• Follow Us on

Home NSPNC နှင့် NCA ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့၏ ကိုယ်စားလှယ်များတွေ့ဆုံ

NSPNC နှင့် NCA ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့၏ ကိုယ်စားလှယ်များတွေ့ဆုံ

Share this post

နေပြည်တော်၊ မတ် ၂၉

 

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSPNC နှင့် NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုဌာန၌ ကျင်းပခဲ့သည်။

 

တွေ့ဆုံဆွေးနွေးပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ  ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ညှိနှိုင်းရေး ကော်မတီဝင်များ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) နာယက ဦးခွန်ဥက္ကာ၊ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ(ALP)မှ ဥက္ကဋ္ဌ စောမြရာဇာလင်း၊ လားဟူဒီမို ကရက်တစ် အစည်းအရုံး(LDU)မှ ဒုတိယဥက္ကဋ္ဌ ကျာဖူး၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)မှ စောကျော်သန်းဌေး၊ KNU/KNLA ငြိမ်းချမ်းရေး ကောင်စီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် စောမောင်မောင်၊ မွန်ပြည်သစ်ပါတီ(NMSP) မှ ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် နိုင်အောင်မငေး၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) မှ ဗဟိုအလုပ်အမှု ဆောင် ကော်မတီဝင် စဝ်ဆောင်းဟန်တို့ပါဝင်သည့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 

တွေ့ဆုံဆွေးနွေးပွဲတွင် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က (၇၉) နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား ၌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်မိန့်ကြားခဲ့ သည့် NCA နှင့် စပ်လျဉ်းသည့် ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ် များအား ထပ်ဆင့်ရှင်းလင်း ဆွေးနွေးခဲ့ပြီး လက်နက်ကိုင်ပဋိပက္ခများ ရပ်တန့်နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ တပ်မ တော်၏ ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒ ၆ ရပ်နှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ် သက်၍ ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် တက်ရောက်လာကြသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကိုယ်စား ရခိုင်ပြည်လွတ် မြောက်ရေးပါတီ(ALP) ဥက္ကဋ္ဌ စောမြရာဇာလင်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ စဉ်ဆက်မပြတ်ဖြစ်ပေါ် လာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံသော ပြည်ထောင်စုတည်ဆောက်နိုင်ရေးကိစ္စများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အား ပြင်ဆင်ဖွဲ့စည်းခြင်းကိစ္စများနှင့် ပတ်သက်ပြီး ဆွေးနွေးပြောကြားသည်။

 

ထို့နောက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကိစ္စများနှင့်ပတ်သက်၍ လည်းကောင်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် INGO အဖွဲ့တို့အကြား အကောင် အထည် ဖော်ဆောင်ရွက်မည့် “မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် လိုအပ်သော အကူအညီများ ပေးအပ်နိုင်ရေးစီမံကိန်း” လျာထားဆောင်ရွက်နိုင်မည့် အခြေအနေများကိုလည်းကောင်း အပြန်အလှန် ဆွေးနွေးညှိနှိုင်းကြသည်။

 

#PeopleMedia


Share this post