• Follow Us on

Home ကွာရန်တီးန်ဝင်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည် တရားခွင် ပြန်လည်ရောက်ရှိ

ကွာရန်တီးန်ဝင်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည် တရားခွင် ပြန်လည်ရောက်ရှိ

Share this post

နိုင်ငံတကာ၊ ဧပြီ ၁

 

အတူနေထိုင်တဲ့ဝန်ထမ်းမှာ ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိတဲ့အတွက် ကွာရန်တီးန်ဝင်နေရတဲ့ ဒေါ်အောင်ဆန်းစု ကြည်ဟာ မတ်လ ၃၁ ရက်နေ့မှာ တရားခွင်ကို ပြန်လည်ရောက်ရှိလာတယ်လို့ အမှုနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။

 

အသက် ၇၆ နှစ်ရှိပြီဖြစ်တဲ့ အရပ်ဘက်ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို လွန်ခဲ့တဲ့နှစ်မှာ စစ်တပ်ကအာ ဏာသိမ်းပြီး ဖြုတ်ချခဲ့တာဖြစ်ပါတယ်။

 

စစ်တပ်က အာဏာသိမ်းခဲ့တာကြောင့် ပြည်သူအများအပြားလမ်းမတွေ ပေါ်ထွက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုပေါင်းမြောက်မြားစွာနဲ့ ရင်ဆိုင်နေရပြီး သူရင်ဆိုင်နေတဲ့အမှုတွေအားလုံး ပြစ် မှုထင်ရှားအစီရင်ခံရမယ်ဆိုရင် ထောင်ဒဏ်နှစ်ပေါင်း ၁၅၀ ကျော် ကျခံရမယ့်ပြစ်မှုတွေဖြစ်တယ်လို့ဆိုပါတယ်။

 

လက်ရှိအချိန်မှာ အဂတိလိုက်စားမှု၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေချိုးဖောက်မှု၊ ရွေးကောက်ပွဲ ကော်မရှင်အပေါ်ဖိအားပေးမှုတို့နဲ့ တရားရင်ဆိုင်နေစဉ်အတွင်း အတူနေထိုင်တဲ့ဝန်ထမ်းမှာ COVID-19 ရောဂါ ပိုးတွေ့ရှိခဲ့တဲ့အတွက် ပြီးခဲ့တဲ့သီတင်းပတ်က ဒေါ်အောင်ဆန်းစုကြည် ကွာရန်တီးန်ဝင်ခဲ့ရတာဖြစ်ပါတယ်။

 

ကြာသာပတေးနေ့ (မတ်လ ၃၁ ရက်) မှာတော့ နေပြည်တော်မှာရှိတဲ့ ခရိုင်တရားရုံးမှာ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေချိုးဖောက်မှုနဲ့ တရားစွဲဆိုထားတာကို ရင်ဆိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည် ရုံးတက်လာတာကိုတွေ့ရတယ်လို့ သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

 

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ကအာဏာသိမ်းပြီး ရက်ပိုင်းအတွင်းမှာ ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ သြစတေးလျ စီးပွားရေးပညာရှင် ရှောင်တာနယ်နဲ့အတူ စွပ်စွဲထားတာဖြစ်ပါတယ်။

 

အဲဒီပြစ်မှုထင်ရှားတယ်ဆိုရင် အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၁၄ နှစ်အထိ ကျခံရနိုင်တယ်လို့ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ဝန်ထမ်းတွေဟာ သူတို့တွေကို စတင်ထိန်းသိမ်းလိုက်ကတည်းက COVID-19 ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပြီးပြီလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေက AFP ကို ပြောပါတယ်။

 

စက်တင်ဘာလအတွင်း ရုံးထုတ်ကြားနာဖို့ရှိပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးမကောင်းတဲ့အတွက် တက်ရောက်နိုင်ခဲ့ခြင်းမရှိပါဘူး။

 

ဒေါ်အောင်ဆန်းစုကြည်ကို ရုံးုထုတ်ကြားနာစစ်ဆေးနေစဉ်အတွင်း သတင်းမီဒီယာတွေ တက်ရောက်နားထောင် ခွင့်မရသလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေကိုလည်း သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောကြားခွင့် ပိတ် ပင်ထားပါတယ်။

 

ဒေါ်အောင်ဆန်းစုကြည်ကို တပ်မတော်အကြည်ညိုပျက်အောင်လုပ်ဆောင်မှု၊ COVID-19 စည်းမျဉ်းဥပဒေ ချိုး ဖောက်မှု၊ ဆက်သွယ်ရေးဥပဒေချိုးဖောက်မှုတို့နဲ့ စုစုပေါင်း ထောင်ဒဏ် ၆ နှစ် ချမှတ်ထားပြီးဖြစ်ပါတယ်။

 

Ref: Myanmar’s Aung San Suu Kyi back in junta court after COVID-19 quarantine

 

(unicode)


…………………………………………..

 


 


 


 


 


 


 


 


 


 


 


 

Ref: Myanmar’s Aung San Suu Kyi back in junta court after COVID-19 quarantine


Share this post