• Follow Us on

Home ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော်နာယကဦးတီခွန်မြတ် ဖယ်ရှားရေးအဆို မဲခွဲဆုံးဖြတ်ရာ ရှုံးနိမ့်


Share this post

ရန်ကုန်၊ ဇွန် – ၁







(unicode)
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော်နာယကဦးတီခွန်မြတ် ဖယ်ရှားရေးအဆို မဲခွဲဆုံးဖြတ်ရာ ရှုံးနိမ့်
…………………………………………………

ရန်ကုန်၊ ဇွန် – ၁

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော်နာယကဦးတီခွန်မြတ် ဖယ်ရှားရေးအဆို မဲခွဲဆုံးဖြတ်ရာ ရှုံးနိမ့်သွားပါတယ်။

အဆိုအပေါ် မဲခွဲဆုံးဖြတ်ရာ မဲပေးခွင့်ရှိသူ ၃၉၅ ယောက်အနက် ထောက်ခံမဲ(၁၃၂)၊ ကန့်ကွက်မဲ(၂၄၃)၊ ကြားနေမဲ(၅) ရရှိခဲ့ပါ တယ်။

ထို့ကြောင့် ကန့်ကွက်မဲများခြင်းကြောင့် ဦးတီခွန်မြတ်ကို ဖယ်ရှားနိုင်ရေး အဆိုသည် ရှုံးနိမ့်ခဲ့ရတာလည်း ဖြစ်ပါတယ်။

ဦးတီခွန်မြတ်သည် ၂၀၁၀၊ ၂၀၁၅ ခုနှစ်၌ ရွေးကောက်ပွဲ၌ ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့၌ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့သူတစ်ဦးဖြစ်ပါတယ်။

အလားတူ ဦးတီခွန်မြတ်သည် ပြည်ခိုင်ဖြိုးပါတီ၏ ဗဟိုအလုပ်အမှုဆောင်တာဝန်အထိ ထမ်းဆောင်ခဲ့ပြီး ၂၀၁၇ ကာလ၌ ၎င်း၏ မိခင် ပြည်ခိုင်ဖြိုးပါတီမှ နှုတ်ထွက်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

#PeopleMedia #ဦးတီခွန်မြတ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော်နာယကဦးတီခွန်မြတ် တာဝန်မှ ရပ်ဆိုင်းရေးအတွက် စက်ခလုတ်ဖြင့် လွှတ်တော်အဆုံးအဖြတ်ခံယူမှုတိုက်ရိုက်ထုတ်လွှင့်ခြင်း #PeopleMedia #ပြည်သူ့ လွှတ်တော်ကိုယ်ဥက္ကဌ #ပြည်ထောင်စုလွှတ်တော်နာယက


Share this post