• Follow Us on

Home ငွေကြေးချမ်းသာတဲ့ မြန်မာနိုင်ငံသားတွေ ဘန်ကောက်မှာ ကွန်ဒိုတိုက်ခန်းတွေ တိုးမြှင့်ဝယ်ယူနေ

ငွေကြေးချမ်းသာတဲ့ မြန်မာနိုင်ငံသားတွေ ဘန်ကောက်မှာ ကွန်ဒိုတိုက်ခန်းတွေ တိုးမြှင့်ဝယ်ယူနေ

Share this post

နိုင်ငံတကာ၊ မတ် ၂၈

 

ငွေကြေးချမ်းသာတဲ့ မြန်မာနိုင်ငံသားတွေက အဓိကနေရာတွေမှာ တိုက်ခန်းတွေ တိုးမြှင့်ဝယ်ယူနေတဲ့အတွက် ဘတ် ၂ သန်းနဲ့ ၄ သန်းကြား ဈေးနှုန်းရှိတဲ့ ဘန်ကောက်မြို့တော်နယ်မြေက ကွန်ဒိုမီနီယမ်တိုက်ခန်းတွေရဲ့ ရောင်းအားဟာ ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်ရင် နှစ်ဆကျော် မြင့်တက်လာခဲ့ကြောင်း Sen X အိမ်ခြံမြေစီမံခန့်ခွဲမှု ကုမ္ပဏီက အခုသီတင်းပတ်အတွင်းမှာ ပြောကြားလိုက်ပါတယ်။

 

မြန်မာပြည်မှာဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်နဲ့ ပထဝီနိုင်ငံရေးတင်းမာမှုတွေကြောင့် မြန်မာနိုင်ငံသားတွေဟာ ထိုင်း နိုင်ငံထဲမှာ ဘေးကင်းလုံခြုံရာ ခိုလှုံဖို့ ကြိုးပမ်းရှာဖွေနေတာဖြစ်ကြောင်း Sen X အိမ်ခြံမြေကုမ္ပဏီရဲ့ အမှုဆောင် အရာရှိ ဆူဖင်မီချူချိ(ပ်) က ဗုဒ္ဓဟူးနေ့ (မတ်လ ၂၇ ရက်နေ့) က ပြောပါတယ်။

 

မြန်မာနိုင်ငံတသားတချို့ဟာ ရမ်ခမ်ဟယ်လ်တက္ကသိုလ်နဲ့ အဆမ်းရှင်းတက္ကသိုလ်တို့လို အဲဒီဒေသတွင်းက တက္ကသိုလ်/ကောလိပ်တွေမှာ ကျောင်းတက်နေတဲ့ သားသမီးတွေအတွက် ရမ်ခမ်ဟယ်လ်နဲ့ ဘန်းနားနယ်မြေ တွေမှာ ကွန်ဒိုတိုက်ခန်းတွေ ဝယ်ယူနေကြတယ်လို့ ၎င်းက ပြောပါတယ်။

 

“Covid-19 ကပ်ရောဂါကာမတိုင်ခင်နဲ့ ဖြစ်ပွားနေတဲ့ကာလအတွင်း ထိုင်းနိုင်ငံထဲမှာ ကွန်ဒိုတိုက်ခန်းအများဆုံး ဝယ်ယူတဲ့ဝယ်လက်တွေက တရုတ်၊ ထိုင်ဝမ်နဲ့ ဟောင်ကောင်က ဝယ်လက်တွေဖြစ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ် ကစပြီး မြန်မာနိုင်ငံသားတွေရဲ့ ဝယ်လိုအားမြင့်တက်လာခဲ့ပြီး ထိပ်ဆုံး အဆင့် ၃ ကို ရောက်ရှိလာပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

အခုလို ဝယ်လိုအားမြင့်တက်လာတာဟာ ချေးငွေမြင့်တက်မှုတွေ၊ စီးပွားရေးနှောင့်နှေးမှုတွေကြားမှာ ဝယ်လို အားလျော့ကျလာတဲ့ ထိုင်းဝယ်လက်တွေကို ရောင်းချဖို့ အခက်တွေ့နေတဲ့ ထိုင်းအိမ်ခြံမြေဆောက်လုပ်ရေး ကုမ္ပဏီတွေအတွက် အထောက်အကူုဖြစ်စေတဲ့အရာဖြစ်တယ်လို့ ဆူဖင်က ပြောပါတယ်။

 

မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံထဲကို ရွှေ့ပြောင်းလာတဲ့လမ်းကြောင်းဟာ မကြာခင်အချိန်အတွင်းမှာ ရပ်တန့် ဦးမှာမဟုတ်ဘူးလို့ယုံကြည်ကြောင်း ၎င်းက ပြောပါတယ်။

 

ပြီးခဲ့တဲ့လက ထိုင်းနယ်စပ်ဖြစ်တဲ့ တာ့ခ်ပြည်နယ်မှာ မြန်မာနိုင်ငံသားလူငယ်အများအပြားကို ဖမ်းဆီးမိခဲ့ပြီး အဲဒီ လူငယ်တွေဟာ စစ်မှုထမ်းဥပဒေကို ရှောင်ရှားဖို့အတွက် ထွက်ပြေးလာကြတာဖြစ်ကြောင်း ယူဆရဖွယ်ရှိတယ် လို့ဆိုပါတယ်။

 

ဆန့်ကျင်ဘက်လက်နက်ကိုင်အုပ်စုတွေကို တိုက်ခိုက်နေတဲ့ မြန်မာ့တပ်မတော်ကို အင်အားတိုးမြှင့်ဖို့အတွက် မြန်မာ နစက အစိုးရဟာ အသက် ၁၈-၃၅ နှစ် အမျိုးသားနဲ့ အသက် ၁၈-၂၇ နှစ် အမျိုးသမီးတွေကို ဆင့်ခေါ်ပြီး နှစ်နှစ်ထက်မနည်း စစ်မှုထမ်းရမယ့် စစ်မှုထမ်းဥပဒေကို အတည်ပြုခဲ့ပါတယ်။

 

ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြပွဲတွေကတစ်ဆင့် လက်နက်ကိုင်တော်လှန်ရေးအဖြစ် အသွင်ကူးပြောင်းသွားတဲ့အ တွက် မြန်မာ နစက အစိုးရဟာ ပိုမိုအင်အားပြင်းထန်လာတဲ့ အတိုက်အခံတွေနဲ့ ရင်ဆိုင်နေရတယ်လို့ဆိုပါ တယ်။

 

Ref: Demand from affluent Myanmar nationals pushes up condo sales

 

#PeopleMedia


Share this post