• Follow Us on

Home Facebook ေပၚတြင္ ရန္ၿငိဳးရန္စရွိရာမွ ဓါးထိုးမႈျဖစ္ရာ တစ္ဦးေသ၊ ၆ ဦး ဓါးဒဏ္ရာျဖင့္ စိုးရိမ္ရ

Facebook ေပၚတြင္ ရန္ၿငိဳးရန္စရွိရာမွ ဓါးထိုးမႈျဖစ္ရာ တစ္ဦးေသ၊ ၆ ဦး ဓါးဒဏ္ရာျဖင့္ စိုးရိမ္ရ

Share this post

ဗန္းေမာက္ ဒီဇင္ဘာ ၁၂ (People Media)
 
စစ္ကိုင္းတိုင္းေဒသႀကီး၊ ဗန္းေမာက္ၿမိဳ႕နယ္၊ စီးေမာ္အုပ္စု၊ စီးေမာ္ေက်းရြာစာသင္ေက်ာင္းအနီး ေက်းလက္ေဆးေပးခန္းေရွ႕တြင္ Facebookေပၚ၌ ရန္ၿငိဳးရန္စရွိခဲ့သူ လူငယ္တစ္စု ဓါးထိုးမႈျဖစ္ရာ လူ တစ္ဦးေသဆုံးၿပီး ၆ ဦးဒဏ္ရာ စိုးရိမ္စြာ ရရွိခဲ့သည္။
 
ျဖစ္စဥ္မွာ ဒီဇင္ဘာလ(၁၁)ရက္‌ေန႔ေန႔လယ္ (၂)နာရီအခ်ိန္ခန္႔က ေအာင္စိုးဦး(ခ)သဲသဲ၊မင္းမင္းထက္ ၊ေက်ာ္သန္းဦး၊ေနထက္လင္း၊မ်ိဳးဇင္ေအာင္၊ၿဖိဳးေဝေအာင္၊ရန္နိုင္ဦး၊စိုးခန္႔၊ေမာင္ခိုင္(ခ)ေအာင္ေက်ာ္ဟိန္း တို႔သည္ စီးေမာ္ေက်းရြာအျပင္ရွိ ဦးေမာင္ေရႊ၏ လယ္တဲတြင္ ေပ်ာ္ပြဲစားခဲ့ၿပီး ညေန(၅)နာရီအခ်ိန္ခန႔္တြင္ လယ္တဲမွ ဆိုင္ကယ္မ်ားျဖင့္္ျပန္လာခဲ့သည္။
 
ထိုသို႔ျပန္လာစဥ္ စီးေမာ္ေက်းရြာစာသင္ေက်ာင္းအနီး ေက်းလက္ေဆးေပးခန္းေရွ႕အေရာက္တြင္ ၿဖိဳးေဝေအာင္ႏွင့္ Facebookေပၚတြင္ျပႆနာျဖစ္ၿပီး ရန္ၿငိဳးရန္စရွိခဲ့ဖူးေသာ ၿဖိဳးဝင္းထိုက္၊ျပည့္စိုးတို႔ႏွစ္ဦးႏွင့္ေတြ႕ဆုံခဲ့ရာ ၿဖိဳးဝင္းထိုက္မွ ယခင္ကျဖစ္ခဲ့‌ေသာ ျပႆနာႏွင့္ ပတ္သက္၍ ၿဖိဳးေဝေအာင္ကို ေတာင္းပန္ခဲ့ရာ ၿဖိဳးေဝေအာင္မွ”ဒူးေထာက္ေတာင္းပန္ရင္ေက်နပ္တယ္”ဟုျပန္လည္ေျပာခဲ့စဥ္ၿဖိဳးဝင္းထိုက္မွ”ဒူးေထာက္မေတာင္းပန္နိုင္ဘူး၊မင္းတို႔ကဘာေကာင္ေတြလဲ” ဟု ေျပာကာၿဖိဳးဝင္းထိုက္ႏွင့္ျပည္စိုးတို႔မွဓါးတစ္ေယာက္တစ္ေခ်ာင္းစီကိုင္ၿပီးၿဖိဳးေဝေအာင္ တို႔အားဓါးျဖင့္ထိုးခဲ့ရာ ၿဖိဳးေဝေအာင္(၁၇)ႏွစ္တြင္ ဝဲဘက္ရင္အုံ၌ထိုးသြင္းဒဏ္ရာတစ္ခ်က္ႏွင့္ဦးေခါင္း ျပတ္ရွဒဏ္ရာတစ္ခ်က္ ရရွိကာ ေသဆုံးခဲ့ေၾကာင္း ရဲမွတ္တမ္းအရ သိရသည္။
 
