• Follow Us on

Home ဂျာမနီက အခြေချတပ်အဆင့်ပြုပြင်ထိန်းသိမ်းမှုစခန်းကို အမေရိကန်ကြည်းတပ် ပြန်လည်မွမ်းမံ

ဂျာမနီက အခြေချတပ်အဆင့်ပြုပြင်ထိန်းသိမ်းမှုစခန်းကို အမေရိကန်ကြည်းတပ် ပြန်လည်မွမ်းမံ

Share this post

နိုင်ငံတကာ၊ ဧပြီ ၁၂

 

ဥရောပဒေသရှိ ကြည်းတပ်တိုက်ပွဲဝင်စစ်သည်တွေအတွက် အခြေချတပ်အဆင့်ပြုပြင်ထိန်းသိမ်းမှု (depot-level maintenance) လုပ်ငန်းများဆောင်ရွက်ပေးရန်အတွက် ဂျာမနီနိုင်ငံက ပြန်လည်ပြုပြင်မွမ်းမံထားတဲ့ စစ် တန်းလျားတစ်ခုကို ပြုပြင်ထိန်းသိမ်းရေးစခန်းအဖြစ် အမေရိကန်ကြည်းတပ်က ဖွင့်လှစ်လိုက်ပါတယ်။

 

ဂျာမနီနိုင်ငံ ကိုင်ဇာဆလောက်တန်မြို့ တိုဘီဟန်းနားကြည်းတပ်အခြေချပြုပြင်ရေးစခန်းမှာတည်ရှိတဲ့ အဲဒီစစ် တန်းလျားတွေကို သုံးနှစ်ကြာပြန်လည် တည်ဆောက်မွမ်းမံပြီး လက်ရှိအချိန်မှာ ဆက်သွယ်ရေးအီလက်ထရော နစ်ဌာနချုပ် (Communications-Electronics Command – CECOM) ရဲ့ ကြီးကြပ်မှုအောက်မှာ ဖွင့်လှစ်ထား တာဖြစ်ပါတယ်။

 

အဲဒီပြုပြင်ထိန်းသိမ်းရေးစခန်းအတွက် သုံးစွဲမယ့်ဘတ်ဂျက် ဒေါ်လာ ၂ သန်းကို ဥရောပနဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံ တွေကြား စစ်လက်နက်ပစ္စည်းနဲ့ နည်းပညာတွေ မြှင့်တင်ဖို့ ရည်ရွယ်ထားတဲ့ ဥရောပကာကွယ်ရေးအစီအစဉ် ရန်ပုံငွေ (European Defensive Initiative Fund) ထဲက ထုတ်ယူသုံးစွဲတာဖြစ်ပါတယ်။

 

ပြုပြင်ထိန်းသိမ်းရေးစခန်းရဲ့ အမိုးတွေနဲ့ အပြင်ဘက်အပိုင်း ပြန်လည်ပြုပြင်ရေးနဲ့ အစားထိုးတပ်ဆင်ရေးအ တွက် အပြီးသတ်ဆောင်ရွက်နိုင်အောင် ကိုင်ဇာဆလောက်တန်မြို့မှာပဲတည်ရှိတဲ့ အမေရိကန်ကြည်းတပ်စစ် စခန်း ရိုင်းလန်း-ဖာ့ဇ်ကလည်း နောက်ထပ် ဒေါ်လာ ၁၅၀,၀၀၀ ထည့်ဝင်ထားပါတယ်။

 

ပြန်လည်ပြုပြင်မွမ်းမံထားတဲ့ အဲဒီပြုပြင်ထိန်းသိမ်းရေးစခန်းဟာ နည်းဗျူဟာစစ်လက်နက်ပစ္စည်းတွေကို ငါးနှစ် ကြာတဲ့အထိ ပြုပြင်ပေးသွားနိုင်မှာဖြစ်ကြောင်း ကြည်းတပ်က ပြောပါတယ်။

 

စမ်းသပ်ခြင်းနဲ့ ပြင်ဆင်မွမ်းမံခြင်းလုပ်ငန်းတွေနဲ့အတူ အဲဒီစခန်းကနေ အီလက်ထရောနစ်နဲ့ ဆက်သွယ်ရေးစနစ် တွေကို အချိန်တိုအတွင်း အရည်အသွေးရှိရှိ ပြုပြင်ထိန်းသိမ်းရေး ဝန်ဆောင်မှုပေးသွားမှာဖြစ်ပါတယ်။

 

ဒီပြုပြင်ထိန်းသိမ်းရေးစခန်းဟာ ဥရောပဒေနဲ့ အာဖရိကဒေသမှာ အမေရိကန်ကြည်းတပ်ရဲ့ C5ISR ခေါ် ကွပ်ကဲ မှု၊ ကြီးကြပ်မှု၊ ဆက်သွယ်ရေး၊ ကွန်ပျူတာ၊ ဆိုက်ဆာ၊ ထောက်လှမ်းရေး၊ စောင့်ကြည့်ထောက်လှမ်းရေးနဲ့ ကင်း ထောက်လုပ်ငန်းတွေကို အထောက်အကူပြုရာမှာ ဆက်သွယ်ရေးအီလက်ထရောနစ်ဌာနချုပ် CECOM ရဲ့ အ ရေးပါတဲ့အခန်းကဏ္ဍကို ထပ်မံပံ့ပိုးသွားမှာဖြစ်ကြောင်း ကြည်းတပ်က ပြောပါတယ်။

 

Ref: US Army Revamps Depot-Level Equipment Maintenance Center in Germany

 

#PeopleMedia


Share this post