• Follow Us on
Latest News

Home ဆိုက်ဘာတိုက်ခိုက်မှုကြောင့် အစ္စရေး အစိုးရဝက်ဘ်ဆိုက်များ ခေတ္တရပ်ဆိုင်းသွား

ဆိုက်ဘာတိုက်ခိုက်မှုကြောင့် အစ္စရေး အစိုးရဝက်ဘ်ဆိုက်များ ခေတ္တရပ်ဆိုင်းသွား

Share this post

နိုင်ငံတကာ၊ မတ် ၁၅

 

အစ္စရေးနိုင်ငံ အစိုးရဝက်ဘ်ဆိုက်အမြောက်အများသည် ကြီးမားသော ဆိုက်ဘာတိုက်ခိုက်မှုကြောင့် မတ် ၁၄ ရက်တွင် ခေတ္တရပ်ဆိုင်သွားခဲ့ကြောင်း အစ္စရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။

 

ဆက်သွယ်ရေး ပံ့ပိုးသူ (communications provider) တွင် တွေ့ရှိခဲ့သော Denial of service (DDoS) တိုက်ခိုက်မှုကြောင့် “အစိုးရ ဝက်ဘ်ဆိုက်တွေအပါအဝင်” ဆိုက် (Sites) ပေါင်းများစွာထံ ဝင်ရောက်ခြင်းကို ခေတ္တအတားအဆီးဖြစ်စေခဲ့ကြောင်း အစ္စရေး အမျိုးသားဆိုက်ဘာစီမံခန့်ခွဲမှုဦးစီးဌာနက ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

 

အဆိုပါ တိုက်ခိုက်မှုသည် ဒေသစံတော်ချိန် ၁၈:၁၅ နာရီနှင့် ၁၉:၃၀ နာရီကြား ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်း ဝက်ဘ်ဆိုက်များအားလုံးကို ပြန်လည်ထိန်းသိမ်းခဲ့ပြီးဖြစ်ကြောင်းနှင့် အွန်လိုင်း (online) ပြန်လည်ရရှိနေပြီဖြစ် ကြောင်း သိရသည်။

 

ဝန်ကြီးချုပ်ရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် တရားရေးဝန်ကြီးဌာနတို့အား အဓိကပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဟီဘရူးဘာသာစကားဖြင့် ထုတ်ဝေသော Haaretz သတင်းစာက ဖော်ပြထား သည်။

 

(Xinhua)

 

#PeopleMedia

 

(unicode)

ဆိုကျဘာတိုကျခိုကျမှုကွောင့ျ အစ်စရေး အစိုးရဝကျဘျဆိုကျမြား ခတေ်တရပျဆိုငျးသှား

…………………………………………

 


 


 


 


 


 

(Xinhua)

 

#PeopleMedia


Share this post