• Follow Us on

Home COVID-19 ကာလ ထိုင္းႏိုင္ငံသို႔ ျမန္မာႏိုင္ငံမွ ငါးမ်ား ေအာက္ေစ်းျဖင့္ တစ္ေန႔လွ်င္ တစ္သန္းဖိုးပါသြားဟုဆို

COVID-19 ကာလ ထိုင္းႏိုင္ငံသို႔ ျမန္မာႏိုင္ငံမွ ငါးမ်ား ေအာက္ေစ်းျဖင့္ တစ္ေန႔လွ်င္ တစ္သန္းဖိုးပါသြားဟုဆို

Share this post

COVID-19 ကာလ ထိုင္းႏိုင္ငံသို႔ ျမန္မာႏိုင္ငံမွ ငါးမ်ားေအာက္ေစ်းျဖင့္ တစ္ေန႔လွ်င္တစ္သန္းဖိုးပါသြားေၾကာင္း ျမန္မာႏိုင္ငံငါးလုပ္ငန္းမွ အႀကီးတန္းဒုတိယဥကၠ႒ ေဒါက္တာတိုးနႏၵာတင္ကေျပာၾကားခဲ့သည္။

ဇူလိုင္ ၁၁ ရက္ စိုက္ပ်ိဳးေမြးျမဴေရးက႑ျပန္နာလန္ထႏိုင္မလားေခါင္းစဥ္ျဖင့္ dvb ဒီဘိတ္အစီအစဥ္တြင္ ေဆြး ေႏြးရာတြင္ ျမန္မာႏိုင္ငံငါးလုပ္ငန္းမွ အႀကီးတန္းဒုတိယဥကၠ႒ ေဒါက္တာတိုးနႏၵာတင္ကေျပာၾကားခဲ့သည္။

“ကြ်န္မတို႔ ငါးတင္ပို႔မႈမွာ သန္းတစ္ရာေက်ာ္ပိုလာတယ္။ ကိုဗစ္ကာလမွာေပါ့။ ကြ်န္မတို႔ ျပန္တြက္ၾကည့္လိုက္တဲ့ အခါၾကေတာ့ ကိုဗစ္ျဖစ္တဲ့ကာလမွာရွိတဲ့ပစၥည္းအကုန္ထုတ္ေရာင္းေနတာ။ ေနာက္တစ္ခုက ထိုင္းကို ငါးကုန္ ၾကမ္းေတြအမ်ားႀကီးသြားပါတယ္။ တစ္ေန႔ တစ္သန္းဖိုးေလာက္သြားပါတယ္။ ထိုင္းေဘာ္ဒါကေန။ အဲဒီမွာ အရမ္းနစ္နာပါတယ္။ ဘာလို႔လဲဆိုေတာ့ထိုင္းသည္ ကြ်န္မတို႔ကို ေအာက္ေစ်းနဲ႔ယူတာ။ အဲဒီေတာ့ ကြ်န္မတို႔ရဲ႕ ကိုဗစ္အက်ိဳးဆက္မွာ ျပည္ပကိုတင္ပို႔တာမွာလည္း ကြ်န္မတို႔မကိုက္ဘူး။ ျပည္တြင္းေစ်းမွာလည္း မကိုက္ဘူး ဆိုတဲ့ ဒီငါးသမားေတြရဲ႕ခံစားေနရတဲ့ဟာသည္ေတာ္ေတာ္ေလးကိုျပင္းထန္တယ္လို႔ ကြ်န္မတို႔ျမင္တယ္”ဟု ၎ကေျပာသည္။

ျမန္မာႏိုင္ငံမွ ျပည္ပသို႔ငါးတင္ပို႔ေရာင္းခ်မႈတြင္အမ်ားဆုံးငါးမွာ ငါးျမစ္ခ်င္းျဖစ္ၿပီး ေရထြက္ကုန္ပစၥည္းတင္ပို႔ ေရာင္းခ်မႈပမာဏ အေမရိကန္ေဒၚလာသန္း ၇၀၀ ရွိေသာ္လည္း အိမ္နီးခ်င္းႏိုင္ငံမ်ားထက္ ေစ်းရရွိမႈနည္းပါးေန ေၾကာင္းသိရသည္။

