• Follow Us on

Home AUKUS သုံးပွင့်ဆိုင်မဟာမိတ်စာချုပ်ထွက်ပေါ်လာပြီးနောက် နျူကလီးယားလက်နက်ပြိုင်ပွဲအဖြစ် မြောက်ကိုရီး ယား သတိပေး

AUKUS သုံးပွင့်ဆိုင်မဟာမိတ်စာချုပ်ထွက်ပေါ်လာပြီးနောက် နျူကလီးယားလက်နက်ပြိုင်ပွဲအဖြစ် မြောက်ကိုရီး ယား သတိပေး

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၀ (People Media)

 

အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့က နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောများတည်ဆောက်ရန်အတွက် သြစ တေးလျနိုင်ငံအား နည်းပညာများထောက်ပံ့ကူညီသွားရန်သဘောတူလိုက်ပြီးနောက် “နျူကလီးယားလက်နက် ပြိုင်ပွဲ” အတွက် မြောက်ကိုရီးယားနိုင်ငံကသတိပေးလိုက်ပြီး မြောက်ကိုရီးယားနိုင်ငံလုံခြုံရေးအတွက် ထိခိုက် လာမည့် မည်သည့်ဆိုးကျိုးကိုမဆို ပြန်လည်ရင်ဆိုင်တုံ့ပြန်သွားမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

 

“ဒီဆောင်ရွက်ချက်တွေဟာ အင်ဒို-ပစိဖိတ်ဒေသတွင်းမှာ မဟာဗျူဟာမြောက်အင်အားချိန်ခွင်လျှာကို က မောက်ကမဖြစ်စေတဲ့ မလိုလားအပ်သော၊ အန္တရာယ်ရှိတဲ့ ပြုမူဆောင်ရွက်ချက်တွေပါ။ ပြီးတော့ နျူကလီးယား လက်နက်ပြိုင်ပွဲကို အစပျိုးပေးလိုက်တာလည်းဖြစ်ပါတယ်။” ဟု မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး၏စကား ကိုကိုးကား၍ မြောက်ကိုရီးယား ဗဟိုသတင်းဌာနက ထုတ်ပြန်ခဲ့သည်။

 

အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့က သြစတေးလျကို နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောများတည်ဆောက် ရာတွင် အကူအညီပေးမည်ဖြစ်ကြောင်းကြေညာချက်ကို လွန်ခဲ့သည့်သီတင်းပတ်က တရုတ်နိုင်ငံက “လက် နက်ပြိုင်ပွဲ” တစ်ခုအဖြစ် ရည်ညွှန်း၍ ပြစ်တင်ရှုတ်ချလိုက်ပြီးနောက် မြောက်ကိုရီးယားပြောဆိုမှုထွက်ပေါ်လာခဲ့ ခြင်းဖြစ်သည်။

 

သြစတေးလျနိုင်ငံက အမေရိကန်၏ နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောနည်းပညာများကို လက်ခံလိုက်ပြီး ပြင်သစ်နိုင်ငံနှင့် ချုပ်ဆိုထားသည့် ဒေါ်လာဘီလျံချီသည့် သမရိုးကျရေငုပ်သင်္ဘောဝယ်ယူရေးစာချုပ်ကို ပယ် ဖျက်လိုက်ရာ ပြင်သစ်နိုင်ငံကဒေါသထွက်နေသဖြင့် ပြင်သစ်နိုင်ငံ၏ဒေါသများပြေလျှော့စေရန် အမေရိကန်က ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

 

“မဟာမိတ်သဘောတူစာချုပ်သည် အင်ဒို-ပစိဖိတ်ဒေသတွင်း လုံခြုံရေးကို မြှင့်တင်နိုင်လိမ့်မည်ဖြစ်ကြောင်း၊ ထို ကဲ့သို့မြင့်တင်မှုသည် မည်သည့်နိုင်ငံမဆို နျူကလီးယားနည်းပညာများကို ၎င်းတို့အကျိုးအတွက်ဖြန့်ဝေနိုင်သည် အထိ အကျိုးသက်ရောက်မှုရှိကြောင်း” အမေရိကန်သမ္မတအိမ်ဖြူတော်က အကြောင်းပြထုတ်ပြန်ခဲ့ကြောင်း အ မည်မဖော်လိုသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးကပြောသည်။ အမေရိကန်အစိုးရအနေ ဖြင့် နိုင်ငံတကာနျူကလီးယားမပြန့်ပွားရေးစည်းမျဉ်းကို ချိုးဖောက်ခြင်းဖြစ်ကြောင်းစွပ်စွဲပြောဆိုလိုက်သည်။

 

မြောက်ကိုရီးယားနိုင်ငံသည် ၂၀၀၃ ခုနှစ်တွင် နျူကလီးယားမပြန့်ပွားရေးစာချုပ်မှ နုတ်ထွက်ခဲ့ပြီး ယင်းအချိန်က တည်းက နျူကလီးယားလက်နက်များတပ်ဆင်ခဲ့ပြီး နျူကလီးယားထိပ်ဖူးသယ်ဆောင်နိုင်သော ဒုံးကျည်များ ထုတ်လုပ်ခဲ့သည်။

 

Ref: North Korea Warns of ‘Nuclear Arms Race’ After AUKUS Subs Deal

 

#PeopleMedia

 

(unicode)


……………………………………………………………………

 


 


 


 


 


 


 


 

Ref: North Korea Warns of ‘Nuclear Arms Race’ After AUKUS Subs Deal

 

#PeopleMedia


Share this post