• Follow Us on
Latest News

Home တိုင်ဖွန်းမုန်တိုင်းကြောင့် ဖိလစ်ပိုင်တွင် ၂၀၈ ဦးသေဆုံးပြီး လူဦးရေ ၅၀ ကျော်ပျောက်ဆုံးနေ

တိုင်ဖွန်းမုန်တိုင်းကြောင့် ဖိလစ်ပိုင်တွင် ၂၀၈ ဦးသေဆုံးပြီး လူဦးရေ ၅၀ ကျော်ပျောက်ဆုံးနေ

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၀ (People Media)

 

ဖိလစ်ပိုင်နိုင်ငံတွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည့် တိုင်ဖွန်းမုန်တိုင်းကြောင့် တိုးလာသော အသေအပျောက်စာရင်း မှာ လူဦးရေ ၂၀၈ ဦးအထိရှိသွားပြီဖြစ်ကြောင်း ဒီဇင်ဘာ ၂၀ ရက်နေ့တွင် ဖိလစ်ပိုင်ရဲတပ်ဖွဲ့ကပြောသည်။

 

နိုင်ငံတောင်ပိုင်းနှင့် အလယ်ပိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့သည့် တိုင်ဖွန်းရိုင်မုန်တိုင်းကြောင့် ၂၃၉ ဦး ထိခိုက် ဒဏ်ရာရရှိထားကြပြီး ၅၂ ဦးမှာ ပျောက်ဆုံးနေကြောင်း ရဲတပ်ဖွဲ့ကပြောသည်။

 

ဒီဇင်ဘာလ ၁၆ ရက်နေ့က တိုင်ဖွန်းမုန်တိုင်းဝင်ရောက်လာစဉ် လူဦးရော ၃၀၀,၀၀၀ ကျော်မှာ အိုးအိမ်များနှင့် ကမ်းခြေရှိအပန်းဖြေစခန်းများကို စွန့်ခွာထွက်ပြေးခဲ့ကြရသည်။

 

ကမ်းရိုးတန်းဒေသတွင် လူများအစုလိုက်အပြုံလိုက် သေဆုံးခဲ့ကြရကြောင်း ဖိလစ်ပိုင်ကြက်ခြေနီအဖွဲ့က ထုတ် ပြန်ကြေညာခဲ့သည်။

 

“လူနေအိမ်တွေ၊ ဆေးရုံတွေ၊ စာသင်ကျောင်းတွေနဲ့ လူထုနားခိုရာအဆောက်အဦတွေ အကုန်လုံး စုတ်ပြတ် သပ်ကုန်ပါတယ်။” ဟု ကြက်ခြေနီအဖွဲ့ဥက္ကဋ္ဌ ရစ်ချတ်ဂေါ်ဒွန်က အစောပိုင်းကပြောသည်။

 

မုန်တိုင်းတိုက်ခတ်မှုကြောင့် အိမ်အမိုးများလန်ထွက်သွားသလို သစ်ပင်များအမြစ်မှကျွတ်ပါကုန်ကြောင်း၊ ကွန် ကရစ်တိုင်များပြိုလဲကုန်သလို သစ်သားအိမ်များပြိုကျကာ တစ်စစီဖြစ်ကုန်ကြောင်း၊ ကျေးရွာများလည်း ရေမြုပ် ကုန်ကြောင်း ၂၀၁၃ ခုနှစ်က တိုက်ခတ်ခဲ့သော ဟိုင်ယန်မုန်တိုင်းနှင့် နှိုင်းယှဉ်၍ ၎င်းကပြောပြသည်။

 

ဖိလစ်ပိုင်ဘာသာစကားဖြင့် ယိုလန်ဒါဟုခေါ်သော ဟိုင်ယန်မုန်တိုင်းသည် လူဦးရေ ၇၃၀၀ ကျော်သေဆုံးခဲ့သ ဖြင့် ဖိလစ်ပိုင်နိုင်ငံတွင် အဆိုးရွားဆုံးမုန်တိုင်းအဖြစ် မှတ်တမ်းတင်ထားသည်။

 

မုန်တိုင်းဒဏ်သင့်နယ်မြေတစ်ခွင်၌ ဆက်သွယ်ရေးများပြတ်တောက်နေပြီး မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုများ ကို ကျယ်ကျယ်ပြန့်ပြန့် ဆန်းစစ်လေ့လာရန်ကြိုးစားနေသည့် သဘာဝဘေးကူညီကယ်ဆယ်ရေးအဖွဲ့အစည်း များ၏ ကြိုးပမ်းမှုကိုလည်း ဟန့်တားလျက်ရှိသည်။ လျှပ်စစ်မီးများလည်း ပြတ်တောက်လျက်ရှိကာ ရေသန့်စက် များနှင့် ATM စက်များလည်း အသုံးပြုမရသေးပေ။

 

ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ဖိလစ်ပိုင်တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကမ်း ခြေစောင့်တပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များကို တပ်ဖြန့်ချထားကြောင်းသိရသည်။

 

Ref: Death toll in Philippines typhoon hits 208, over 50 missing

 

#PeopleMedia

 

(unicode)


………………………………………………………………..

 


 


 


 


 


 


 


 


 


 


 

Ref: Death toll in Philippines typhoon hits 208, over 50 missing

 

#PeopleMedia


Share this post