• Follow Us on

Home W.H.O မွ တရား၀င္ႏုတ္ထြက္ရန္ လႊတ္ေတာ္ႏွင့္ ကုလသမဂၢကို ထရမ့္ အသိေပး

W.H.O မွ တရား၀င္ႏုတ္ထြက္ရန္ လႊတ္ေတာ္ႏွင့္ ကုလသမဂၢကို ထရမ့္ အသိေပး

Share this post

ဝါ႐ွင္တန္ဒီစီ၊ ဇူလိုင္ ၈

ကမာၻ႔က်န္းမာေရးအဖြဲ႕(W.H.O)မွ တရား၀င္ႏုတ္ထြက္ရန္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က တရား၀င္ အသိေပးလိုက္သည္။

ကို႐ိုနာဗိုင္းရပ္စ္ကမာၻ႔ကပ္ေရာဂါစတင္ခ်ိန္တြင္ W.H.O သည္ တ႐ုတ္ႏိုင္ငံထိန္းခ်ဳပ္မႈေအာက္တြင္႐ွိေနေၾကာင္း ထရမ့္ကစြပ္စြဲၿပီး ႏုတ္ထြက္ရန္စီစဥ္ထားေၾကာင္း ထရမ့္က ေမလကုန္တြင္ ႐ွင္းလင္းစြာေျပာခဲ့သည္။

ဥေရာပသမဂၢႏွင့္တျခားႏိုင္ငံမ်ားက မႏုတ္ထြက္ရန္တိုက္တြန္းၾကေသာ္လည္း ႏုတ္ထြက္ၿပီး ရန္ပံုေငြမ်ားကို တျခားတစ္ေနရာတြင္အစားထိုးရန္ ၫႊန္ၾကားမည္ဟု ထရမ့္ကေျပာသည္။

ႏုတ္ထြက္မည့္လုပ္ငန္းစဥ္မွာ အနည္းဆံုးတစ္ႏွစ္ၾကာျမင့္မည္ျဖစ္ၿပီး လက္႐ွိတြင္ ကုလသမဂၢႏွင့္ ကြန္ဂရက္ လႊတ္ေတာ္ကို အသိေပးထားသည္။

ႏုတ္ထြက္မည့္အေၾကာင္း အေမရိကန္က အသိေပးထားသည္ဟု ကုလသမဂၢအေထြေထြအတြင္းေရးမွဴးခ်ဳပ္၏ ေျပာခြင့္ရသူစတီဖန္ ဒ်ဴ႐ွာရစ္ကအတည္ျပဳသည္။

“ကမာၻ႔ကပ္ေရာဂါအလယ္မွာ W.H.O ကေန ႏုတ္ထြက္မယ္လို႔ အေမရိကန္ျပည္ေထာင္စုသမၼတက ကြန္ဂရက္ လႊတ္ေတာ္ကို အေၾကာင္းၾကားစာရ႐ွိပါတယ္”ဟု အေမရိကန္ဆီးနိတ္လႊတ္ေတာ္၊ ႏိုင္ငံျခားဆက္ဆံေရးေကာ္မ တီမွ ဒီမိုကရတ္ေခါင္းေဆာင္ ေရာဘတ္မီနန္ဒတ္ဇ္က တြစ္တာတြင္ေျပာသည္။

လာမည့္ႏို၀င္ဘာတြင္က်င္းပမည့္အေမရိကန္ေ႐ြးေကာက္ပြဲတြင္ ထရမ့္ကိုစိန္ေခၚမည့္ ဒီမိုကရတ္သမၼတေလာင္း ဂ်ိဳးဘိုင္ဒန္က “ကၽြန္ေတာ့္ရဲ႕သမၼတျဖစ္တဲ့ပထမဆံုးေန႔မွာ W.H.O မွာ အဖြဲ႔၀င္အျဖစ္ ျပန္ပါၿပီးေတာ့ ကမာၻ႔ ဇာတ္ခံုေပၚမွာ ကၽြန္ေတာ္တို႔ရဲ႕ေခါင္းေဆာင္မႈကို ျပန္စပါမယ္” ဟု တြစ္တာတြင္ေျပာသည္။

အေမရိကန္သည္ W.H.O ကို တစ္ဦးခ်င္းအမ်ားဆံုးလွဴဒါန္းသည့္ႏိုင္ငံျဖစ္ၿပီး ၂၀၁၉ ခုႏွစ္တြင္ W.H.O အသံုး စရိတ္ ၁၅ ရာခိုင္ႏႈန္းခန္႔ျဖစ္သည့္ ေဒၚလာသန္း ၄၀၀ ေက်ာ္လွဴဒါန္းခဲ့သည္။ ၁၉၄၈ ခုႏွစ္ကြန္ဂရက္လႊတ္ေတာ္ ဆံုးျဖတ္ခ်က္အရ အေမရိကန္ႏုတ္ထြက္ႏိုင္ေသာ္လည္း တစ္ႏွစ္ႀကိဳတင္အသိေပးရမည္ျဖစ္ၿပီး ႏုတ္ထြက္ေၾကး ေပးရမည္ျဖစ္ေသာ္လည္း ေပးေဆာင္ရမည့္အေပၚ ထရမ့္၏သေဘာထားကို မသိရေသးေခ်။

