• Follow Us on

Home ထိုင်ဝမ်တွင် တံတားပြိုကျ၍ ငါးဖမ်းလှေများပျက်စီး၊လှေသမားတချို့ ပိတ်မိနေ

ထိုင်ဝမ်တွင် တံတားပြိုကျ၍ ငါးဖမ်းလှေများပျက်စီး၊လှေသမားတချို့ ပိတ်မိနေ

Share this post

ထိုင်ဝမ်(တရုတ်တိုင်ပေ)အရှေ့မြောက်ပိုင်းမှာ အောက်တိုဘာ ၁ ရက်နေ့က တံတားတစ်စင်းပြိုကျမှုဖြစ်ပွားခဲ့ပြီး ငါးဖမ်းလှေအများအပြား ထိခိုက်ပျက်စီးခဲ့ပါတယ်။

ထိခိုက်သေဆုံးမှုအခြေအနေကိုတော့ အတိအကျမသိရသေးပါဘူး။ ဒဏ်ရာရသူတွေကိုတော့ သက်ဆိုင်ရာက ဆေးရုံပို့ဆောင်ပေး လျက်ရှိနေပါတယ်။

ရေငုပ်သမားတွေကလည်း ငါးဖမ်းလှေနှစ်စီးက ပိတ်မိနေသူတွေကို ကယ်တင်ဖို့ ရေငုပ်ရှာဖွေနေကြပြီဖြစ်ပါတယ်။

တံတားဟာ မနက် ၉ နာရီခွဲအချိန်မှာ ပြိုကျခဲ့တာဖြစ်ပြီး တံတားပြိုကျ ချိန်မှာ တံတားပေါ် လောင်စာဆီကားတစ်စီးရှိနေပြီး မီးလောင်မှု လည်းဖြစ်ပွားခဲ့ပါတယ်။

တံတားပြိုကျမှုဟာ ငါးဖမ်းလှေတွေ သွားလာမှုများပြား ချိန်ဖြစ် တာ ကြောင့် ငါးဖမ်းသမားတွေ ပိတ်မိနေမှာကို သက်ဆိုင်ရာ အာဏာပိုင် တွေက စိုးရိမ်ပူပန်လျက်ရှိနေပါတယ်။

Ref;CNA


Share this post