• Follow Us on

Home COVID-19 ေရာဂါျဖင့္ ဒုဗိုလ္မွဴးႀကီး(ၿငိမ္း) ေဒၚခင္ေအးျမင့္ဦး ကြယ္လြန္

COVID-19 ေရာဂါျဖင့္ ဒုဗိုလ္မွဴးႀကီး(ၿငိမ္း) ေဒၚခင္ေအးျမင့္ဦး ကြယ္လြန္

Share this post

ရန္ကုန္၊ စက္တင္ဘာ – ၁၈

COVID-19 ေရာဂါျဖင့္ ဒုဗိုလ္မွဴးႀကီး(ၿငိမ္း)ေဒၚခင္ေအးျမင့္ဦးသည္ အသက္ ၆၅ ႏွစ္အရြယ္ရွိၿပီး စက္တင္ဘာ ၁၇ ရက္ ညပိုင္းတြင္ ကြယ္လြန္ခဲ့ေၾကာင္း တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးမွ ထုတ္ျပန္ထားသည္။

အဆိုပါကြယ္လြန္သူ နား၊ႏွာေခါင္း၊လည္ေခ်ာင္း အထူးကုပါရဂူ ဒုတိယဗိုလ္မွဴးႀကီး ေဒၚခင္ေအးျမင့္ဦး (ၿငိမ္း)သည္ စက္တင္ဘာလ ၃ ရက္တြင္ အမွတ္ (၇၀) ေျမနီကုန္းေစ်းလမ္း၊ စမ္းေခ်ာင္းၿမိဳ႕ ေနအိမ္၌ ေနမေကာင္းျဖစ္ရာမွ အမွတ္(၁)တပ္မေတာ္ေဆး႐ုံႀကီး (ကုတင္-၁၀၀၀) သို႔ တက္ေရာက္စစ္ေဆးခဲ့ရာ COVID-19 ေရာဂါပိုးေတြ႕ရွိသျဖင့္ တပ္မေတာ္အသည္းေရာဂါကု ေဆး႐ုံႀကီး (မဂၤလာဒုံ)သို႔ လႊဲေျပာင္း ကုသမႈခံယူခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ပါရွိသည္။

ဆက္လက္ၿပီး ၎မွာဆီးခ်ိဳေရာဂါအခံရွိၿပီး စက္တင္ဘာလ ၁၇ ရက္ ညေနပိုင္းတြင္ အသက္႐ွဴ လမ္း ေၾကာင္းဆိုင္ရာ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ၊ ျပင္းထန္အဆုတ္ေရာင္ေရာဂါေၾကာင့္ ႐ုတ္တရက္ အသက္႐ွဴ လမ္းေၾကာင္း ပ်က္စီးျခင္းေရာဂါ၊ ဆီးခ်ိဳေရာဂါႏွင့္ ေသြးတိုးေရာဂါမ်ားျဖင့္ ေဆး႐ုံ၌ပင္ ကြယ္လြန္ခဲ့ျခင္းျဖစ္ၿပီး ေဆး႐ုံအတူတူတက္ေရာက္ေနေသာ သမီးျဖစ္သူမွာ က်န္းမာေရးေကာင္းမြန္လ်က္ရွိသည္ဟုဆိုသည္။

ထို႔အျပင္ ပါရဂူႀကီး ဒုတိယဗိုလ္မွဴးႀကီး ေဒၚခင္ေအးျမင့္ဦး(ၿငိမ္း)သည္ အမွတ္(၁) တပ္မေတာ္ေဆး႐ုံႀကီး (ကုတင္-၁၀၀၀)တြင္ တာဝန္ထမ္းေဆာင္ခဲ့ရာမွ ၂၀၀၇ ခုႏွစ္၌ က်န္းမာေရးဝန္ႀကီးဌာနသို႔ ေျပာင္းေရႊ႕ တာဝန္ထမ္းေဆာင္ခဲ့သူျဖစ္ေၾကာင္း တပ္မေတာ္သတင္းမွန္ျပန္ၾကားေရး၏ ထုတ္ျပန္ခ်က္တြင္ပါရွိသည္။

#PeopleMedia #တပ္မေတာ္

(unicode)
COVID-19 ရောဂါဖြင့် ဒုဗိုလ်မှူးကြီး(ငြိမ်း) ဒေါ်ခင်အေးမြင့်ဦး ကွယ်လွန်
…………………………………………………

ရန်ကုန်၊ စက်တင်ဘာ – ၁၈

COVID-19 ရောဂါဖြင့် ဒုဗိုလ်မှူးကြီး(ငြိမ်း)ဒေါ်ခင်အေးမြင့်ဦးသည် အသက် ၆၅ နှစ်အရွယ်ရှိပြီး စက်တင်ဘာ ၁၇ ရက် ညပိုင်းတွင် ကွယ်လွန်ခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ ထုတ်ပြန်ထားသည်။

အဆိုပါကွယ်လွန်သူ နား၊နှာခေါင်း၊လည်ချောင်း အထူးကုပါရဂူ ဒုတိယဗိုလ်မှူးကြီး ဒေါ်ခင်အေးမြင့်ဦး (ငြိမ်း)သည် စက်တင်ဘာလ ၃ ရက်တွင် အမှတ် (၇၀) မြေနီကုန်းဈေးလမ်း၊ စမ်းချောင်းမြို့ နေအိမ်၌ နေမကောင်းဖြစ်ရာမှ အမှတ်(၁)တပ်မတော်ဆေးရုံကြီး (ကုတင်-၁၀၀၀) သို့ တက်ရောက်စစ်ဆေးခဲ့ရာ COVID-19 ရောဂါပိုးတွေ့ရှိသဖြင့် တပ်မတော်အသည်းရောဂါကု ဆေးရုံကြီး (မင်္ဂလာဒုံ)သို့ လွှဲပြောင်း ကုသမှုခံယူခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ဆက်လက်ပြီး ၎င်းမှာဆီးချိုရောဂါအခံရှိပြီး စက်တင်ဘာလ ၁၇ ရက် ညနေပိုင်းတွင် အသက်ရှူ လမ်း ကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ၊ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက် အသက်ရှူ လမ်းကြောင်း ပျက်စီးခြင်းရောဂါ၊ ဆီးချိုရောဂါနှင့် သွေးတိုးရောဂါများဖြင့် ဆေးရုံ၌ပင် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ဆေးရုံအတူတူတက်ရောက်နေသော သမီးဖြစ်သူမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိသည်ဟုဆိုသည်။

ထို့အပြင် ပါရဂူကြီး ဒုတိယဗိုလ်မှူးကြီး ဒေါ်ခင်အေးမြင့်ဦး(ငြိမ်း)သည် အမှတ်(၁) တပ်မတော်ဆေးရုံကြီး (ကုတင်-၁၀၀၀)တွင် တာဝန်ထမ်းဆောင်ခဲ့ရာမှ ၂၀၀၇ ခုနှစ်၌ ကျန်းမာရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

#PeopleMedia #တပ်မတော်


Share this post