ထို႔အျပင္ မင္းမင္းထက္(၂၂) ႏွစ္တြင္ ဝဲဘက္ေက်ာျပင္ထိုးသြင္းဒဏ္ရာတစ္ခ်က္(စိုးရိမ္ရ)၊ ေက်ာ္သန္းဦး(၂၀)ႏွစ္ တြင္ရင္ညြန႔္၌ထိုးသြင္းဒဏ္ရာတစ္ခ်က္(စိုးရိမ္ရ)၊ေနထက္လင္း(၁၉)ႏွစ္တြင္ ယာဘက္ဆီးခုံထိုးသြင္းဒဏ္ရာတစ္ခ်က္(စိုးရိမ္ရ)၊ စိုးခန္႔(၂၂)ႏွစ္တြင္ ဝဲဘက္ေက်ာျပင္ထိုးသြင္းဒဏ္ရာတစ္ခ်က္ႏွင့္ဖူး‌ေယာင္ဒဏ္ရာ(စိုးရိမ္ရ)၊ ရန္နိုင္ဦး(၁၉)ႏွစ္ တြင္ ဝဲဘက္ဝမ္းဗိုက္ထိုးသြင္း ဒဏ္ရာ တစ္ခ်က္ႏွင့္ ယာဘက္ရင္အုံထိုးသြင္းဒဏ္ရာတစ္ခ်က္(စိုးရိမ္ရ)၊ မ်ိဳးဇင္ေအာင္(၁၈)ႏွစ္ တြင္ယာဘက္ရင္အုံထိုးသြင္းဒဏ္ရာတစ္ခ်က္ႏွင့္ဝဲဘက္တ‌ေတာင္ဆစ္ျပတ္ရွဒဏ္ရာတစ္ခ်က္(စိုးရိမ္ရ)တို႔ရရွိ၍ လဲက်စဥ္ ၿဖိဳးဝင္းထိုက္ႏွင့္ ျပည္စိုးတို႔ႏွစ္ဦးမွာဆိုင္ကယ္ျဖင့္ေမာင္းႏွင္ ထြက္ေျပးသြားခဲ့သည္။
 
အဆိုပါ အဖြဲ႕မွ ေအာင္စိုးဦး(ခ)သဲသဲ ႏွင့္ ေမာင္ခိုင္(ခ)ေအာင္ေက်ာ္ဟိန္းတို႔မွာ အခင္းျဖစ္ေနရာမွ ေရွာင္တိမ္းခဲ့သျဖင့္ ထိခိုက္မႈတစ္စုံတစ္ရာမရွိေၾကာင္း၊ အဆိုပါျဖစ္စဥ္ႏွင့္ ပတ္ သက္၍ ေအာင္စိုးဦး(ခ)သဲသဲမွ တရားလိုျပဳလုပ္၍ ဗန္းေမာက္ၿမိဳ႕မရဲစခန္းတြင္အမႈဖြင့္လွစ္ခဲ့သည္။
 
