တွင် (၃) လသားအရွယ် ကလေး (၁) ဦး ကိုဗစ်ကြောင့် သေဆုံး

ထားဝယ်မြို့တွင် (၃) လသားအရွယ် ကလေး (၁) ဦး ကိုဗစ်ကြောင့် သေဆုံး

Share this post

နေပြည်တော်၊ မတ် ၇

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် မတ်လ ၆ ရက်နေ့ ညနေ ၄ နာရီအချိန်က (၃) လသားအရွယ် ကလေး (၁) ဦး ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသွားကြောင်း ထားဝယ်မြို့နယ် ကြက်ခြေနီအသင်းမှ ထုတ်ပြန်ထားသည်။

 

အဆိုပါ (၃) လသားအရွယ် ကလေးမှာ ထားဝယ်ဆေးရုံကြီးရှိ ကိုဗစ်-၁၉ ရောဂါကုသဆောင်တွင် တက်ရောက် ကုသနေသူဖြစ်ပြီး၊ ယမန်နေ့ ညနေပိုင်းက ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသွားခြင်းဖြစ်ကြောင်း ထုတ်ပြန်ထား သည်။

 

သေဆုံးသွားသော ရေဖြူမြို့နယ်၊ မူးဒူးကျေးရွာမှ (၃) လသား ကလေးအား ထားဝယ်ဆေးရုံကြီး အလောင်း တိုက်သို့ ထားဝယ်မြို့နယ်၊ ကြက်ခြေနီမှ ကူညီပို့ဆောင်ပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia

 

(unicode)


…………………………………

 


 


 


 


 

#PeopleMedia


Share this post