• Follow Us on

Home KIA လက္နက္ကိုင္အဖြဲ႕မွ အရပ္သားသုံးဦးအား အဓမၼဖမ္းဆီးေခၚေဆာင္သြားဟုဆို

KIA လက္နက္ကိုင္အဖြဲ႕မွ အရပ္သားသုံးဦးအား အဓမၼဖမ္းဆီးေခၚေဆာင္သြားဟုဆို

Share this post

ျမစ္ႀကီးနား၊ ေအာက္တိုဘာ ၁၃
 
ကခ်င္လက္နက္တပ္ဖြဲ႕ KIA မွ ကခ်င္ျပည္နယ္၊ ေရႊကူၿမိဳ႕နယ္၊ ေက်ာက္ႀကီးေက်းရြာေန ေဒသခံသုံးဦးအား အဓမၼဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း ျမန္မာျပည္ေျမာက္ပိုင္း – သၽွမ္းမ်ိဳးႏြယ္စုေရးရာအဖြဲ႕(S.E.A)မွ သိရ သည္။
 
“ေကအိုင္ေအဘက္က ဖမ္းဆီးသြားတဲ့ကိစၥေတြဟာ တစ္လျခားႏွစ္ႀကိမ္ေလာက္ ျဖစ္ေနတယ္၊ အခုတေလာဆို ခဏခဏ အဖမ္းဆီးခံၾကရတယ္။ ဆယ္ဇင္းျပႆနာၿပီးတဲ့ေနာက္ကို အဖမ္းခံရတာေတြက ဆက္လာတယ္။ ေကအိုင္ေအဘက္က တပ္ဖြဲ႕၀င္စုေဆာင္းတဲ့ကိစၥက ကၽြန္ေတာ္တို႔အလိုမတူဘဲ ဖမ္းဆီးတဲ့ကိစၥၾကေတာ့ ကခ်င္လူမ်ိဳးေတြလဲ အမ်ားႀကီးရွိတာပဲ ကခ်င္လူမ်ိဳးေတြၾကအသုံးမခ်ဘဲ ၾကားခံကၽြန္ေတာ္တို႔ ဌာေနတိုင္းရင္း သားေတြကို ဒီစစ္ပြဲကို အစိုးရနဲ႔ေကအိုင္ေအနဲ႔ စစ္ပြဲထဲ ကၽြန္ေတာ္တို႔ကို မေရာက္ေရာက္ေအာင္ဆြဲသြင္း ေနတယ္။ ဒါကို ကၽြန္ေတာ္တို႔ဘက္က အျပင္းအထန္ရႈံ႔ခ်တယ္” ဟု S.E.A အဖြဲ႕မွ အတြင္းေရးမွဴး ဦးစိုင္းမ်ိဳးေဆြ ကေျပာသည္။
 
ယခုႏွစ္ စက္တင္ဘာလ ၁၈ ရက္ေန႔တြင္ ေကအိုင္ေအလက္နက္ကိုင္တပ္ရင္း ၅ အဖြဲ႕မွ ေရြကူၿမိဳ႕နယ္ ေက်ာက္ႀကီးေက်းရြာအုပ္စုေန ေဒသခံတိုင္းရင္းသားမ်ားျဖစ္သည့္ ေမာင္ေက်ာ္ခိုင္ဦး အသက္(၃၁)ႏွစ္၊ ေမာင္ထြန္းရဲမိုး အသက္(၁၆)ႏွစ္ႏွင့္ ေမာင္နိုင္လင္း အသက္ (၂၆) ႏွစ္တို႔ကို ၁၂ မိုင္ေရႊေမွာ္တြင္ က်င္းသားအျဖစ္လုပ္ကိုင္ေနစဥ္အဓမၼဖမ္းဆီးေခၚေဆာင္သြားျခင္းျဖစ္သည္ဟု သိရသည္။
 
စက္တင္ဘာလ ၂၉ ရက္ေန႔က ကခ်င္ၿငိမ္းခ်မ္းေရးအက်ိဳးေတာ္ေဆာင္အဖြဲ႕(P.C.G)ကို အဆိုပါဖမ္းဆီးခံရသည့္ ကိစၥႏွင့္ပက္သတ္ၿပီး စာတင္ျပေတာင္းဆ္ိုထားေပမယ့္ အေၾကာင္းျပန္လာျခင္းမရွိတာေၾကာင့္ ေနာက္ဆုံး အေနျဖင့္ တပ္မေတာ္ကိုတင္ျပေတာင္းဆိုသြားမည္ဟု ဦးစိုင္းမ်ိဳးေဆြက ဆက္လက္ေျပာၾကားသည္။
 
