• Follow Us on

Home ဗလမင်းထင်တံတား လုံခြုံရေး ရဲကင်းစခန်းအား KIA၊ PDF ပူးပေါင်းအဖွဲ့မှ လာရောက်တိုက်ခိုက်

ဗလမင်းထင်တံတား လုံခြုံရေး ရဲကင်းစခန်းအား KIA၊ PDF ပူးပေါင်းအဖွဲ့မှ လာရောက်တိုက်ခိုက်

Share this post

ဝိုင်းမော်၊ ဧပြီ ၁၂

 

မြစ်ကြီးနား – ဝိုင်းမော် ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား လုံခြုံရေး ရဲကင်းစခန်းအား KIA၊ PDF ပူးပေါင်းအဖွဲ့က ယမန်နေ့၊ ည ၈ နာရီအချိန်ခန့်တွင် လာရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

မိုင်းနားကျေးရွာအနီးရှိ မှန်ပြတောင်ဘက်မှ Four Wheel (၄) စီးဖြင့် လူအင်အား ၃၀ ကျော်မှ မိုင်းနားရဲကင်း စခန်းအား လာရောက်ပစ်ခတ်ခဲ့၍ အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း အနီးရှိ ဒေသခံပြည်သူများက ဆိုသည်။

 

“တံတားလုံခြုံရေး ရဲကင်းစစ်ဆေးရေးဂိတ်ကို လာပစ်တာဟုတ်တယ်။ ကားလေးစီးနဲ့ မှန်ပြတောင်ဘက်ကနေ ရောက်လာပြီး ၄၀ မမနဲ့ လှမ်းပစ်တာ။ ရဲကင်းဘက်ကလည်း ပြန်ပစ်ကြတယ် သိပ်မကြာဘူး အပစ်ရပ်သွား တယ်” ဟု ၎င်းကရှင်းပြသည်။

 

အဆိုပါ ပစ်ခတ်မှုကြောင့် တံတားလုံခြုံရေး တာဝန်ယူဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့များ ထိခိုက်မှုမရှိပဲ KIA၊ PDF ပူးပေါင်းအဖွဲ့သည် ၎င်းတို့ လာရာလမ်းအတိုင်း ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

 

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ အတွင်းကလည်း KIA၊ PDF ပူးပေါင်းအဖွဲ့သည် ဗလမင်းထင် လုံခြုံရေးအဖွဲ့အား မိုင်းနား‌ကျေးရွာ လမ်းသွယ် (၁) မှ လက်နက်ငယ်ဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

မြတ်မင်း

 

#PeopleMedia


Share this post