• Follow Us on

Home AA အဖြဲ႕မွ ေက်ာက္ေတာ္ၿမိဳ႕နယ္ရွိ ေက်းရြာ ရာအိမ္မွဴး (၅) ဦးကုိ ဖမ္းဆီး

AA အဖြဲ႕မွ ေက်ာက္ေတာ္ၿမိဳ႕နယ္ရွိ ေက်းရြာ ရာအိမ္မွဴး (၅) ဦးကုိ ဖမ္းဆီး

Share this post

ရန္ကုန္၊ ေမ ၂၀

 

ရခုိင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ခေဘာ္ေက်းရြာႏွင့္ မာလာေက်းရြာ၌ တာဝန္ထမ္းေဆာင္လ်က္ရွိသည့္ ရာအိမ္မွဴး (၅) ဦးကုိ ေမ(၁၈)ရက္ ေန႔လယ္ပုိင္း၌ ဖမ္းဆီးသြားခဲ့သည္။

 

ျဖစ္စဥ္မွာ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ခေဘာ္ေက်း႐ြာမွ ရာအိမ္မွဴးတာဝန္ထမ္းေဆာင္သူ ဦးပန္းသာႏွင့္ ဦးေဝသာ ေအာင္ႏွင့္ မာလာေက်း႐ြာမွ ရာအိမ္မွဴးတာဝန္ထမ္းေဆာင္သူ ဦးေမာင္ဟန္သိန္းအပါအဝင္ အမ်ိဳးသား ၈ ဦး၊ အမ်ိဳးသမီး ၄ ဦးတို႔သည္ ေက်ာက္ေတာ္ၿမိဳ႕၌ Covid-19 ေရာဂါကာကြယ္ထိန္းခ်ဳပ္ႏုိင္ေရး ႏုိင္ငံေတာ္က ေထာက္ပံ့ေပးသည့္ ေထာက္ပံ့ပစၥည္းမ်ားယူေဆာင္ရန္ႏွင့္ လိုအပ္ေသာေဈးပစၥည္းမ်ားဝယ္ယူရန္အတြက္ မာလာေက်း႐ြာမွ ေက်ာက္ေတာ္ၿမိဳ႕သို႔ ေမ ၁၈ ရက္ နံနက္ပိုင္းတြင္ ထြက္ခြာလာခဲ့ေၾကာင္း၊ ေက်ာက္ေတာ္ ၿမိဳ႕မေဈးတြင္ ေဈးျဖန႔္ခြဲဝယ္ယူလ်က္ရွိစဥ္ ေန႔လယ္ ၁၂ နာရီခန႔္တြင္ ဦးပန္းသာႏွင့္ ဦးေမာင္သာဝင္း ၂ ဦးတို႔ကို ကစၦပသီရိလမ္းေနရာ၌ အရပ္ဝတ္မ်ားဝတ္ဆင္ထားေသာ AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕ ၁၀ ဦးခန႔္က လည္းေကာင္း၊ ေန႔လယ္ ၁၂ နာရီခြဲခန႔္တြင္ ဦးေမာင္ဟန္သိန္း၊ ဦးေဝသာေအာင္ႏွင့္ ဦးေအာင္ေစာ ၃ ဦးတို႔ကို ေဈး၏ ေျမာက္ဘက္၊ မင္းေစာမြန္လမ္းရွိ ေဆးဆိုင္အနီး၌ AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕ ၁၀ ဦးခန႔္က လည္းေကာင္း အေၾကာင္းမဲ့ဖမ္းဆီးခ်ဳပ္ေႏွာင္၍ ဖမ္းဆီးေခၚေဆာင္သြားေၾကာင္း၊ ဦးေမာင္သိန္းထြန္း ၁ ဦးမွာ ေပ်ာက္ဆုံးလ်က္ရွိသည္။

 

လက္ရွိအခ်ိန္၌ ရခုိင္ျပည္နယ္ေျမာက္ပုိင္း၌ တပ္မေတာ္မွ AA အဖြဲ႕လႈပ္ရွားသည့္ေနရာမ်ားကုိ နယ္ေျမရွင္းလင္း ေရး ေဆာင္ရြက္လ်က္ရွိသည္။

 

#PeopleMedia #AA #တပ္မေတာ္

 

(Unicode)

ရန်ကုန်၊ မေ ၂၀

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ခဘော်ကျေးရွာနှင့် မာလာကျေးရွာ၌ တာဝန်ထမ်းဆောင်လျက်ရှိသည့် ရာအိမ်မှူး (၅) ဦးကို မေ(၁၈)ရက် နေ့လယ်ပိုင်း၌ ဖမ်းဆီးသွားခဲ့သည်။

ဖြစ်စဉ်မှာ ကျောက်တော်မြို့နယ်၊ ခဘော်ကျေးရွာမှ ရာအိမ်မှူးတာဝန်ထမ်းဆောင်သူ ဦးပန်းသာနှင့် ဦးဝေသာ အောင်နှင့် မာလာကျေးရွာမှ ရာအိမ်မှူးတာဝန်ထမ်းဆောင်သူ ဦးမောင်ဟန်သိန်းအပါအဝင် အမျိုးသား ၈ ဦး၊ အမျိုးသမီး ၄ ဦးတို့သည် ကျောက်တော်မြို့၌ Covid-19 ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး နိုင်ငံတော်က ထောက်ပံ့ပေးသည့် ထောက်ပံ့ပစ္စည်းများယူဆောင်ရန်နှင့် လိုအပ်သောဈေးပစ္စည်းများဝယ်ယူရန်အတွက် မာလာကျေးရွာမှ ကျောက်တော်မြို့သို့ မေ ၁၈ ရက် နံနက်ပိုင်းတွင် ထွက်ခွာလာခဲ့ကြောင်း၊ ကျောက်တော် မြို့မဈေးတွင် ဈေးဖြန့်ခွဲဝယ်ယူလျက်ရှိစဉ် နေ့လယ် ၁၂ နာရီခန့်တွင် ဦးပန်းသာနှင့် ဦးမောင်သာဝင်း ၂ ဦးတို့ကို ကစ္ဆပသီရိလမ်းနေရာ၌ အရပ်ဝတ်များဝတ်ဆင်ထားသော AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ ၁၀ ဦးခန့်က လည်းကောင်း၊ နေ့လယ် ၁၂ နာရီခွဲခန့်တွင် ဦးမောင်ဟန်သိန်း၊ ဦးဝေသာအောင်နှင့် ဦးအောင်စော ၃ ဦးတို့ကို ဈေး၏ မြောက်ဘက်၊ မင်းစောမွန်လမ်းရှိ ဆေးဆိုင်အနီး၌ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ ၁၀ ဦးခန့်က လည်းကောင်း အကြောင်းမဲ့ဖမ်းဆီးချုပ်နှောင်၍ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ဦးမောင်သိန်းထွန်း ၁ ဦးမှာ ပျောက်ဆုံးလျက်ရှိသည်။

လက်ရှိအချိန်၌ ရခိုင်ပြည်နယ်မြောက်ပိုင်း၌ တပ်မတော်မှ AA အဖွဲ့လှုပ်ရှားသည့်နေရာများကို နယ်မြေရှင်းလင်း ရေး ဆောင်ရွက်လျက်ရှိသည်။

#PeopleMedia #AA #တပ်မတော်


Share this post