”ကၽြန္ေတာ္တို႔ဘက္ကေတာ့ သူတို႔ရဲ႕ လုပ္ရပ္ေတြကို ထပ္ၿပီးကန္႔ကြက္စရာရွိတာ ကန္႔ကြက္မယ္ နိုင္ငံေတာ္ အဆင့္ကေန တိုင္ၾကားစာေတြပို႔တယ္။ ေနာက္ထပ္လည္း ကမၻာထိေအာင္ျဖန္႔ၿပီး သူတို႔လုပ္ရပ္ေတြကို တိုင္စ ရာရွိတာတိုင္မယ္ ကမၻာကိုခ်ျပမယ္”ဟု ဦးစိုင္းမ်ိဳးေဆြက ေျပာသည္။
 
အဆိုပါ ေဒသခံသုံးဦးဖမ္းဆီးခံရမႈႏွင့္ပတ္သက္၍ ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တိုင္းမွဴးထံသို႔ အဖမ္းဆီးခံရ သည့္ သုံးေယာက္အျမန္ဆုံးလြတ္ေျမာက္ရန္ အကူအညီေတာင္းခံသည့္ တိုင္ၾကားစာကို ေအာက္တိုဘာလ ၁၂ ရက္က ေပးပို႔ခဲ့ေၾကာင္း ယင္း S. E. A အဖြဲ႕မွ သိရသည္။
 
အဆိုပါတိုင္ၾကားစာကို ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တိုင္းမွဴးအျပင္ ကာကြယ္ေရးဦးစီးခ်ဳပ္၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး ေနျပည္ေတာ္၊ ကခ်င္ျပည္နယ္အစိုးရအဖြဲ႕၊ လူ႔အခြင့္အေရးေကာ္မရွင္႐ုံး၊ ကခ်င္ၿငိမ္းခ်မ္းေရးအက်ိဳးေတာ္ေဆာင္အဖြဲ႕၊ အျပည္ျပည္ဆိုင္ရာၾကက္ေျခနီေကာ္မတီ၊ လူသားခ်င္းစာနာမႈ ေရးရာညိနိုင္းေရးမွဴး႐ုံး၊ ကုလသမဂၢဒုကၡသည္မ်ားဆိုင္ရာမဟာမင္းႀကီး႐ုံးႏွင့္ သၽွမ္းမ်ိဳးႏြယ္စုမ်ားထံ ျဖန္႔ေဝထား သည္ဟု သိရသည္။
 
ေက်ာ္ေက်ာ္
 
ပုံ – ဖမ္းဆီးခံရသူ ၃ ဦး
 
#PeopleMedia #KIA #ျမစ္ႀကီးနားၿမိဳ႕
 
(unicode)
KIA လက်နက်ကိုင်အဖွဲ့မှ အရပ်သားသုံးဦးအား အဓမ္မဖမ်းဆီးခေါ်ဆောင်သွားဟုဆို
………………………………………
 
မြစ်ကြီးနား၊ အောက်တိုဘာ ၁၃
 
ကချင်လက်နက်တပ်ဖွဲ့ KIA မှ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ကျောက်ကြီးကျေးရွာနေ ဒေသခံသုံးဦးအား အဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မြန်မာပြည်မြောက်ပိုင်း – သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့(S.E.A)မှ သိရ သည်။
 
