• Follow Us on

Home COVID 19 ကပ္ေရာဂါအား အေပၚတစ္၀က္ ေအာက္တစ္၀က္ျမဳ ပ္ေနေသာ ေရခဲတုံးႀကီးႏွင့္ က်န္းမာေရး၀န္ႀကီး ခိုင္းႏႈိ င္းေျပာဆို

COVID 19 ကပ္ေရာဂါအား အေပၚတစ္၀က္ ေအာက္တစ္၀က္ျမဳ ပ္ေနေသာ ေရခဲတုံးႀကီးႏွင့္ က်န္းမာေရး၀န္ႀကီး ခိုင္းႏႈိ င္းေျပာဆို

Share this post

ရန္ကုန္၊ ၾသဂုတ္ ၁၄

COVID 19 ကပ္ေရာဂါအား အေပၚတစ္၀က္ ေအာက္တစ္၀က္ျမဳပ္ေနေသာ ေရခဲတုံးႀကီးႏွင့္ ခိုင္းႏႈိင္းကာ က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာျမင့္ေထြးကေျပာသည္။

ေနျပည္ေတာ္တြင္ ျသဂုတ္လ ၁၃ရက္ က်င္းပသည့္covid 19ႏွင့္ပတ္သက္သည့္အစည္းအေဝးတြင္ က်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာျမင့္ေထြးကေျပာၾကားခဲ့သည္။

“ကြၽန္ေတာ္တို႔ႏိုင္ငံမွာ လက္ရွိအခ်ိန္ထိေရာဂါျဖစ္ပြားသူ ၃၀၀ေက်ာ္ထဲမွာ ၆၁ရာခိုင္ႏႈန္းကေရာဂါလကၡဏာျပသျခင္းမရွိပါဘူး။လူနာမ်ားရဲ႕ ၅၅ရာခိုင္ႏႈန္း ျပည္ပႏိုင္ငံမ်ားကကူးစက္၀င္ေရာက္လာတာျဖစ္ပါတယ္။ လက္ရွိအခ်ိန္ covid 19ေရာဂါလူနာမ်ားထဲမွာ အထူးၾကပ္မတ္ကုသခံခဲ့ရတာ လူ၂၀ရွိပါတယ္။ အသက္ရႈစက္အသုံးျပဳခဲ့ရသူ ၅ဦးသာရွိတာကိုေတြ႕ရွိရပါတယ္။ ေရခဲတုံးႀကီး တစ္ခုေရထဲမွာေပၚေနတဲ့အပိုင္းနဲ႔ ေရေအာက္မွာနစ္ျမဳပ္ေပ်ာက္ကြယ္ေနတဲ့အပိုင္းရွိေနသလိုပဲ covid 19 ေရာဂါပိုးရွိေသာ္လည္းပဲ ေရာဂါလကၡဏာမျပသူမ်ားနဲ႔ ေရာဂါလကၡဏာမျပင္းထန္သူမ်ားလည္း ငုပ္လ်ိဴးကြယ္ေပ်ာက္ေနႏိုင္တာမို႔လို႔ ဒါကိုအထူးၾကပ္မတ္ သတိျပဳရပါမယ္’’ဟု ၎ကေျပာသည္။

၂၀၁၉ခုႏွစ္ တ႐ုတ္ႏိုင္ ဝူဟန္ၿမိဳ႕မွ စတင္ကူးစက္ကာ ျပန္႔ပြားခဲ့ေသာ ကို႐ိုနာဗိုင္းရပ္စ္ပိုးေၾကာင့္ျဖစ္ပြားသည့္ ျပင္းထန္အဆုတ္ေရာင္ေရာဂါသည္ ႏိုင္ငံေပါင္းရာႏွင့္ခ်ီ ကူးစက္ကာ လူေသဆုံးမႈျမင့္မားခဲ့သည္။

