• Follow Us on

Home NCA လက်မှတ်ရေးထိုးခြင်း (၆) နှစ်မြောက်အထိမ်းအမှတ်တွေ့ဆုံပွဲသို့ လက်မှတ်ရေးထိုးထားသည့် တိုင်းရင်း သားလက်နက်ကိုင် (၈) ဖွဲ့ တက်ရောက်ခဲ့

NCA လက်မှတ်ရေးထိုးခြင်း (၆) နှစ်မြောက်အထိမ်းအမှတ်တွေ့ဆုံပွဲသို့ လက်မှတ်ရေးထိုးထားသည့် တိုင်းရင်း သားလက်နက်ကိုင် (၈) ဖွဲ့ တက်ရောက်ခဲ့

Share this post

နေပြည်တော်၊ အောက်တိုဘာ ၁၆ (People Media)

 

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA (၆) နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်နေ့ ကို NCA လက်မှတ်ရေးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၈) ဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တွေ့ဆုံပွဲကို ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ဖြစ်သည်။

 

ယင်းအခမ်းအနားကို ဒီမိုကရေစီမကျိုးပြုကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော်-ငြိမ်းချမ်းကောင်စီ (KNLA-PC)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ပအိုင်းအမျိုး သားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မွန်ပြည်သစ်ပါတီ (NMSP)နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)တို့မှ ခေါင်ဆောင်များနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံးညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဗီဒီယိုမက်ဆေ့ပေးပို့၍ မိန့်ခွန်းပြောကြားခဲ့သည်။

 

ထို့နောက် တက်ရောက်လာသည့် တိုင်းရင်းသားအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့က အထိမ်းအမှတ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

Photo – credit

 

#PeopleMedia #Peace

 

(unicode)


…………………………………………………………………………

 


 


 


 


 


 


 

Photo – credit

 

#PeopleMedia #Peace


Share this post