• Follow Us on

Home Northrop Grumman ကုမ္ပဏီက အမေရိကန်လေတပ်အတွက် B-21 ဗုံးကြဲလေယာဉ်ငါးစင်း တည်ဆောက်နေ

Northrop Grumman ကုမ္ပဏီက အမေရိကန်လေတပ်အတွက် B-21 ဗုံးကြဲလေယာဉ်ငါးစင်း တည်ဆောက်နေ

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၁ (People Media)

 

အမေရိကန်လေတပ်အတွက် B-21 Raider ကိုယ်ပျောက်ဗုံးကြဲလေယာဉ် ငါးစင်းကို အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ Northrop Grumman လေယာဉ်နှင့် ကာကွယ်ရေးနည်းပညာထုတ်လုပ်ရေး ကုမ္ပဏီတွင် ထုတ်လုပ်လျက်ရှိကြောင်း ကုမ္ပဏီမှထိပ်တန်းအရာရှိတစ်ဦးက စက်တင်ဘာလ ၂၀ ရက်နေ့က ပြောကြားလိုက်သည်။

 

“ကျွန်တော်တို့တွေ လွန်ခဲ့တဲ့ဆယ်စုနှစ်များစွာက ဗုံးကြဲလေယာဉ်အုပ်တွေကို မှီခိုအားထားခဲ့ရတယ်။ ဒါပေမဲ့ အ ခုတော့ အခြေအနေတွေပြောင်းလဲကုန်ပါပြီ။” ဟု လေတပ်အကြီးအကဲ ဖရန့်ခ်ကန်ဒယ်လ်က လေတပ်အဖွဲ့အ စည်း၏ လေကြောင်း၊ အာကာသနှင့် ဆိုင်ဘာညီလာခံသို့တက်ရောက်လာသူများအားပြောသည်။

 

“ကျွန်တော်ပြောခဲ့သလိုပဲ ကယ်လီဖိုးနီးယားက ပမ်းဒဲလ်မှာရှိတဲ့ လေတပ်က စက်ရုံအမှတ် ၄၂ မှာ B-21 ကိုယ် ပျောက်ဗုံးကြဲလေယာဉ် ငါးစင်းကို ထုတ်လုပ်နေပါပြီ။ ဒီစီမံကိန်းနဲ့ပတ်သက်ပြီး ကျွန်တော့်ဆီကနေ အကောင်း မြင်တဲ့ကြိုတင်ခန့်မှန်း ချက်တွေကြားရဖို့တော့ မမျှော်လင့်ပါနဲ့။” ၎င်းကပြောသည်။

 

“စီမံကိန်းတိုင်း စွန့်စားရတာချည်းပါပဲ။ B-21 ဗုံး ကြဲလေယာဉ်စီမံကိန်းလည်း ဒီလိုပါပဲ။ ဒါပေမဲ့ ဒီစီမံကိန်းမှာ အ နည်းဆုံးတော့ လက်တွေ့စမ်းသပ်တဲ့နေရာမှာ ကောင်းမွန်တဲ့တိုးတက်မှုတွေရအောင် လုပ်နိုင်တာတွေ့ရပါ တယ်။” ဟု ၎င်းကပြောသည်။

 

အမေရိကန်လေတပ်သည် ၂၀၂၀ ပြည့်နှစ် နှစ်လယ်ပိုင်းလောက်တွင် တပ်တော်ဝင်မည့် B-21 ကိုယ် ပျောက်ဗုံး ကြဲလေယာဉ် အနည်းဆုံး အစင်းရေ ၁၀၀ ဝယ်ယူရန်စီစဉ်ထားသည်။ Northrop Grumman ကုမ္ပဏီက ပထမ ဦးဆုံး B-21 ဗုံးကြဲလေယာဉ်ကို မည်သည့်အချိန်တွင် အပြီးတည်ဆောက်မည်ကို ရှင်းရှင်းလင်းလင်းမသိရပေ။

 

B-21 ဗုံးကြဲလေယာဉ်စီမံကိန်းကို စီမံခန့်ခွဲနေသော အမေရိကန်လေတပ်စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးဌာန ကိုအုပ်ချုပ်သည့် ရန်းဒဲလ်ဝယ်လ်ဒန်က “ပထမဦးဆုံးဗုံးကြဲလေယာဉ်ထုတ်လုပ်ရေးမှာ နောက်ဆုံးတပ်ဆင်သည့် အဆင့်သို့ မရောက်သေးသော်လည်း စတင်အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း” ပြောသည်။

 

Ref: Northrop Grumman now has five B-21 stealth bombers in production

 

#PeopleMedia

 

(unicode)


……………………………………………………………………

 


 


 


 


 


 


 


 

Ref: Northrop Grumman now has five B-21 stealth bombers in production

 

#PeopleMedia


Share this post