• Follow Us on

Home General Atomics ကုမ္ပဏီက ပြေးလမ်းတိုတွင် တက်/ဆင်းနိုင်သော မောင်းသူမဲ့လေယာဉ်သစ် Mojave ကို ထုတ်ဖော်ပြသ

General Atomics ကုမ္ပဏီက ပြေးလမ်းတိုတွင် တက်/ဆင်းနိုင်သော မောင်းသူမဲ့လေယာဉ်သစ် Mojave ကို ထုတ်ဖော်ပြသ

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၀ (People Media)

 

ယခင်က အခြားကုမ္ပဏီများက ထုတ်လုပ်ခဲ့သော မောင်းသူမဲ့လေယာဉ်များထက် ပိုမိုပစ်အားသာပြီး ပြေးလမ်း တိုတွင် တက်/ဆင်းနိုင်သော မောင်းသူမဲ့လေယာဉ်သစ်ကို General Atomics ကုမဏီက ထုတ်ဖော်ပြသ လိုက်သည်။

 

လွန်ခဲ့သည့်လက Breaking Defense က တွစ်တာတွင် ထုတ်ဖော်ရေးသားခြင်းမပြုမီအချိန်အထိ Mojave ဟု ခေါ်သည့် မောင်းသူမဲ့လေယာဉ်ထုတ်လုပ်မှုကို လျှို့ဝှက်ထားခဲ့သည်။

 

လေယာဉ်ထုတ်လုပ်သည့်ကုမ္ပဏီက MQ-9 Reaper မောင်းသူမဲ့လေယာဉ်နှင့် MQ-1C Gray Eagle-ER မောင်းသူမဲ့လေယာဉ်များမှ လေယာဉ်ပုံစံထုတ်လုပ်မှု အီလက်ထရောနစ်ပညာများနှင့် ပျံသန်းမှုထိန်းချုပ်ရေး စနစ်များကို Mojave မောင်းသူမဲ့လေယာဉ်ဒီဇိုင်းတွင် ထည့်သွင်းပေါင်းစပ်ထားသည်။

 

၎င်းအပြင် အလေးချိန်ပိုမိုမတင်နိုင်သည့် ပိုမိုကြီးမားသောအတောင်ပံနှင့် 450-HP turboprop အင်ဂျင်တို့တပ် ဆင်ထားမှုကြောင့် ဟဲဖိုင်းယားဒုံးကျည် ၁၆ စင်း သို့မဟုတ် ယင်းအလေးချိန်နှင့် ညီမျှသော လက်နက်ခဲယမ်း များကို သယ်ဆောင်နိုင်သည်။

 

“Mojave မောင်းသူမဲ့လေယာဉ်ဟာ သမရိုးကျလေယာဉ်ပြေးလမ်း ဒါမှမဟုတ် တခြားအခြေခံအဆောက်အအုံ တွေမလိုအပ်ဘဲ forward-basing operations (လေယာဉ်ပြေးလမ်းမလိုဘဲ မြေပြင်-ရေပြင် အခြေပြုစခန်းများ ကိုဆိုလိုသည်။) အတွက် ရွေးချယ်စရာတွေကို ထောက်ပံ့ပေးပါတယ်” ဟု ကုမ္ပဏီကဖော်ပြထားသည်။

 

“ဒီဆန်းသစ်တီထွင်မှုတွေကြောင့် Mojave မောင်းသူမဲ့လေယာဉ်ဟာ လေကြောင်းထောက်ပံ့မှုတွေ၊ တိုက်ခိုက်မှု တွေနဲ့ ကင်းထောက် စစ်ဆင်ရေးတာဝန်တွေကို လက်နက်တပ်ဆင်ပြီး တာဝန်ထမ်းဆောင်နိုင်သွားမှာဖြစ်ပါ တယ်” ဟု ကုမ္ပဏီကပြောသည်။

 

အဆိုပါ မောင်းသူမဲ့လေယာဉ်သစ်သည် လက်နက်ခဲယမ်း ပေါင် ၃၆၀၀ (၁၆၃၃ ကီလိုဂရမ်) အထိ သယ်ဆောင် နိုင်သည့်အပြင် မာကျောခိုင်ခံ့ခြင်း၊ စွမ်းအားကောင်းခြင်း၊ အာရုံခံကိရိယာများနှင့် အခြား စစ်ဆင်ရေးစနစ်တို့ကို အပူချိန်လျှော့ချနိုင်ခြင်း စသည့်စွမ်းရည်များကို ပိုင်ဆိုင်ထားသည်။

 

Ref: General Atomics Unveils ‘Mojave’ Drone for Harsh Conditions

 

#PeopleMedia

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 


 


 

Ref: General Atomics Unveils ‘Mojave’ Drone for Harsh Conditions

 

#PeopleMedia


Share this post