• Follow Us on

Home ၂၀၁၈ ခုနှစ် ကမ္ဘာ့စစ်လက်နက်ရောင်းချမှု ၅ ရာခိုင်နှုန်းနီးပါး မြင့်တက်


Share this post



အမေရိကန်စစ်လက်နက်ထုတ်လုပ်ရေးကုမ္ပဏီတွေရဲ့ ဈေးကွက်ဟာ ကမ္ဘာ့စစ်လက်နက်ဈေးကွက်ရဲ့ ၅၉ ရာခိုင် နှုန်းရှိခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၄၆ ဘီလီယံ တန်ဖိုးရှိကာ ပြီးခဲ့တဲ့နှစ်ကထက် ၇.၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါ တယ်။





Ref; hindustantimes


(Unicode)
၂၀၁၈ ခုနှစ် ကမ္ဘာ့စစ်လက်နက်ရောင်းချမှု ၅ ရာခိုင်နှုန်းနီးပါး မြင့်တက်
…………………………………………………………

၂၀၁၈ ခုနှစ်မှာ ကမ္ဘာ့စစ်လက်နက်ရောင်းချမှု ၅ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့တယ်လို့ Stockholm International Peace Research Institute က တနင်္လာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

စစ်လက်နက်ထုတ်လုပ်တဲ့ ကုမ္ပဏီကြီး ၁၀၀ ရဲ့ ဈေးကွက်တန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်း ၄၂၀ ထိရှိခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့စစ်အင်အားမြှင့်တင်လိုတဲ့ မူဝါဒက ကမ္ဘာ့စစ်လက်နက်ဈေးကွက်ကို လွှမ်း မိုးမှုရှိခဲ့ပါတယ်။

အမေရိကန်စစ်လက်နက်ထုတ်လုပ်ရေးကုမ္ပဏီတွေရဲ့ ဈေးကွက်ဟာ ကမ္ဘာ့စစ်လက်နက်ဈေးကွက်ရဲ့ ၅၉ ရာခိုင် နှုန်းရှိခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၄၆ ဘီလီယံ တန်ဖိုးရှိကာ ပြီးခဲ့တဲ့နှစ်ကထက် ရ.၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါ တယ်။

ကမ္ဘာ့စစ်လက်နက်ထုတ်လုပ်မှုအဆင့်မှာ ရုရှားက အဆင့် ၂ နေရာမှာ ရပ်တည်နေပြီး ဈေးကွက်ရဲ့ ၈.၆ ရာခိုင် နှုန်းရှိပါတယ်။

အဲဒီနောက်မှာတော့ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတို့က ၈.၄ နဲ့ ၅.၅ ရာခိုင်နှုန်းအသီးသီးရပ်တည်ခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ စစ်လက်နက်ဈေးကွက်ပမာဏကိုတော့ လုံလောက်တဲ့ သတင်းအချက်အလက်မရရှိတဲ့အတွက် မဖော်ပြနိုင်ခဲ့ပါဘူး။

အစီရင်ခံစာရဲ့ ခန့်မှန်းချက်အရ တရုတ်နိုင်ငံ ကမ္ဘာ့စစ်လက်နက်ထုတ်လုပ်တဲ့ကုမ္ပဏီကြီး ၁၀၀ မှာ အဆင့် ၃ က ၇ ကြား ရပ်တည်နိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

Ref; hindustantimes

#PeopleMedia #International


Share this post