• Follow Us on
Latest News

Home ကျိုက်လတ်မြို့၌ အသက် ၆၄ နှစ်အရွယ်ရှိ အငြိမ်းစား ကျောင်းဆရာမတစ်ဦးသည် PDF ကို ငွေကြေး ထောက်ပံ့သည်ဟုဆိုကာ ဖမ်းဆီးခံရ

ကျိုက်လတ်မြို့၌ အသက် ၆၄ နှစ်အရွယ်ရှိ အငြိမ်းစား ကျောင်းဆရာမတစ်ဦးသည် PDF ကို ငွေကြေး ထောက်ပံ့သည်ဟုဆိုကာ ဖမ်းဆီးခံရ

Share this post

ကျိုက်လတ်၊ အေက်တိုဘာ ၁၅ (People Media)

 

ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့တွင် အသက် ၆၄ နှစ်အရွယ်ရှိ အငြိမ်းစား ကျောင်းဆရာမတစ်ဦး သည် PDF ကို ငွေကြေးထောက်ပံ့သည်ဟုဆိုကာ သက်ဆိုင်ရာရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရ သည်။

 

ဖြစ်စဉ်မှာ ကျိုက်လတ်မြို့၊ ဗိုလ်ချုပ်လမ်း၊ အမှတ် ၂ ရပ်ကွက်နေ ဒေါ်မြခင် အသက် ၆၄ နှစ်သည် ကျိုက်လတ် မြို့၌ အောက်တိုဘာ ၁၀ ရက်နေ့တွင် လက်လုပ်ဗုံးပေါက်ကွဲခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်ပြီး သံသယရှိသဖြင့် အောက်တိုဘာ ၁၂ ရက်နေ့ နံနက် ၇ နာရီခွဲခန့်တွင် မြို့နယ်ရဲတပ်ဖွဲ့ဝင်များမှ သွားရောက်ဖမ်းဆီးစစ်ဆေး မှုများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါဖြစ်စဉ်အပေါ် န-စ-က သတင်းထုတ်ပြန်ရေးအဖွဲ့က “စစ်ဆေးတွေ့ရှိချက်အရ ဒေါ်မြခင်သည် အကြမ်း ဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်၍ ငွေကြေးထောက်ပံ့မှုများပြုလုပ်ခဲ့ကြောင်းနှင့် ကျိုက်လတ်မြို့မရဲစခန်း တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း” ပြန်လည်ရှင်းလင်း ထားသည်။

 

အလားတူ ကျိုက်လတ်မြို့မှ မြို့နယ်သံဃနာယက ဆရာတော်နှင့် မြို့မိမြို့ဖများမှ အဆိုပါအမျိုးသမီးကို အထင်မှားဖြင့် ဖမ်းဆီးထားကြောင်း ပြန်လွှတ်ပေးရန် လက်မှတ်ရေးထိုးတောင်းဆိုထားကြောင်း သိရှိရသည်။

 

#PeopleMedia #ဧရာဝတီ #ကျိုက်လတ်

 

(unicode)


……………………………………………………………

 


 


 


 


 


 



Share this post