• Follow Us on

Home ထိုင္းေလတပ္သံုးဒ႐ုန္းေလယာဥ္ျဖင့္ ျမန္မာနယ္စပ္ကိုေစာင့္ၾကည့္ေန

ထိုင္းေလတပ္သံုးဒ႐ုန္းေလယာဥ္ျဖင့္ ျမန္မာနယ္စပ္ကိုေစာင့္ၾကည့္ေန

Share this post

ဘန္ေကာက္၊ ဒီဇင္ဘာ ၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
ျမန္မာနယ္စပ္တေလွ်ာက္ တရားမ၀င္ခိုး၀င္လာသူမ်ားကို ေထာက္လွမ္းရန္ႏွင့္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈကို ကာကြယ္ရန္ ထိုင္းေလတပ္၏ေမာင္းသူမဲ့ဒ႐ုန္းယာဥ္မ်ားျဖင့္ ကင္းလွည့္ေစာင့္ၾကည့္ေနသည္။
 
ထိုင္းေလတပ္အေရးေပၚစစ္ဆင္ေရးလံုျခံဳေရးဗဟိုဌာနမွ ဗိုလ္ခ်ဳပ္ ဂ်ာကရာေပါင္ ခ်န္ဖန္းဖန္က တနလၤာေန႔တြင္ ထုတ္ေျပာသည္။
 
ကီလိုမီတာ ၂၄၀၀ ေက်ာ္႐ွည္သည့္ထိုင္း-ျမန္မာနယ္စပ္တေလွ်ာက္တြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရမႈရပ္တန္႔ ရန္ အမ်ိဳးမ်ိဳးေသာအစီအမံမ်ားလုပ္ေနၿပီး ဒ႐ုန္းမ်ားလည္းတခုအပါအ၀င္ျဖစ္ေၾကာင္း ဂ်ာကရာေပါင္ကေျပာ သည္။
 
အျခားအစီအမံမ်ားတြင္ ေထာက္လွမ္းေရးကင္မရာမ်ား၊ သံဆူးႀကိဳးတပ္ျခံစည္း႐ိုးမ်ားတပ္ဆင္ျခင္းတို႔ပါ ၀င္သည္။
 
နယ္စပ္တြင္အသံုးျပဳေနသည့္ဒ႐ုန္းမ်ားအေၾကာင္း အေသးစိတ္မေျပာေသာ္လည္း Yavne Aeronautics ကုမၸဏီက ထိုင္းကာကြယ္ေရး၀န္ႀကီးဌာနအတြက္ Dominator ဒ႐ုန္းေရာင္းခ်ေရးေဒၚလာ ၂၇ သန္းတန္စာ ခ်ဳပ္ခ်ဳပ္ဆိုႏိုင္ခဲ့သည္ဟု ၂၀၁၈ ခုႏွစ္၊ ဇူလိုင္ ၃၀ ရက္တြင္ အစၥေရးအေျခစိုက္ Globes ၀က္ဆိုက္ကေဖာ္ျပ သည္။
 
ထိုေလယာဥ္မ်ားသည္ ကီလိုဂရမ္ ၁၉၀၀ အထိသယ္ေဆာင္ႏိုင္ၿပီး ေလထဲတြင္ နာရီ ၂၀ အထိေနႏိုင္သည္။
 
Ref : Air force drones used for border Covid surveillance
 
#PeopleMedia
 
(unicode)
ထိုင်းလေတပ်သုံးဒရုန်းလေယာဉ်ဖြင့် မြန်မာနယ်စပ်ကိုစောင့်ကြည့်နေ
…………………….
 
ဘန်ကောက်၊ ဒီဇင်ဘာ ၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
မြန်မာနယ်စပ်တလျှောက် တရားမဝင်ခိုးဝင်လာသူများကို ထောက်လှမ်းရန်နှင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ကာကွယ်ရန် ထိုင်းလေတပ်၏မောင်းသူမဲ့ဒရုန်းယာဉ်များဖြင့် ကင်းလှည့်စောင့်ကြည့်နေသည်။
 
ထိုင်းလေတပ်အရေးပေါ်စစ်ဆင်ရေးလုံခြုံရေးဗဟိုဌာနမှ ဗိုလ်ချုပ် ဂျာကရာပေါင် ချန်ဖန်းဖန်က တနင်္လာနေ့တွင် ထုတ်ပြောသည်။
 
ကီလိုမီတာ ၂၄၀၀ ကျော်ရှည်သည့်ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုရပ်တန့် ရန် အမျိုးမျိုးသောအစီအမံများလုပ်နေပြီး ဒရုန်းများလည်းတခုအပါအဝင်ဖြစ်ကြောင်း ဂျာကရာပေါင်ကပြော သည်။
 
အခြားအစီအမံများတွင် ထောက်လှမ်းရေးကင်မရာများ၊ သံဆူးကြိုးတပ်ခြံစည်းရိုးများတပ်ဆင်ခြင်းတို့ပါ ဝင်သည်။
 
နယ်စပ်တွင်အသုံးပြုနေသည့်ဒရုန်းများအကြောင်း အသေးစိတ်မပြောသော်လည်း Yavne Aeronautics ကုမ္ပဏီက ထိုင်းကာကွယ်ရေးဝန်ကြီးဌာနအတွက် Dominator ဒရုန်းရောင်းချရေးဒေါ်လာ ၂၇ သန်းတန်စာ ချုပ်ချုပ်ဆိုနိုင်ခဲ့သည်ဟု ၂၀၁၈ ခုနှစ်၊ ဇူလိုင် ၃၀ ရက်တွင် အစ္စရေးအခြေစိုက် Globes ဝက်ဆိုက်ကဖော်ပြ သည်။
 
ထိုလေယာဉ်များသည် ကီလိုဂရမ် ၁၉၀၀ အထိသယ်ဆောင်နိုင်ပြီး လေထဲတွင် နာရီ ၂၀ အထိနေနိုင်သည်။
 
Ref : Air force drones used for border Covid surveillance
 
#PeopleMedia

Share this post