• Follow Us on

Home NLD ပါတီကို အားမရ၍ တိုင်းရင်းသားများသည် ဒေသပါတီကို မဲပေးရန် များစွာဆန္ဒပြင်းပြနေကြောင်း ကရင်အမျိုးသားပါတီပြောဆို

NLD ပါတီကို အားမရ၍ တိုင်းရင်းသားများသည် ဒေသပါတီကို မဲပေးရန် များစွာဆန္ဒပြင်းပြနေကြောင်း ကရင်အမျိုးသားပါတီပြောဆို

Share this post

ရန်ကုန်၊ ဇူလိုင် – ၁၀







(unicode)
NLD ပါတီကို အားမရ၍ တိုင်းရင်းသားများသည် ဒေသပါတီကို မဲပေးရန် များစွာဆန္ဒပြင်းပြနေကြောင်း ကရင်အမျုးိသားပါတီပြောဆို
……………………………………………………………

ရန်ကုန်၊ ဇူလိုင် – ၁၀

NLD ပါတီကို အားမရ၍ တိုင်းရင်းသားများသည် ဒေသပါတီကို မဲပေးရန် များစွာဆန္ဒပြင်းပြနေကြောင်း ကရင် အမျိုးသားပါတီအတွင်းရေးမှူး မန်းကျော်ငြိမ်းကပြောပါတယ်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကော်ပွဲ၌ ဒေသခံတိုင်းရင်းသားများသည် NlD ပါတီကို ပုံအော်၍ မဲပေးခဲ့သော်လည်း ၎င်း တို့၏ ဆောင်ရွက်ချက်များသည် အားရခြင်းမရှိ၍ ဒေသခံပါတီများကို မဲပေးရန် ဆန္ဒပြင်းပြနေကြောင်း မန်း ကျော်ငြိမ်းက ဆိုပါတယ်။

၂၀၂၀ ရွေးကောက်ပွဲ၌ ကရင်အမျိုးသားပါတီသည် ၎င်းတို့အပေါ် ဒေသခံများ၏ ယုံကြည်ချက်နှင့်ပတ်သတ်၍ people media က ဆက်သွယ်မေးမြန်းရာ၌ ပါတီအတွင်းရေးမှူး မန်းကျော်ငြိမ်းက အထက်ပါအတိုင်း ပြောဆို လိုက်တာလည်း ဖြစ်ပါတယ်။

“ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ အနိုင်ရတဲ့အစိုးရဖွဲ့နိုင်တဲ့ပါတီကို ကျွန်တော်တို့ တိုင်းရင်းသားတော်တော်များများက ဝိုင်းမဲပေးကြတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ဝိုင်းမဲပေးကြပါတယ်။ ဒါပေမဲ့ အခု ၂၀၂၀ ရွေးကောက်ပွဲပြန် ရောက်လာတော့ တိုင်းရင်းသားတော်တော်များများကို ကျွန်တော်တို့လေ့လာကြည့်ရသလောက်ကတော့ အာ ဏာရပါတီကို အားမရကြဘူး။ အဲဒီတော့ ကိုယ့်တိုင်းရင်းသားပါတီပဲမဲပြန်ပေးမယ်ဆိုတဲ့ သူတို့စိတ်တွေက အများကြီးဖြစ်ပေါ်လာတာပေါ့။ ဒါအခုအများဆုံးတွေ့နေရတာပဲ’’ဟု ၎င်းကပြောပါတယ်။

ကရင်အမျိုးသားပါတီသည် ၂၀၂၀ ရွေးကောက်ပွဲ၌ ကရင်ပြည်နယ်အပါအဝင် ကရင်တိုင်းရင်းသားများ အများဆုံးနေထိုင်သည့် ဧရာဝတီတိုင်းဒေသကြီးနှင့် ကယားပြည်နယ်ရှိ ဖားဆောင်မြို့နယ်၌ ဝင်ရောက် ယှဉ်ပြိုင်သွားမှာလည်း ဖြစ်ပါတယ်။

#PeopleMedia #ကရင်အမျိုးသားပါတီ


Share this post