ျမန္မာႏိုင္ငံတြင္ ျသဂုတ္လ ၁၄ရက္ေန႔မနက္ပိုင္းအထိ covid 19 ေရာဂါ ဓါတ္ခြဲအတည္ျပဳလူနာ ၃၆၉ဦး၊ ေရာဂါပိုးျပန္လည္ကင္းစင္လာသူ ၃၂၁ ဦး၊ ေသဆုံးလူနာ ၆ဦးရွိၿပီ ျဖစ္ေၾကာင္း က်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာနမွသိရသည္။

#PeopleMedia

(unicode)
COVID 19 ကပ်ရောဂါအား အပေါ်တစ်ဝက် အောက်တစ်ဝက်မြု ပ်နေသော ရေခဲတုံးကြီးနှင့် ကျန်းမာရေးဝန်ကြီး ခိုင်းနှို င်းပြောဆို
……………………………………………………

ရန်ကုန်၊ ဩဂုတ် ၁၄

COVID 19 ကပ်ရောဂါအား အပေါ်တစ်ဝက် အောက်တစ်ဝက်မြုပ်နေသော ရေခဲတုံးကြီးနှင့် ခိုင်းနှိုင်းကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကပြောသည်။

နေပြည်တော်တွင် သြဂုတ်လ ၁၃ရက် ကျင်းပသည့်covid 19နှင့်ပတ်သက်သည့်အစည်းအဝေးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကပြောကြားခဲ့သည်။

“ကျွန်တော်တို့နိုင်ငံမှာ လက်ရှိအချိန်ထိရောဂါဖြစ်ပွားသူ ၃၀၀ကျော်ထဲမှာ ၆၁ရာခိုင်နှုန်းကရောဂါလက္ခဏာပြသခြင်းမရှိပါဘူး။လူနာများရဲ့ ၅၅ရာခိုင်နှုန်း ပြည်ပနိုင်ငံများကကူးစက်ဝင်ရောက်လာတာဖြစ်ပါတယ်။ လက်ရှိအချိန် covid 19ရောဂါလူနာများထဲမှာ အထူးကြပ်မတ်ကုသခံခဲ့ရတာ လူ၂၀ရှိပါတယ်။ အသက်ရှုစက်အသုံးပြုခဲ့ရသူ ၅ဦးသာရှိတာကိုတွေ့ရှိရပါတယ်။ ရေခဲတုံးကြီး တစ်ခုရေထဲမှာပေါ်နေတဲ့အပိုင်းနဲ့ ရေအောက်မှာနစ်မြုပ်ပျောက်ကွယ်နေတဲ့အပိုင်းရှိနေသလိုပဲ covid 19 ရောဂါပိုးရှိသော်လည်းပဲ ရောဂါလက္ခဏာမပြသူများနဲ့ ရောဂါလက္ခဏာမပြင်းထန်သူများလည်း ငုပ်လျိူးကွယ်ပျောက်နေနိုင်တာမို့လို့ ဒါကိုအထူးကြပ်မတ် သတိပြုရပါမယ်’’ဟု ၎င်းကပြောသည်။

၂၀၁၉ခုနှစ် တရုတ်နိုင် ဝူဟန်မြို့မှ စတင်ကူးစက်ကာ ပြန့်ပွားခဲ့သော ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားသည့် ပြင်းထန်အဆုတ်ရောင်ရောဂါသည် နိုင်ငံပေါင်းရာနှင့်ချီ ကူးစက်ကာ လူသေဆုံးမှုမြင့်မားခဲ့သည်။

မြန်မာနိုင်ငံတွင် သြဂုတ်လ ၁၄ရက်နေ့မနက်ပိုင်းအထိ covid 19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ ၃၆၉ဦး၊ ရောဂါပိုးပြန်လည်ကင်းစင်လာသူ ၃၂၁ ဦး၊ သေဆုံးလူနာ ၆ဦးရှိပြီ ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှသိရသည်။

#PeopleMedia


Share this post