ထို႔ေၾကာင့္ ၿဖိဳးဝင္းထိုက္(၂၁)ႏွစ္ ေက်ာက္တန္းေက်းရြာ၊မံစီႀကီးအုပ္စု၊ဗန္းေမာက္ၿမိဳ႕နယ္ႏွင့္ ျပည္စိုး(၂၂)ႏွစ္ သရက္ကုန္းေက်းရြာ၊မံေလာင္ေပပင္အုပ္စု၊ဗန္းေမာက္ၿမိဳ႕နယ္ေနသူတို႔ကို ဗန္းေမာက္ၿမိဳ႕မရဲစခန္းမွ (ပ)၅၆/၂၀၂၀ ပုဒ္မ ၃၀၂ /၃၂၆/၁၁၄ ျဖင့္အမႈဖြင့္ ဖမ္းဆီးစစ္ေဆးလ်က္ ရွိသည္။
 
မဂၤလာဦး
 
#PeopleMedia #ဗန္းေမာက္
 
(unicode)
Facebook ပေါ်တွင် ရန်ငြိုးရန်စရှိရာမှ ဓါးထိုးမှုဖြစ်ရာ တစ်ဦးသေ၊ ၆ ဦး ဓါးဒဏ်ရာဖြင့် စိုးရိမ်ရ ……………………………………
ဗန်းမောက် ဒီဇင်ဘာ ၁၂ (People Media) စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်၊ စီးမော်အုပ်စု၊ စီးမော်ကျေးရွာစာသင်ကျောင်းအနီး ကျေးလက်ဆေးပေးခန်းရှေ့တွင် Facebookပေါ်၌ ရန်ငြိုးရန်စရှိခဲ့သူ လူငယ်တစ်စု ဓါးထိုးမှုဖြစ်ရာ လူ တစ်ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာ စိုးရိမ်စွာ ရရှိခဲ့သည်။ ဖြစ်စဉ်မှာ ဒီဇင်ဘာလ(၁၁)ရက်‌နေ့နေ့လယ် (၂)နာရီအချိန်ခန့်က အောင်စိုးဦး(ခ)သဲသဲ၊မင်းမင်းထက် ၊ကျော်သန်းဦး၊နေထက်လင်း၊မျိုးဇင်အောင်၊ဖြိုးဝေအောင်၊ရန်နိုင်ဦး၊စိုးခန့်၊မောင်ခိုင်(ခ)အောင်ကျော်ဟိန်း တို့သည် စီးမော်ကျေးရွာအပြင်ရှိ ဦးမောင်ရွှေ၏ လယ်တဲတွင် ပျော်ပွဲစားခဲ့ပြီး ညနေ(၅)နာရီအချိန်ခန့်တွင် လယ်တဲမှ ဆိုင်ကယ်များဖြင့််ပြန်လာခဲ့သည်။ ထိုသို့ပြန်လာစဉ် စီးမော်ကျေးရွာစာသင်ကျောင်းအနီး ကျေးလက်ဆေးပေးခန်းရှေ့အရောက်တွင် ဖြိုးဝေအောင်နှင့် Facebookပေါ်တွင်ပြဿနာဖြစ်ပြီး ရန်ငြိုးရန်စရှိခဲ့ဖူးသော ဖြိုးဝင်းထိုက်၊ပြည့်စိုးတို့နှစ်ဦးနှင့်တွေ့ဆုံခဲ့ရာ ဖြိုးဝင်းထိုက်မှ ယခင်ကဖြစ်ခဲ့‌သော ပြဿနာနှင့် ပတ်သက်၍ ဖြိုးဝေအောင်ကို တောင်းပန်ခဲ့ရာ ဖြိုးဝေအောင်မှ”ဒူးထောက်တောင်းပန်ရင်ကျေနပ်တယ်”ဟုပြန်လည်ပြောခဲ့စဉ်ဖြိုးဝင်းထိုက်မှ”ဒူးထောက်မတောင်းပန်နိုင်ဘူး၊မင်းတို့ကဘာကောင်တွေလဲ” ဟု