• Follow Us on

Home COVID-19 ကာလ ရဟန္းသာမေဏ၊ သီလရွင္မ်ားအေနျဖင့္ ဇာတိရပ္ရြာမ်ားသို႔ ေရာဂါကင္းရွင္းေၾကာင္း ေထာက္ခံခ်က္မ်ားရရွိၿပီးမွသာ ျပန္လည္ႂကြေရာက္ရမည္

COVID-19 ကာလ ရဟန္းသာမေဏ၊ သီလရွင္မ်ားအေနျဖင့္ ဇာတိရပ္ရြာမ်ားသို႔ ေရာဂါကင္းရွင္းေၾကာင္း ေထာက္ခံခ်က္မ်ားရရွိၿပီးမွသာ ျပန္လည္ႂကြေရာက္ရမည္

Share this post

ရန္ကုန္၊ ေအာက္တိုဘာ ၂၉
COVID-19 ကာလတြင္ ရဟန္းသာမေဏ၊ သီလရွင္မ်ားအေနျဖင့္ ဇာတိရပ္ရြာမ်ားသို႔ ျပန္လည္ႂကြေရာက္ရာ၌ ေရာဂါကင္းရွင္းေၾကာင္း ေထာက္ခံခ်က္မ်ားရရွိၿပီးမွသာ ျပန္လည္ႂကြေရာက္ရမည္ျဖစ္ေၾကာင္း သာသနာေရး ႏွင့္ ယဥ္ေက်းမႈ၀န္ႀကီးဌာနမွ ထုတ္ျပန္ထားလိုက္သည္။
အဆိုပါထုတ္ျပန္ခ်က္တြင္ COVID-19 ကာလတြင္ သက္ဆိုင္ရာစာသင္တိုက္မ်ား၊ ဘုန္းေတာ္ႀကီးေက်ာင္းမ်ား၊ ကမၼ႒ာန္းရိပ္သာမ်ား၊ သီလရွင္ေက်ာင္းမ်ားမွ ရဟန္းသာမေဏ၊ သီလရွင္မ်ား သက္ဆိုင္ရာ ဇာတိရပ္ရြာမ်ားသို႔ ျပန္လည္ႂကြေရာက္ရာ၌သက္ဆိုင္ရာၿမိဳ႕နယ္အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာန၏ ေထာက္ခံခ်က္၊ ၿမိဳ႕နယ္က်န္းမာေရးဦးစီးဌာန၏ COVID-19 ေရာဂါကင္းရွင္းေၾကာင္း ေထာက္ခံခ်က္မ်ားရရွိၿပီးမွသာ ျပန္လည္ႂကြေရာက္ရမည္ျဖစ္ေၾကာင္း ေအာက္တိုဘာလ ၂၈ ရက္ေန႔စြဲျဖင့္ ေဖာ္ျပပါရွိသည္။
“ဦးဇင္းတို႔ေဆးကုသမႈခံယူတဲ့ေဆး႐ံုေတြဆီကေနၿပီးေတာ့ ဦးဇင္းတို႔က်န္းမာေရးေထာက္ခံခ်က္ယူလိုက္တယ္။ ၿပီးေတာ့တိုင္းသာသနာေရးကေန ေထာက္ခံခ်က္ယူလိုက္တယ္။ အခုရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးေထာက္ခံစာက ေတာ့ မရေသးဘူး၊ လုပ္တုန္းပဲရွိေသးတယ္။ ေထာက္ခံစာကေတာ့ အစိုးရနဲ႔ပတ္သက္တဲ့ေထာက္ခံစာကေတာ့ အဲဒီသံုးခုေပါ့။ အဲဒီသံုးခုအဆင္ေျပရင္ အဆင္ေျပၿပီလို႔ေတာ့ သိရတယ္။ က်န္တာေတြကေတာ့ ဦးဇင္းတို႔ စီစဥ္ တုန္းပဲရွိေသးတယ္။ ဦးဇင္းတို႔ ေက်ာင္းကေတာ့ နယ္ေတြျပန္မယ့္ သံဃာေတြကို ျပန္မယ့္နယ္ေတြကို စုေပါင္း ၿပီး ေက်ာင္းကလိုက္ပို႔ဖို႔ စီစဥ္ထားတာ။ ဘယ္ေလာက္ျပန္မယ္ဆိုတာကေတာ့ အခုမွစီစဥ္တုန္းရွိပါေသးတယ္” ဟု အင္းစိန္ရြာမပရိယတၱိစာသင္တိုက္မွ အရွင္ပညာသာရမွ မိန္႔ၾကားသည္။
အလားတူ အင္းစိန္ရြာမပရိယတၱိစာသင္တိုက္မွ အခက္အခဲအခ်ဳိ႕ရွိေနသည့္အတြက္ သီတင္းကၽြတ္ေက်ာင္း ပိတ္ရက္ သီတင္းကၽြတ္လဆန္း ၁၃ ရက္ေန႔မွစ၍ သီတင္းကၽြတ္လျပည့္ေက်ာ္ ၈ ရက္အတြင္း မိမိတို႔ဆႏၵ အရျပန္ သြားႏိုင္ေၾကာင္း ခြင့္ျပဳေၾကာင္းႏွင့္ ျပန္သြားမည့္ပုဂၢိဳလ္မ်ားအတြင္ သက္ဆိုင္ရာေဒသတာ၀န္ရွိသူ မ်ားႏွင့္ အဆင္ေျပေစရန္ ေက်ာင္းတိုက္မွကူညီေပးမည္ျဖစ္ၿပီး အနီးဆံုးၿမိဳ႕၊ ရြာမ်ားအထိ ကားမ်ားျဖင့္ ေက်ာင္းတိုက္မွ လိုက္ပါပို႔ေဆာင္ေပးမည္ျဖစ္ေၾကာင္းကို ေအာက္တိုဘာလ ၂၆ ရက္ေန႔စြဲျဖင့္ ထုတ္ျပန္ေၾက ညာခဲ့သည္။
