• Follow Us on

Home အိႏၵိယေလတပ္မွ ေနာက္ဆုံးလက္က်န္ MIG 27 တိုက္ေလယာဥ္မ်ား အနားေပး

အိႏၵိယေလတပ္မွ ေနာက္ဆုံးလက္က်န္ MIG 27 တိုက္ေလယာဥ္မ်ား အနားေပး

Share this post

အိႏၵိယနိုင္ငံ ရာဂ်ာစတန္ျပည္နယ္ ေဂ်ာ့ပါၿမိဳ႕ ေလတပ္အေျခစိုက္စခန္းက MIG 27 တိုက္ေလယာဥ္ေတြဟာ အခုႏွစ္ ဒီဇင္ဘာလမွာ ေနာက္ဆုံး ပ်ံသန္းမႈေတြျပဳလုပ္ၿပီးေနာက္ အနားယူေတာ့မွာျဖစ္ပါတယ္။

အခုသတင္းကို India Today TV က တရား၀င္ေၾကညာခဲ့တာျဖစ္ၿပီး MIG 27 ေလယာဥ္ေတြဟာ ဒီဇင္ဘာ ၂၇ ရက္ေန႕အထိ ေနာက္ဆုံးပ်ံသန္းမႈျပဳလုပ္မွာျဖစ္ပါတယ္။

MIG 27 ေလယာဥ္ေတြဟာ အိႏၵိယေလတပ္မွာ ၁၉၈၁ ခုႏွစ္က စတင္တာ၀န္ထမ္းေဆာင္ခဲ့တာျဖစ္ၿပီး ၃၈ ႏွစ္အၾကာမႈ ၄င္းေလယာဥ္ေတြကို အနားေပးဖို႔ စီစဥ္ခဲ့တာျဖစ္ပါတယ္။

အိႏၵိယေလတပ္ဟာ လြန္ခဲ့တဲ့ ၃ ႏွစ္က MiG 27 ေလယာဥ္အုပ္ ႏွစ္အုပ္ႏွစ္အုပ္ကို တာ၀န္က အနားေပးခဲ့ၿပီးျဖစ္ပါတယ္။ အခုအနားေပးလိုက္တဲ့ MiG 27 ေလယာဥ္အုပ္ဟာ အိႏၵိယေလတပ္မွာ တာ၀န္ထမ္းေဆာင္ေနတဲ့ ေနာက္ဆုံ ေလယာဥ္အုပ္စုျဖစ္ပါတယ္။

လြန္ခဲ့တဲ့ ဆယ္စုႏွစ္အတြင္း MIG 27 ေလယာဥ္ေတြဟာ မေတာ္တဆမႈေတြထဲမွာ မၾကာခဏပါ၀င္ေလ့ရွိတဲ့ ေလယာဥ္ေတြလည္းျဖစ္ပါတယ္။
Ref; india today

[Unicode]
အိန္ဒိယလေတပ်မှ နောက်ဆုံးလက်ကျန် MIG 27 တိုက်လေယာဉ်များ အနားပေး
————————————————-

အိန္ဒိယနိုင်ငံ ရာဂျာစတန်ပြည်နယ် ဂျော့ပါမြို့ လေတပ်အခြေစိုက်စခန်းက MIG 27 တိုက်လေယာဉ်တွေဟာ အခုနှစ် ဒီဇင်ဘာလမှာ နောက်ဆုံး ပျံသန်းမှုတွေပြုလုပ်ပြီးနောက် အနားယူတော့မှာဖြစ်ပါတယ်။

အခုသတင်းကို India Today TV က တရား၀င်ကြေညာခဲ့တာဖြစ်ပြီး MIG 27 လေယာဉ်တွေဟာ ဒီဇင်ဘာ ၂၇ ရက်နေ့အထိ နောက်ဆုံးပျံသန်းမှုပြုလုပ်မှာဖြစ်ပါတယ်။

MIG 27 လေယာဉ်တွေဟာ အိန္ဒိယလေတပ်မှာ ၁၉၈၁ ခုနှစ်က စတင်တာ၀န်ထမ်းဆောင်ခဲ့တာဖြစ်ပြီး ၃၈ နှစ်အကြာမှု ၄င်းလေယာဉ်တွေကို အနားပေးဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။

အိန္ဒိယလေတပ်ဟာ လွန်ခဲ့တဲ့ ၃ နှစ်က MiG 27 လေယာဉ်အုပ် နှစ်အုပ်နှစ်အုပ်ကို တာ၀န်က အနားပေးခဲ့ပြီးဖြစ်ပါတယ်။ အခုအနားပေးလိုက်တဲ့ MiG 27 လေယာဉ်အုပ်ဟာ အိန္ဒိယလေတပ်မှာ တာ၀န်ထမ်းဆောင်နေတဲ့ နောက်ဆုံ လေယာဉ်အုပ်စုဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း MIG 27 လေယာဉ်တွေဟာ မတော်တဆမှုတွေထဲမှာ မကြာခဏပါ၀င်လေ့ရှိတဲ့ လေယာဉ်တွေလည်းဖြစ်ပါတယ်။
Ref; india today

#PeopleMedia #india


Share this post