“ကေအိုင်အေဘက်က ဖမ်းဆီးသွားတဲ့ကိစ္စတွေဟာ တစ်လခြားနှစ်ကြိမ်လောက် ဖြစ်နေတယ်၊ အခုတလောဆို ခဏခဏ အဖမ်းဆီးခံကြရတယ်။ ဆယ်ဇင်းပြဿနာပြီးတဲ့နောက်ကို အဖမ်းခံရတာတွေက ဆက်လာတယ်။ ကေအိုင်အေဘက်က တပ်ဖွဲ့ဝင်စုဆောင်းတဲ့ကိစ္စက ကျွန်တော်တို့အလိုမတူဘဲ ဖမ်းဆီးတဲ့ကိစ္စကြတော့ ကချင်လူမျိုးတွေလဲ အများကြီးရှိတာပဲ ကချင်လူမျိုးတွေကြအသုံးမချဘဲ ကြားခံကျွန်တော်တို့ ဌာနေတိုင်းရင်း သားတွေကို ဒီစစ်ပွဲကို အစိုးရနဲ့ကေအိုင်အေနဲ့ စစ်ပွဲထဲ ကျွန်တော်တို့ကို မရောက်ရောက်အောင်ဆွဲသွင်း နေတယ်။ ဒါကို ကျွန်တော်တို့ဘက်က အပြင်းအထန်ရှုံ့ချတယ်” ဟု S.E.A အဖွဲ့မှ အတွင်းရေးမှူး ဦးစိုင်းမျိုးဆွေ ကပြောသည်။
 
ယခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် ကေအိုင်အေလက်နက်ကိုင်တပ်ရင်း ၅ အဖွဲ့မှ ရွေကူမြို့နယ် ကျောက်ကြီးကျေးရွာအုပ်စုနေ ဒေသခံတိုင်းရင်းသားများဖြစ်သည့် မောင်ကျော်ခိုင်ဦး အသက်(၃၁)နှစ်၊ မောင်ထွန်းရဲမိုး အသက်(၁၆)နှစ်နှင့် မောင်နိုင်လင်း အသက် (၂၆) နှစ်တို့ကို ၁၂ မိုင်ရွှေမှော်တွင် ကျင်းသားအဖြစ်လုပ်ကိုင်နေစဉ်အဓမ္မဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု သိရသည်။
 
စက်တင်ဘာလ ၂၉ ရက်နေ့က ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့(P.C.G)ကို အဆိုပါဖမ်းဆီးခံရသည့် ကိစ္စနှင့်ပက်သတ်ပြီး စာတင်ပြတောင်းဆ်ိုထားပေမယ့် အကြောင်းပြန်လာခြင်းမရှိတာကြောင့် နောက်ဆုံး အနေဖြင့် တပ်မတော်ကိုတင်ပြတောင်းဆိုသွားမည်ဟု ဦးစိုင်းမျိုးဆွေက ဆက်လက်ပြောကြားသည်။
 
”ကျွန်တော်တို့ဘက်ကတော့ သူတို့ရဲ့ လုပ်ရပ်တွေကို ထပ်ပြီးကန့်ကွက်စရာရှိတာ ကန့်ကွက်မယ် နိုင်ငံတော် အဆင့်ကနေ တိုင်ကြားစာတွေပို့တယ်။ နောက်ထပ်လည်း ကမ္ဘာထိအောင်ဖြန့်ပြီး သူတို့လုပ်ရပ်တွေကို တိုင်စ ရာရှိတာတိုင်မယ် ကမ္ဘာကိုချပြမယ်”ဟု ဦးစိုင်းမျိုးဆွေက ပြောသည်။
 
အဆိုပါ ဒေသခံသုံးဦးဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးထံသို့ အဖမ်းဆီးခံရ သည့် သုံးယောက်အမြန်ဆုံးလွတ်မြောက်ရန် အကူအညီတောင်းခံသည့် တိုင်ကြားစာကို အောက်တိုဘာလ ၁၂ ရက်က ပေးပို့ခဲ့ကြောင်း ယင်း S. E. A အဖွဲ့မှ သိရသည်။
 
အဆိုပါတိုင်ကြားစာကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးအပြင် ကာကွယ်ရေးဦးစီးချုပ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး နေပြည်တော်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လူ့အခွင့်အရေးကော်မရှင်ရုံး၊ ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၊ လူသားချင်းစာနာမှု ရေးရာညိနိုင်းရေးမှူးရုံး၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးနှင့် သျှမ်းမျိုးနွယ်စုများထံ ဖြန့်ဝေထား သည်ဟု သိရသည်။
 
ကျော်ကျော်
 
ပုံ – ဖမ်းဆီးခံရသူ ၃ ဦး
 
#PeopleMedia #KIA #မြစ်ကြီးနားမြို့

Share this post