• Follow Us on

Home NLD ႏွင့္ USDP ပါတီတုိ႔ အားထည့္ယွဥ္ၿပိဳင္မည့္ ဆိပ္ႀကီးခေနာင္တုိၿမိဳ႕နယ္၌ ေဒါက္တာသက္သက္ခုိင္ ပါတီ႐ုံးဖြင့္လုိက္ၿပီ

NLD ႏွင့္ USDP ပါတီတုိ႔ အားထည့္ယွဥ္ၿပိဳင္မည့္ ဆိပ္ႀကီးခေနာင္တုိၿမိဳ႕နယ္၌ ေဒါက္တာသက္သက္ခုိင္ ပါတီ႐ုံးဖြင့္လုိက္ၿပီ

Share this post

ရန္ကုန္၊ ဇန္နဝါရီ – ၇

NLD ပါတီႏွင့္ USDP ပါတီတုိ႔ အားထည့္ယွဥ္ၿပိဳင္မည့္ ဆိပ္ႀကီးခေနာင္တုိၿမိဳ႕နယ္၌ ေဒါက္တာသက္သက္ခုိင္ ဦးေဆာင္သာ ျပည္သူ႔ေရွ႕ေဆာင္ပါတီက ယေန႔ ပါတီ႐ုံးဖြင့္လုိက္ၿပီျဖစ္ပါတယ္။

ျပည္သူ႔ေရွ႕ေဆာင္ပါတီၿမိဳ႕နယ္႐ုံးကုိ ဆိပ္ႀကီးခေနာင္တုိၿမိဳ႕နယ္ ဆိပ္ႀကီးအေရွ႕ရပ္ကြက္ ဗဟုိလမ္းမွာ ဖြင့္ လွစ္ခဲ့တာျဖစ္ပါတယ္။

ဆိပ္ႀကီးခေနာင္တုိၿမိဳ႕နယ္သည္ ရန္ကုန္ၿမိဳ႕၏ လူဦးေရေနထုိင္မႈနည္းသည့္ ၿမိဳ႕နယ္တစ္ခုျဖစ္ၿပီး NLD ႏွင့္ USDP ပါတီ အင္အားသုံးယွဥ္ၿပိဳင္မည့္ေနရာတစ္ခုျဖစ္ပါတယ္။

အလားတူ ရန္ကုန္ၿမိဳ႕၏ လူဦးေရအနည္းဆုံးၿမိဳ႕နယ္ျဖစ္ေသာ ဆိပ္ကမ္းၿမိဳ႕ကုိ ဖ်က္သိမ္းၿပီး နီးစပ္ရာၿမိဳ႕ အတြင္းသုိ႔ ေပါင္းထည့္ရန္ အစုိးရအဖြဲ႕က စီစဥ္လွ်က္ရွိပါတယ္။

ဆိပ္ကမ္းၿမိဳ႕သည္ USDP ပါတီ၏ အမာခံနယ္ေျမျဖစ္ပါတယ္။

Photo – PPP

#PeopleMedia #ျပည္သူ႔ေရွ႕ေဆာင္ပါတီ #ဆိပ္ႀကီးခေနာင္တုိၿမိဳ႕

(Unicode)
NLD နှင့် USDP ပါတီတို့ အားထည့်ယှဉ်ပြိုင်မည့် ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ဒေါက်တာသက်သက်ခိုင် ပါတီရုံးဖွင့်လိုက်ပြီ
…………………………………………………………

ရန်ကုန်၊ ဇန်နဝါရီ – ၇

NLD ပါတီနှင့် USDP ပါတီတို့ အားထည့်ယှဉ်ပြိုင်မည့် ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ဒေါက်တာသက်သက်ခိုင် ဦးဆောင်သာ ပြည်သူ့ရှေ့ဆောင်ပါတီက ယနေ့ ပါတီရုံးဖွင့်လိုက်ပြီဖြစ်ပါတယ်။

ပြည်သူ့ရှေ့ဆောင်ပါတီမြို့နယ်ရုံးကို ဆိပ်ကြီးခနောင်တိုမြို့နယ် ဆိပ်ကြီးအရှေ့ရပ်ကွက် ဗဟိုလမ်းမှာ ဖွင့် လှစ်ခဲ့တာဖြစ်ပါတယ်။

ဆိပ်ကြီးခနောင်တိုမြို့နယ်သည် ရန်ကုန်မြို့၏ လူဦးရေနေထိုင်မှုနည်းသည့် မြို့နယ်တစ်ခုဖြစ်ပြီး NLD နှင့် USDP ပါတီ အင်အားသုံးယှဉ်ပြိုင်မည့်နေရာတစ်ခုဖြစ်ပါတယ်။

အလားတူ ရန်ကုန်မြို့၏ လူဦးရေအနည်းဆုံးမြို့နယ်ဖြစ်သော ဆိပ်ကမ်းမြို့ကို ဖျက်သိမ်းပြီး နီးစပ်ရာမြို့ အတွင်းသို့ ပေါင်းထည့်ရန် အစိုးရအဖွဲ့က စီစဉ်လျှက်ရှိပါတယ်။

ဆိပ်ကမ်းမြို့သည် USDP ပါတီ၏ အမာခံနယ်မြေဖြစ်ပါတယ်။

Photo – PPP

#PeopleMedia #ပြည်သူ့ရှေ့ဆောင်ပါတီ #ဆိပ်ကြီးခနောင်တိုမြို့


Share this post