ထိုအေျခအေနမ်ားကိုလိုက္နာရန္ ဒ်ဴ႐ွားရစ္က တိုက္တြန္းေနသည္။ ႏုတ္ထြက္မႈေၾကာင့္ W.H.O ၏ ေငြေၾကး ရ႐ွိမႈအေျခအေနႏွင့္ က်န္းမာေရးေစာင့္ေ႐ွာက္မႈႏွင့္ ေရာဂါတိုက္ဖ်က္ေရးအစီအစဥ္မ်ား၏အနာဂတ္ကို ေမးခြန္ ထုတ္စရာျဖစ္လာသည္။

Ref : Coronavirus: Trump moves to pull US out of World Health Organization

#PeopleMedia

(unicode)
W.H.O မှ တရားဝင်နုတ်ထွက်ရန် လွှတ်တော်နှင့် ကုလသမဂ္ဂကို ထရမ့် အသိပေး
……………………………………………………

ဝါရှင်တန်ဒီစီ၊ ဇူလိုင် ၈

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(W.H.O)မှ တရားဝင်နုတ်ထွက်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရားဝင် အသိပေးလိုက်သည်။

ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါစတင်ချိန်တွင် W.H.O သည် တရုတ်နိုင်ငံထိန်းချုပ်မှုအောက်တွင်ရှိနေကြောင်း ထရမ့်ကစွပ်စွဲပြီး နုတ်ထွက်ရန်စီစဉ်ထားကြောင်း ထရမ့်က မေလကုန်တွင် ရှင်းလင်းစွာပြောခဲ့သည်။

ဥရောပသမဂ္ဂနှင့်တခြားနိုင်ငံများက မနုတ်ထွက်ရန်တိုက်တွန်းကြသော်လည်း နုတ်ထွက်ပြီး ရန်ပုံငွေများကို တခြားတစ်နေရာတွင်အစားထိုးရန် ညွှန်ကြားမည်ဟု ထရမ့်ကပြောသည်။

နုတ်ထွက်မည့်လုပ်ငန်းစဉ်မှာ အနည်းဆုံးတစ်နှစ်ကြာမြင့်မည်ဖြစ်ပြီး လက်ရှိတွင် ကုလသမဂ္ဂနှင့် ကွန်ဂရက် လွှတ်တော်ကို အသိပေးထားသည်။

နုတ်ထွက်မည့်အကြောင်း အမေရိကန်က အသိပေးထားသည်ဟု ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ပြောခွင့်ရသူစတီဖန် ဒျူရှာရစ်ကအတည်ပြုသည်။

“ကမ္ဘာ့ကပ်ရောဂါအလယ်မှာ W.H.O ကနေ နုတ်ထွက်မယ်လို့ အမေရိကန်ပြည်ထောင်စုသမ္မတက ကွန်ဂရက် လွှတ်တော်ကို အကြောင်းကြားစာရရှိပါတယ်”ဟု အမေရိကန်ဆီးနိတ်လွှတ်တော်၊ နိုင်ငံခြားဆက်ဆံရေးကော်မ တီမှ ဒီမိုကရတ်ခေါင်းဆောင် ရောဘတ်မီနန်ဒတ်ဇ်က တွစ်တာတွင်ပြောသည်။

လာမည့်နိုဝင်ဘာတွင်ကျင်းပမည့်အမေရိကန်ရွေးကောက်ပွဲတွင် ထရမ့်ကိုစိန်ခေါ်မည့် ဒီမိုကရတ်သမ္မတလောင်း ဂျိုးဘိုင်ဒန်က “ကျွန်တော့်ရဲ့သမ္မတဖြစ်တဲ့ပထမဆုံးနေ့မှာ W.H.O မှာ အဖွဲ့ဝင်အဖြစ် ပြန်ပါပြီးတော့ ကမ္ဘာ့ ဇာတ်ခုံပေါ်မှာ ကျွန်တော်တို့ရဲ့ခေါင်းဆောင်မှုကို ပြန်စပါမယ်” ဟု တွစ်တာတွင်ပြောသည်။

အမေရိကန်သည် W.H.O ကို တစ်ဦးချင်းအများဆုံးလှူဒါန်းသည့်နိုင်ငံဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် W.H.O အသုံး စရိတ် ၁၅ ရာခိုင်နှုန်းခန့်ဖြစ်သည့် ဒေါ်လာသန်း ၄၀၀ ကျော်လှူဒါန်းခဲ့သည်။ ၁၉၄၈ ခုနှစ်ကွန်ဂရက်လွှတ်တော် ဆုံးဖြတ်ချက်အရ အမေရိကန်နုတ်ထွက်နိုင်သော်လည်း တစ်နှစ်ကြိုတင်အသိပေးရမည်ဖြစ်ပြီး နုတ်ထွက်ကြေး ပေးရမည်ဖြစ်သော်လည်း ပေးဆောင်ရမည့်အပေါ် ထရမ့်၏သဘောထားကို မသိရသေးချေ။

ထိုအခြေအနေများကိုလိုက်နာရန် ဒျူရှားရစ်က တိုက်တွန်းနေသည်။ နုတ်ထွက်မှုကြောင့် W.H.O ၏ ငွေကြေး ရရှိမှုအခြေအနေနှင့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ရောဂါတိုက်ဖျက်ရေးအစီအစဉ်များ၏အနာဂတ်ကို မေးခွန် ထုတ်စရာဖြစ်လာသည်။

Ref : Coronavirus: Trump moves to pull US out of World Health Organization

#PeopleMedia


Share this post