• Follow Us on

Home ႏုိင္ငံေတာ္သမၼတဦးဝင္းျမင့္ႏွင့္ တ႐ုတ္သမၼတတုိ႔ ႏွစ္ႏုိင္ငံနယ္စပ္တည္ၿငိမ္ေရးႏွင့္ COVID-19 ကာကြယ္ေရး အတြက္ ေဆြးေႏြး

ႏုိင္ငံေတာ္သမၼတဦးဝင္းျမင့္ႏွင့္ တ႐ုတ္သမၼတတုိ႔ ႏွစ္ႏုိင္ငံနယ္စပ္တည္ၿငိမ္ေရးႏွင့္ COVID-19 ကာကြယ္ေရး အတြက္ ေဆြးေႏြး

Share this post

ရန္ကုန္၊ ေမ – ၂၁

ႏုိင္ငံေတာ္သမၼတဦးဝင္းျမင့္ႏွင့္ တ႐ုတ္သမၼတတုိ႔ ႏွစ္ႏုိင္ငံနယ္စပ္တည္ၿငိမ္ေရးႏွင့္ COVID-19 ကာကြယ္ေရး တုိ႔အတြက္ ႏွစ္ႏုိင္ငံေခါင္းေဆာင္မ်ားသည္ ေမ(၂၁)ရက္ေန႔က ဆက္သြယ္ေျပာဆုိခဲ့ၾကပါတယ္။

ထုိသုိ႔ေဆြးေႏြးရာ၌ COVID-19 ကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ တ႐ုတ္မွ ျမန္မာႏုိင္ငံတုိ႔ တုိးျမွင့္ေထာက္ပံ့မည့္ ကိစၥ၊ နယ္စပ္ေဒသတည္ၿငိမ္ေအးခ်မ္းေရးအတြက္ ႏွစ္ႏုိင္ငံအၾကား ပူးေပါင္းေဆာင္႐ြက္သြားေရးကိစၥ၊ ေဒသ တြင္းႏွင့္ ႏုိင္ငံတကာမ်က္ႏွာစာမ်ားတြင္ ႏွစ္နိုင္ငံဆက္လက္ပူးေပါင္းေဆာင္႐ြက္သြားေရးကိစၥ၊ သမၼတမစၥတာ ရွီက်င့္ဖ်င္၏ ယခုႏွစ္ဦးပိုင္းက လာေရာက္ခဲ့သည့္ ျမန္မာႏုိင္ငံခရီးစဥ္အတြင္း အေကာင္အထည္ေဖာ္ရန္ ေဆြး ေႏြးခဲ့သည့္ ရပ္ဝန္းႏွင့္ ပိုးလမ္းမစီမံကိန္း၊ ျမန္မာ-တ႐ုတ္စီးပြားေရး စၾကၤံေအာက္မွ စီမံကိန္းမ်ားကို အရွိန္ အဟုန္မပ်က္ ဆက္လက္အေကာင္အထည္ေဖာ္သြားေရးစသည္ျဖင့္ ႏွစ္ႏုိင္ငံေခါင္းေဆာင္မ်ား ေဆြးေႏြးခဲ့ၾက ေၾကာင္း ႏုိင္ငံေတာ္သမၼတ႐ုံးႏွင့္ တ႐ုတ္ႏုိင္ငံဆုိင္ရာ ျမန္မာသံ႐ုံးတုိ႔ကလည္း သတင္းထုတ္ျပန္ထားပါတယ္။

အလားတူ တ႐ုတ္သမၼတ ျမန္မာႏုိင္ငံခရီးစဥ္အတြင္း၌ ႏွစ္ႏုိင္ငံနယ္စပ္တည္ၿငိမ္ေရး၊ တ႐ုတ္-ျမန္မာနယ္စပ္၌ လက္နက္ေမွာင္ခုိကိစၥရပ္မ်ားကုိ ႏွစ္ႏုိင္ငံေခါင္းေဆာင္မ်ား ေဆြးေႏြးမႈျပဳလုပ္ထားၿပီးျဖစ္ပါတယ္။

#PeopleMedia #တ႐ုတ္ #ျမန္မာ

(Unicode)
နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် တရုတ်သမ္မတတို့ နှစ်နိုင်ငံနယ်စပ်တည်ငြိမ်ရေးနှင့် COVID-19 ကာကွယ်ရေး အတွက် ဆွေးနွေး
………………………………………………

ရန်ကုန်၊ မေ – ၂၁

နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် တရုတ်သမ္မတတို့ နှစ်နိုင်ငံနယ်စပ်တည်ငြိမ်ရေးနှင့် COVID-19 ကာကွယ်ရေး တို့အတွက် နှစ်နိုင်ငံခေါင်းဆောင်များသည် မေ(၂၁)ရက်နေ့က ဆက်သွယ်ပြောဆိုခဲ့ကြပါတယ်။

ထိုသို့ဆွေးနွေးရာ၌ COVID-19 ကာကွယ်ထိန်းချုပ်ရေးအတွက် တရုတ်မှ မြန်မာနိုင်ငံတို့ တိုးမြှင့်ထောက်ပံ့မည့် ကိစ္စ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စ၊ ဒေသ တွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် နှစ်နိုင်ငံဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စ၊ သမ္မတမစ္စတာ ရှီကျင့်ဖျင်၏ ယခုနှစ်ဦးပိုင်းက လာရောက်ခဲ့သည့် မြန်မာနိုင်ငံခရီးစဉ်အတွင်း အကောင်အထည်ဖော်ရန် ဆွေး နွေးခဲ့သည့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း၊ မြန်မာ-တရုတ်စီးပွားရေး စင်္ကြံအောက်မှ စီမံကိန်းများကို အရှိန် အဟုန်မပျက် ဆက်လက်အကောင်အထည်ဖော်သွားရေးစသည်ဖြင့် နှစ်နိုင်ငံခေါင်းဆောင်များ ဆွေးနွေးခဲ့ကြ ကြောင်း နိုင်ငံတော်သမ္မတရုံးနှင့် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးတို့ကလည်း သတင်းထုတ်ပြန်ထားပါတယ်။

အလားတူ တရုတ်သမ္မတ မြန်မာနိုင်ငံခရီးစဉ်အတွင်း၌ နှစ်နိုင်ငံနယ်စပ်တည်ငြိမ်ရေး၊ တရုတ်-မြန်မာနယ်စပ်၌ လက်နက်မှောင်ခိုကိစ္စရပ်များကို နှစ်နိုင်ငံခေါင်းဆောင်များ ဆွေးနွေးမှုပြုလုပ်ထားပြီးဖြစ်ပါတယ်။

#PeopleMedia #တရုတ် #မြန်မာ


Share this post