#PeopleMedia
(unicode)
COVID-19 ကာလ ရဟန်းသာမဏေ၊ သီလရှင်များအနေဖြင့် ဇာတိရပ်ရွာများသို့ ရောဂါကင်းရှင်းကြောင်း ထောက်ခံချက်များရရှိပြီးမှသာ ပြန်လည်ကြွရောက်ရမည်
…………………………………………………………
ရန်ကုန်၊ အောက်တိုဘာ ၂၉
COVID-19 ကာလတွင် ရဟန်းသာမဏေ၊ သီလရှင်များအနေဖြင့် ဇာတိရပ်ရွာများသို့ ပြန်လည်ကြွရောက်ရာ၌ ရောဂါကင်းရှင်းကြောင်း ထောက်ခံချက်များရရှိပြီးမှသာ ပြန်လည်ကြွရောက်ရမည်ဖြစ်ကြောင်း သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထုတ်ပြန်ထားလိုက်သည်။
အဆိုပါထုတ်ပြန်ချက်တွင် COVID-19 ကာလတွင် သက်ဆိုင်ရာစာသင်တိုက်များ၊ ဘုန်းတော်ကြီးကျောင်းများ၊ ကမ္မဋ္ဌာန်းရိပ်သာများ၊ သီလရှင်ကျောင်းများမှ ရဟန်းသာမဏေ၊ သီလရှင်များ သက်ဆိုင်ရာ ဇာတိရပ်ရွာများသို့ ပြန်လည်ကြွရောက်ရာ၌သက်ဆိုင်ရာမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ထောက်ခံချက်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ COVID-19 ရောဂါကင်းရှင်းကြောင်း ထောက်ခံချက်များရရှိပြီးမှသာ ပြန်လည်ကြွရောက်ရမည်ဖြစ်ကြောင်း အောက်တိုဘာလ ၂၈ ရက်နေ့စွဲဖြင့် ဖော်ပြပါရှိသည်။
“ဦးဇင်းတို့ဆေးကုသမှုခံယူတဲ့ဆေးရုံတွေဆီကနေပြီးတော့ ဦးဇင်းတို့ကျန်းမာရေးထောက်ခံချက်ယူလိုက်တယ်။ ပြီးတော့တိုင်းသာသနာရေးကနေ ထောက်ခံချက်ယူလိုက်တယ်။ အခုရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံစာက တော့ မရသေးဘူး၊ လုပ်တုန်းပဲရှိသေးတယ်။ ထောက်ခံစာကတော့ အစိုးရနဲ့ပတ်သက်တဲ့ထောက်ခံစာကတော့ အဲဒီသုံးခုပေါ့။ အဲဒီသုံးခုအဆင်ပြေရင် အဆင်ပြေပြီလို့တော့ သိရတယ်။ ကျန်တာတွေကတော့ ဦးဇင်းတို့ စီစဉ် တုန်းပဲရှိသေးတယ်။ ဦးဇင်းတို့ ကျောင်းကတော့ နယ်တွေပြန်မယ့် သံဃာတွေကို ပြန်မယ့်နယ်တွေကို စုပေါင်း ပြီး ကျောင်းကလိုက်ပို့ဖို့ စီစဉ်ထားတာ။ ဘယ်လောက်ပြန်မယ်ဆိုတာကတော့ အခုမှစီစဉ်တုန်းရှိပါသေးတယ်” ဟု အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်မှ အရှင်ပညာသာရမှ မိန့်ကြားသည်။
အလားတူ အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်မှ အခက်အခဲအချို့ရှိနေသည့်အတွက် သီတင်းကျွတ်ကျောင်း ပိတ်ရက် သီတင်းကျွတ်လဆန်း ၁၃ ရက်နေ့မှစ၍ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်အတွင်း မိမိတို့ဆန္ဒ အရပြန် သွားနိုင်ကြောင်း ခွင့်ပြုကြောင်းနှင့် ပြန်သွားမည့်ပုဂ္ဂိုလ်များအတွင် သက်ဆိုင်ရာဒေသတာဝန်ရှိသူ များနှင့် အဆင်ပြေစေရန် ကျောင်းတိုက်မှကူညီပေးမည်ဖြစ်ပြီး အနီးဆုံးမြို့၊ ရွာများအထိ ကားများဖြင့် ကျောင်းတိုက်မှ လိုက်ပါပို့ဆောင်ပေးမည်ဖြစ်ကြောင်းကို အောက်တိုဘာလ ၂၆ ရက်နေ့စွဲဖြင့် ထုတ်ပြန်ကြေ ညာခဲ့သည်။
#PeopleMedia


Share this post