• Follow Us on

Home COVID-19 ႏွင့္အတူ ယွဥ္တြဲေနထိုင္ျခင္းနည္းစနစ္အား က်င့္သုံးသြားရန္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနထုတ္ျပန္

COVID-19 ႏွင့္အတူ ယွဥ္တြဲေနထိုင္ျခင္းနည္းစနစ္အား က်င့္သုံးသြားရန္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနထုတ္ျပန္

Share this post

ရန္ကုန္၊ ဒီဇင္ဘာ ၂၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
COVID-19 ေရာဂါပိုးသည္ မည္သည့္အခ်ိန္ကာလအထိ ဆက္လက္ျဖစ္ပြားေနမႈရွိေနမည္ကို တိုင္းတာလို႔မရေသးသည့္အျပင္ ကာကြယ္ေဆး၏ ေဆးအာနိသင္သည္ မည္သည့္အခ်ိန္အထိ ကာကြယ္နိုင္မည္ဆိုသည္ကို တြက္ဆ၍ မရနိုင္ေသးသည့္ အတြက္ေၾကာင့္ COVID-19 ႏွင့္အတူ ယဥ္တြဲေနထိုင္ျခင္းနည္းစနစ္အား က်င့္သုံးသြားမည္ျဖစ္ေၾကာင္းက်န္းမာေရးႏွင့္ အား ကစားဝန္ႀကီးဌာန ယေန႔ထုတ္ျပန္သည္။
 
အထက္ပါကဲ့သို႔ တြက္ဆ၍ မရနိုင္သည့္အတြက္ေၾကာင့္ ယခုကဲ့သို႔ ဆက္လက္ေဆာင္ရြက္မႈရွိေနပါက တိုင္းျပည္ဖြံ႕ၿဖိဳး တိုးတက္မႈသည္ ပိုမိုေႏွာင္းေႏွးသြားမည္ျဖစ္သည့္အတြက္ COVID-19 ႏွင့္အတူယဥ္တြဲေနထိုင္ျခင္းနည္းစနစ္အား က်င့္သုံးျခင္းျဖစ္ေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ထုတ္ျပန္ခ်က္၌ ေဖာ္ျပထားသည္။
 
COVID-19 ေရာဂါပိုးသည္ အသက္ရႈလမ္းေၾကာင္းမွတစ္ဆင့္ ျဖစ္ပြားေသာေရာဂါပိုးတစ္မ်ိဳးျဖစ္ၿပီး မ်ိဳးရိုးဗီဇေျပာင္းလဲမႈမ်ား ရွိေနသည့္အတြက္ေၾကာင့္ အဆိုပါေရာဂါသည္ ပေပ်ာက္သြားမည္မဟုတ္ေသးပဲ ကမၻာေပၚတြင္ ေနာင္ႏွစ္ေပါင္းမ်ားစြာအထိ ျဖစ္ပြားေနဦးျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ေရးသားထားသည္။
 
ယင္းသို႔ အေျခအေနမ်ားေၾကာင့္ က်န္းမာေရးဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည့္ က်န္းမာေရးညြန္ၾကားခ်က္မ်ားႏွင့္အညီ လိုက္နာေဆာင္ရြက္ေနထိုင္ရန္ႏွင့္ COVID-19 ႏွင့္ အတူယဥ္တြဲေနထိုင္ျခင္း၍ လုပ္ငန္းေဆာင္တာမ်ားကို ေဆာင္ရြက္ရန္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္၌ ေဖာ္ျပထားသည္။
 
Photo – MOHS
 
#PeopleMedia #MOHS #COVID19
 
(unicode)
COVID-19 နှင့်အတူ ယှဉ်တွဲနေထိုင်ခြင်းနည်းစနစ်အား ကျင့်သုံးသွားရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထုတ်ပြန်
………………………………………………………….
 
ရန်ကုန်၊ ဒီဇင်ဘာ ၂၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
COVID-19 ရောဂါပိုးသည် မည်သည့်အချိန်ကာလအထိ ဆက်လက်ဖြစ်ပွားနေမှုရှိနေမည်ကို တိုင်းတာလို့မရသေးသည့်အပြင် ကာကွယ်ဆေး၏ ဆေးအာနိသင်သည် မည်သည့်အချိန်အထိ ကာကွယ်နိုင်မည်ဆိုသည်ကို တွက်ဆ၍ မရနိုင်သေးသည့် အတွက်ကြောင့် COVID-19 နှင့်အတူ ယဉ်တွဲနေထိုင်ခြင်းနည်းစနစ်အား ကျင့်သုံးသွားမည်ဖြစ်ကြောင်းကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာန ယနေ့ထုတ်ပြန်သည်။
 
အထက်ပါကဲ့သို့ တွက်ဆ၍ မရနိုင်သည့်အတွက်ကြောင့် ယခုကဲ့သို့ ဆက်လက်ဆောင်ရွက်မှုရှိနေပါက တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှုသည် ပိုမိုနှောင်းနှေးသွားမည်ဖြစ်သည့်အတွက် COVID-19 နှင့်အတူယဉ်တွဲနေထိုင်ခြင်းနည်းစနစ်အား ကျင့်သုံးခြင်းဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
 
COVID-19 ရောဂါပိုးသည် အသက်ရှုလမ်းကြောင်းမှတစ်ဆင့် ဖြစ်ပွားသောရောဂါပိုးတစ်မျိုးဖြစ်ပြီး မျိုးရိုးဗီဇပြောင်းလဲမှုများ ရှိနေသည့်အတွက်ကြောင့် အဆိုပါရောဂါသည် ပပျောက်သွားမည်မဟုတ်သေးပဲ ကမ္ဘာပေါ်တွင် နောင်နှစ်ပေါင်းများစွာအထိ ဖြစ်ပွားနေဦးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။
 
ယင်းသို့ အခြေအနေများကြောင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကျန်းမာရေးညွန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်နေထိုင်ရန်နှင့် COVID-19 နှင့် အတူယဉ်တွဲနေထိုင်ခြင်း၍ လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
 
Photo – MOHS
 
#PeopleMedia #MOHS #COVID19

Share this post