လက္ရွိ COVID-19 ကာလအတြင္း ျမန္မာႏိုင္ငံမွ ငါးတင္ပို႔မႈက႑တြင္ သန္းတစ္ရာေက်ာ္ပိုလာေၾကာင္း ျမန္မာႏိုင္ငံငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္ထံမွသိရသည္။

#PeopleMedia

(unicode)
COVID-19 ကာလ ထိုင်းနိုင်ငံသို့ မြန်မာနိုင်ငံမှ ငါးများ အောက်ဈေးဖြင့် တစ်နေ့လျှင် တစ်သန်းဖိုးပါသွားဟုဆို
………………………………………………………

COVID-19 ကာလ ထိုင်းနိုင်ငံသို့ မြန်မာနိုင်ငံမှ ငါးများအောက်ဈေးဖြင့် တစ်နေ့လျှင်တစ်သန်းဖိုးပါသွားကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းမှ အကြီးတန်းဒုတိယဥက္ကဋ္ဌ ဒေါက်တာတိုးနန္ဒာတင်ကပြောကြားခဲ့သည်။

ဇူလိုင် ၁၁ ရက် စိုက်ပျိုးမွေးမြူရေးကဏ္ဍပြန်နာလန်ထနိုင်မလားခေါင်းစဉ်ဖြင့် dvb ဒီဘိတ်အစီအစဉ်တွင် ဆွေး နွေးရာတွင် မြန်မာနိုင်ငံငါးလုပ်ငန်းမှ အကြီးတန်းဒုတိယဥက္ကဋ္ဌ ဒေါက်တာတိုးနန္ဒာတင်ကပြောကြားခဲ့သည်။

“ကျွန်မတို့ ငါးတင်ပို့မှုမှာ သန်းတစ်ရာကျော်ပိုလာတယ်။ ကိုဗစ်ကာလမှာပေါ့။ ကျွန်မတို့ ပြန်တွက်ကြည့်လိုက်တဲ့ အခါကြတော့ ကိုဗစ်ဖြစ်တဲ့ကာလမှာရှိတဲ့ပစ္စည်းအကုန်ထုတ်ရောင်းနေတာ။ နောက်တစ်ခုက ထိုင်းကို ငါးကုန် ကြမ်းတွေအများကြီးသွားပါတယ်။ တစ်နေ့ တစ်သန်းဖိုးလောက်သွားပါတယ်။ ထိုင်းဘော်ဒါကနေ။ အဲဒီမှာ အရမ်းနစ်နာပါတယ်။ ဘာလို့လဲဆိုတော့ထိုင်းသည် ကျွန်မတို့ကို အောက်ဈေးနဲ့ယူတာ။ အဲဒီတော့ ကျွန်မတို့ရဲ့ ကိုဗစ်အကျိုးဆက်မှာ ပြည်ပကိုတင်ပို့တာမှာလည်း ကျွန်မတို့မကိုက်ဘူး။ ပြည်တွင်းဈေးမှာလည်း မကိုက်ဘူး ဆိုတဲ့ ဒီငါးသမားတွေရဲ့ခံစားနေရတဲ့ဟာသည်တော်တော်လေးကိုပြင်းထန်တယ်လို့ ကျွန်မတို့မြင်တယ်”ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ငါးတင်ပို့ရောင်းချမှုတွင်အများဆုံးငါးမှာ ငါးမြစ်ချင်းဖြစ်ပြီး ရေထွက်ကုန်ပစ္စည်းတင်ပို့ ရောင်းချမှုပမာဏ အမေရိကန်ဒေါ်လာသန်း ၇၀၀ ရှိသော်လည်း အိမ်နီးချင်းနိုင်ငံများထက် ဈေးရရှိမှုနည်းပါးနေ ကြောင်းသိရသည်။

လက်ရှိ COVID-19 ကာလအတွင်း မြန်မာနိုင်ငံမှ ငါးတင်ပို့မှုကဏ္ဍတွင် သန်းတစ်ရာကျော်ပိုလာကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှသိရသည်။

#PeopleMedia


Share this post