• Follow Us on
Latest News

Home J-15၊ J-20 တိုက်လေယာဉ်များနှင့်အတူ တရုတ်လေတပ်ဖွံ့ဖြိုးတိုးတက်မှုကို ပင်တဂွန်စစ်ဌာနချုပ်က စောင့်ကြည့်လျက်ရှိ

J-15၊ J-20 တိုက်လေယာဉ်များနှင့်အတူ တရုတ်လေတပ်ဖွံ့ဖြိုးတိုးတက်မှုကို ပင်တဂွန်စစ်ဌာနချုပ်က စောင့်ကြည့်လျက်ရှိ

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၈ (People Media)

 

လေကြောင်းကြိုတင်အချက်ပေးနှင့် ထိန်းချုပ်ရေး (Airborne Early Warning & Control – AEW&C) အေဝပ် လေယာဉ်နှင့် Shenyang J-15 တိုက်လေယာဉ်များ၊ Chengdu J-20 တိုက်လေယာဉ်များနှင့် ဖွဲ့စည်းထားသော တရုတ်လေတပ်၏ သိသာထင်ရှားသောဖွံ့ဖြိုးတိုးတက်မှုများကို အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက စောင့် ကြည့်လေ့လာခဲ့ကြောင်းသိရသည်။

 

တရုတ်လေတပ်သည် J-20၊ J-16၊ J-10C တိုက်လေယာဉ်များ၊ Shaanxi KJ-500 အေဝပ်လေယာဉ်များနှင့် ဖွဲ့ စည်းထားပြီး အနောက်ပစိဖိတ်သမုဒ္ဒရာဒေသတစ်ဝန်း ဝေးလံခေါင်ဖျားဒေသများအထိ စစ်ဆင်ရေးဆောင်ရွက် နိုင်လောက်အောင် တိုးတက်နေပြီဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သက်၍ အမေရိကန် ကွန်ဂရက်လွှတ်တော်သို့တင်ပြသည့် ကာကွယ်ရေး ဝန်ကြီးဌာနနှစ်ပတ်လည်အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြ ထားသည်။

 

ယင်းတိုးတက်မှုသည် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်လေတပ် PLAAF ၏ ခုခံကာကွယ်ရေးမဟာ ဗျူဟာကို မြှင့်တင်ပေးသလို တန်ပြန်လေကြောင်းစစ်ဆင်ရေးအတွက်လည်း ပိုမိုတိုးတက်အောင်မြှင့်တင်ပေး နိုင်သည်။ Y-9 နည်းဗျူဟာသယ်ယူပို့ဆောင်ရေးလေယာဉ်မူကွဲဖြစ်သော KJ-500 အေဝပ်လေယာဉ်ကို အချိန် တိုအတွင်းထုတ်လုပ်လျက်ရှိပြီး အစောပိုင်းကာလကထုတ်လုပ်ထားသော KJ-2000 အေဝပ်လေယာဉ်၊ KJ-200 အေဝပ်လေယာဉ်တို့နှင့်အတူ အေဝပ်လေယာဉ်အုပ်စုတွင် ပူးပေါင်းဖွဲ့စည်းထားပြီဖြစ်သည်။

 

“အေဝပ်လေယာဉ်တွေဟာ အခြေအနေအမျိုးမျိုးမှာ၊ ပိုမိုကျယ်ပြန့်တဲ့ကောင်းကင်မှာ၊ ပိုမိုဝေးကွာတဲ့နေရာမှာ တရုတ်လေတပ်ရဲ့ စုံစမ်းထောက်လှမ်းနိုင်စွမ်း၊ ခြေရာခံနိုင်စွမ်း၊ ပစ်မှတ်တွေကို ခြိမ်းခြောက်နိုင်စွမ်းတွေကို မြှင့် တင်ပေးပါတယ်။ အဲဒီလေယာဉ်တွေဟာ တရုတ်နိုင်ငံရဲ့ ပေါင်းစည်းထားတဲ့လေကြောင်းရန်ကာကွယ်ရေးစနစ် ကွန်ရက်အကွာအဝေးကိုလည်း တိုးချဲ့ပေးရာမှာ အထောက်အကူပြုပါတယ်။ နောက်ထပ်ပြောရရင် တရုတ်နိုင်ငံ ဟာ အေဝပ် AEW&C အလုပ်တွေကို စဉ်ဆက်မပြတ်လုပ်နိုင်စွမ်းရှိအောင် ထောက်ပံ့ပေးတဲ့ ကောင်းကင်ယံမှာ ဆီဖြည့်တဲ့စနစ်ပါတဲ့ KJ-500 အေဝပ်လေယာဉ်မျိုး အနည်းဆုံး တစ်စီးထုတ်လုပ်ထားပြီးပါပြီ” ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနကပြောသည်။

 

Su-33 ကို အခြေခံထုတ်လုပ်ထားသော J-15 တိုက်လေယာဉ်များမှာ CATOBAR (လောက်လွှဲစနစ်နှင့် ဖမ်း ထိန်းကြိုးစနစ်ကိုအသုံးပြုသော) လေယာဉ်တင်သင်္ဘောများတွင် အသုံးပြုရန်ထုတ်လုပ်ထားခြင်းဖြစ်သည်။ J-15D မူကွဲတိုက်လေယာဉ်များမှာ အီလက်ထရောနစ်စစ်ဆင်ရေးများတွင် အသုံးပြုရန်ထုတ်လုပ်ထားခြင်းဖြစ် သည်။ CATOBAR (လောက်လွှဲစနစ်နှင့် ဖမ်း ထိန်းကြိုးစနစ်ကိုအသုံးပြုသော) လေယာဉ်တင်သင်္ဘောများတွင် အသုံးပြုရန်ထုတ်လုပ်ထားသော J-15 တိုက်လေယာဉ်များမှာ KJ-600 အေဝပ်လေယာဉ်၊ J-31 တိုက်လေ ယာဉ်၊ FC-31 တိုက်လေယာဉ်များနှင့်အတူ တာဝန်ထမ်းဆောင်သွားမည်ဖြစ်သည်။

 

“တရုတ်နိုင်ငံရဲ့ လေယာဉ်တင်သင်္ဘောတွေနဲ့ အစောင့်အရှောက်သင်္ဘောတွေဟာ စစ်ဆင်ရေးတာဝန်ထမ်း ဆောင်ဖို့ကျရောက်လာပြီဆိုတဲ့အခါ ကမ်းရိုးတန်းအကွာအဝေးနဲ့ သင်္ဘောတင်ဒုံးကျည်စနစ်တွေရောက်ရှိနိုင်တဲ့ အကွာအဝေးထက်ကျော်လွန်ပြီး လေကြောင်းရန်ကာကွယ်ရေးစနစ်အကွာအဝေးကို တိုးချဲ့ကာကွယ်နိုင်တယ်။ ဒီသင်္ဘောအုပ်စုကြီးဟာ ပိုမိုဝေးကွာတဲ့အကွာအဝေးအထိ သွားရောက်ပြီး အုပ်စုလိုက်စစ်ဆင်ရေးတာဝန်တွေ ကို ထမ်းဆောင်နိုင်စွမ်းရှိပါတယ်” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

Ref: Pentagon sees continued Chinese progress with J-15, J-20

 

#PeopleMedia

 

(unicode)


……………………………………………………………..

 


 


 


 


 


 


 


 

Ref: Pentagon sees continued Chinese progress with J-15, J-20

 

#PeopleMedia


Share this post