ပြောကာဖြိုးဝင်းထိုက်နှင့်ပြည်စိုးတို့မှဓါးတစ်ယောက်တစ်ချောင်းစီကိုင်ပြီးဖြိုးဝေအောင် တို့အားဓါးဖြင့်ထိုးခဲ့ရာ ဖြိုးဝေအောင်(၁၇)နှစ်တွင် ဝဲဘက်ရင်အုံ၌ထိုးသွင်းဒဏ်ရာတစ်ချက်နှင့်ဦးခေါင်း ပြတ်ရှဒဏ်ရာတစ်ချက် ရရှိကာ သေဆုံးခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ထို့အပြင် မင်းမင်းထက်(၂၂) နှစ်တွင် ဝဲဘက်ကျောပြင်ထိုးသွင်းဒဏ်ရာတစ်ချက်(စိုးရိမ်ရ)၊ ကျော်သန်းဦး(၂၀)နှစ် တွင်ရင်ညွန့်၌ထိုးသွင်းဒဏ်ရာတစ်ချက်(စိုးရိမ်ရ)၊နေထက်လင်း(၁၉)နှစ်တွင် ယာဘက်ဆီးခုံထိုးသွင်းဒဏ်ရာတစ်ချက်(စိုးရိမ်ရ)၊ စိုးခန့်(၂၂)နှစ်တွင် ဝဲဘက်ကျောပြင်ထိုးသွင်းဒဏ်ရာတစ်ချက်နှင့်ဖူး‌ယောင်ဒဏ်ရာ(စိုးရိမ်ရ)၊ ရန်နိုင်ဦး(၁၉)နှစ် တွင် ဝဲဘက်ဝမ်းဗိုက်ထိုးသွင်း ဒဏ်ရာ တစ်ချက်နှင့် ယာဘက်ရင်အုံထိုးသွင်းဒဏ်ရာတစ်ချက်(စိုးရိမ်ရ)၊ မျိုးဇင်အောင်(၁၈)နှစ် တွင်ယာဘက်ရင်အုံထိုးသွင်းဒဏ်ရာတစ်ချက်နှင့်ဝဲဘက်တ‌တောင်ဆစ်ပြတ်ရှဒဏ်ရာတစ်ချက်(စိုးရိမ်ရ)တို့ရရှိ၍ လဲကျစဉ် ဖြိုးဝင်းထိုက်နှင့် ပြည်စိုးတို့နှစ်ဦးမှာဆိုင်ကယ်ဖြင့်မောင်းနှင် ထွက်ပြေးသွားခဲ့သည်။ အဆိုပါ အဖွဲ့မှ အောင်စိုးဦး(ခ)သဲသဲ နှင့် မောင်ခိုင်(ခ)အောင်ကျော်ဟိန်းတို့မှာ အခင်းဖြစ်နေရာမှ ရှောင်တိမ်းခဲ့သဖြင့် ထိခိုက်မှုတစ်စုံတစ်ရာမရှိကြောင်း၊ အဆိုပါဖြစ်စဉ်နှင့် ပတ် သက်၍ အောင်စိုးဦး(ခ)သဲသဲမှ တရားလိုပြုလုပ်၍ ဗန်းမောက်မြို့မရဲစခန်းတွင်အမှုဖွင့်လှစ်ခဲ့သည်။ ထို့ကြောင့် ဖြိုးဝင်းထိုက်(၂၁)နှစ် ကျောက်တန်းကျေးရွာ၊မံစီကြီးအုပ်စု၊ဗန်းမောက်မြို့နယ်နှင့် ပြည်စိုး(၂၂)နှစ် သရက်ကုန်းကျေးရွာ၊မံလောင်ပေပင်အုပ်စု၊ဗန်းမောက်မြို့နယ်နေသူတို့ကို ဗန်းမောက်မြို့မရဲစခန်းမှ (ပ)၅၆/၂၀၂၀ ပုဒ်မ ၃၀၂ /၃၂၆/၁၁၄ ဖြင့်အမှုဖွင့် ဖမ်းဆီးစစ်ဆေးလျက် ရှိသည်။ မင်္ဂလာဦး
#PeopleMedia #ဗန်းမောက်

Share this post