• Follow Us on

Home NLD အစိုးရလက်ထက်၌ ပုဒ်မ ၅၉(စ) ပြင်ဆင်ရန် မကြာခဏလာရောက် ညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့ကြောင်း န-စ-ကဥက္ကဋ္ဌ ပြောကြား

NLD အစိုးရလက်ထက်၌ ပုဒ်မ ၅၉(စ) ပြင်ဆင်ရန် မကြာခဏလာရောက် ညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့ကြောင်း န-စ-ကဥက္ကဋ္ဌ ပြောကြား

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၂၁ (People Media)

 

NLD အစိုးရလက်ထက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)တွင် ပါဝင်သည့် ပုဒ်မ ၅၉(စ)ကို ပြင်ဆင် ရန်အတွက် မိမိထံသို့ မကြာခဏလာရောက် ညှိနှိုင်းမှုများဆောင်ရွက်ခဲ့ကြောင်း န-စ-ကဥက္ကဋ္ဌက ပြောဆို လိုက်သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၁/၂၀၂၂)ကို ဇန်နဝါရီ ၂၀ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည် တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၌ ကျင်းပခဲ့သည်။ အဆိုပါ အစည်းအဝေး၌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အထက်ပါအတိုင်း ပြောဆိုခဲ့သည်။

 

“NLD အစိုးရလက်ထက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)တွင်ပါဝင်သည့် ပုဒ်မ ၅၉(စ)ကို ပြင် ဆင်ရန်အတွက် မိမိထံသို့ မကြာခဏလာရောက် ညှိနှိုင်းမှုများဆောင်ရွက်ခဲ့ကြောင်း တပ်မတော်အနေဖြင့်ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ၂၀၁၁ -၂၀၁၅ ကာလတွင် ဆောင်ရွက်ခဲ့သကဲ့သို့ ၂၀၁၅ -၂၀၂၀ ကာလတွင်လည်း ခေတ်ကာလနှင့်ကိုက်ညီအောင်ပြင်ဆင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)သည် ၁၉၉၀ ပြည့်နှစ်ခန့်မှစတင်၍ အခြေတည်ခဲ့ခြင်းဖြစ်သဖြင့် လတ်တလော အခြေအနေနှင့် ကိုက်ညီမှုမရှိနိုင်သည်များရှိသဖြင့် ပြင်ဆင်ရန်ရှိသည်များကို နားလည်သဘောပေါက်ကြောင်း၊ သို့သော် တို့တာဝန်အရေးသုံးပါးကို ထိပါးစေမည့်အချက်များအားလုံးဝထိခိုက်၍မရကြောင်း ”န-စ-ကဥက္ကဋ္ဌ ကပြောသည်။

 

အလားတူ န-စ-ကဥက္ကဋ္ဌက “မိမိတို့သည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကိုသွား နေခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုဟူသောစကားသည် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ရွေးချယ်ခဲ့ခြင်းဖြစ်သ ဖြင့် မိမိတို့အနေဖြင့် အလေးထားအကောင်အထည်ဖော်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေးဆွေး နွေးပွဲများဆောင်ရွက်ရာတွင် ပြည်ထောင်စုကိုအခြေခံ၍ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသား အားလုံးနှင့်ပတ်သက်၍ ဖက်ဒရယ်နိုင်ငံကြီးများ၌ ဒီမိုကရေစီနှင့်ဖက်ဒရယ်တွင် တူညီသည့်အခွင့်အရေးကိုသာ ပေးထားကြောင်း၊ တိုင်းရင်းသားအားလုံးတူညီသည့် အခွင့်အရေးများရရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး တစ်ဦးတစ်ယောက်တည်း ဦးစားပေး၍မရနိုင်ကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းများဆောင်ရွက်ရာတွင် NCA နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်တွင်အခြေခံ၍ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည် ထောင်စုတည်ဆောက်ရေးကို ထိခိုက်မှုမရှိပါက လက်ခံဆွေးနွေးသွားမည်ဖြစ်ကြောင်း” ပြောဆိုခဲ့သည်။

 

#PeopleMedia #နစက #၅၉(စ)

 

(unicode)


……………………………………………………………

 


 


 


 


 


 



Share this post