• Follow Us on

Home မကၠဆီကို ေထာင္တြင္းတိုက္ခိုက္မႈေၾကာင့္ ရွစ္ဦးေသ၊ ရွစ္ဦးေဆး႐ုံ တင္ရ

မကၠဆီကို ေထာင္တြင္းတိုက္ခိုက္မႈေၾကာင့္ ရွစ္ဦးေသ၊ ရွစ္ဦးေဆး႐ုံ တင္ရ

Share this post

ႏိုင္ငံတကာ၊ ေမ ၂၃

မကၠဆီကိုႏိုင္ငံအလယ္ပိုင္း၊ ဂ်ာလစ္ကိုျပည္နယ္ရွိ အက်ဥ္းေထာင္တစ္ခု၌ အၾကမ္းဖက္တိုက္ခိုက္မႈတစ္ခုျဖစ္ ပြားခဲ့ရာ အက်ဥ္းသားရွစ္ဦးေသဆုံးခဲ့ၿပီး ရွစ္ဦးဒဏ္ရာရရွိခဲ့ျခင္းေၾကာင့္ ေဆး႐ုံတင္ပို႔ခဲ့ရေၾကာင္း ျပည္နယ္ လုံၿခဳံေရးတာဝန္ရွိသူမ်ားက ေျပာၾကားခဲ့သည္။

ပူအန္တီဂရန္ဒီရွိ အက်ဥ္းေထာင္တစ္ခု၌ တိုက္ခိုက္မႈျဖစ္ပြားစဥ္အတြင္း လူသုံးဦးမွာ ေသနတ္ပစ္ခတ္မႈခံရျခင္း ေၾကာင့္ ေသဆုံးခဲ့ၿပီး ေလးဦးမွာ ႐ိုက္ႏွက္ခံရ၍ ေသဆုံးခဲ့ျခင္းျဖစ္ေၾကာင္း ျပည္နယ္အစိုးရေရွ႕ေနဂါရာဒို ေအာ့ တာဗီယိုဆိုလစ္က သတင္းစာရွင္းလင္းပြဲတစ္ခု၌ ေျပာၾကားခဲ့သည္။

ကနဦးတြင္ လူကိုးဦးကို ေဆး႐ုံတင္ခဲ့ရၿပီးေနာက္ ေနာက္ထပ္တစ္ဦး ေသဆုံးခဲ့ေၾကာင္း အာဏာပိုင္မ်ားက ေနာက္ပိုင္းတြင္ အတည္ျပဳခဲ့သည္။ အက်ဥ္းသားမ်ားက အားကစားလႈပ္ရွားမႈတစ္ခုအတြင္ ပါဝင္ေနစဥ္ တိုက္ခိုက္မႈျဖစ္ပြားခဲ့ေၾကာင္းအာဏာပိုင္မ်ားကဆိုသည္။

အက်ဥ္းေထာင္ဝန္ထမ္းမ်ားက အက်ဉ္းေထာင္ကို ထိန္းခ်ဳပ္ႏိုင္ခဲ့သလို ၿခိမ္းေျခာက္ခံခဲ့ရျခင္းမရွိေၾကာင္း၊ အက်ဥ္းသားမ်ားထံမွ ေသနတ္ႏွစ္လက္ႏွင့္ လက္လုပ္ေဖာက္ခြဲေရးဗုံးတစ္လုံးျပန္ရရွိခဲ့ေၾကာင္း တာဝန္ရွိသူမ်ား က ေျပာသည္။

တိုက္ခိုက္မႈတြင္ ပါဝင္မႈေၾကာင့္ လူငါးဦးကို ထိန္းသိမ္းခဲ့သည္။ စုံစမ္းစစ္ေဆးမႈ၏ တစ္စိတ္တစ္ေဒသအျဖစ္ တိုက္ခိုက္မႈတြင္ တာဝန္ရွိသူမ်ား ပါဝင္ျခင္းရွိမရွိ စုံစမ္းစစ္ေဆးမည္ဟု အာဏာပိုင္မ်ားကဆိုသည္။

ကိုးကား -ဂတ္ပ္တူးေဒး

Ref; 8 inmates killed, eight hospitalised in Mexico prison fight

#PeopleMedia

(Unicode)
မက္ကဆီကို ထောင်တွင်းတိုက်ခိုက်မှုကြောင့် ရှစ်ဦးသေ၊ ရှစ်ဦးဆေးရုံ တင်ရ
……………………………………………………

နိုင်ငံတကာ၊ မေ ၂၃

မက္ကဆီကိုနိုင်ငံအလယ်ပိုင်း၊ ဂျာလစ်ကိုပြည်နယ်ရှိ အကျဉ်းထောင်တစ်ခု၌ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုဖြစ် ပွားခဲ့ရာ အကျဉ်းသားရှစ်ဦးသေဆုံးခဲ့ပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့ခြင်းကြောင့် ဆေးရုံတင်ပို့ခဲ့ရကြောင်း ပြည်နယ် လုံခြုံရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။

ပူအန်တီဂရန်ဒီရှိ အကျဉ်းထောင်တစ်ခု၌ တိုက်ခိုက်မှုဖြစ်ပွားစဉ်အတွင်း လူသုံးဦးမှာ သေနတ်ပစ်ခတ်မှုခံရခြင်း ကြောင့် သေဆုံးခဲ့ပြီး လေးဦးမှာ ရိုက်နှက်ခံရ၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်အစိုးရရှေ့နေဂါရာဒို အော့ တာဗီယိုဆိုလစ်က သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။

ကနဦးတွင် လူကိုးဦးကို ဆေးရုံတင်ခဲ့ရပြီးနောက် နောက်ထပ်တစ်ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက နောက်ပိုင်းတွင် အတည်ပြုခဲ့သည်။ အကျဉ်းသားများက အားကစားလှုပ်ရှားမှုတစ်ခုအတွင် ပါဝင်နေစဉ် တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်းအာဏာပိုင်များကဆိုသည်။

အကျဉ်းထောင်ဝန်ထမ်းများက အကျဉ်းထောင်ကို ထိန်းချုပ်နိုင်ခဲ့သလို ခြိမ်းခြောက်ခံခဲ့ရခြင်းမရှိကြောင်း၊ အကျဉ်းသားများထံမှ သေနတ်နှစ်လက်နှင့် လက်လုပ်ဖောက်ခွဲရေးဗုံးတစ်လုံးပြန်ရရှိခဲ့ကြောင်း တာဝန်ရှိသူများ က ပြောသည်။

တိုက်ခိုက်မှုတွင် ပါဝင်မှုကြောင့် လူငါးဦးကို ထိန်းသိမ်းခဲ့သည်။ စုံစမ်းစစ်ဆေးမှု၏ တစ်စိတ်တစ်ဒေသအဖြစ် တိုက်ခိုက်မှုတွင် တာဝန်ရှိသူများ ပါဝင်ခြင်းရှိမရှိ စုံစမ်းစစ်ဆေးမည်ဟု အာဏာပိုင်များကဆိုသည်။

ကိုးကား -ဂတ်ပ်တူးဒေး

Ref; 8 inmates killed, eight hospitalised in Mexico prison fight

#PeopleMedia


Share this post