• Follow Us on

Home ထိုင်းနယ်စပ်အနီးတည်ဆောက်နေတဲ့ ရထားလမ်းစီံမံကိန်းကို ထပ်မံတိုးချဲ့ဖို့ မလေးရှားစဉ်းစားနေ

ထိုင်းနယ်စပ်အနီးတည်ဆောက်နေတဲ့ ရထားလမ်းစီံမံကိန်းကို ထပ်မံတိုးချဲ့ဖို့ မလေးရှားစဉ်းစားနေ

Share this post

နိုင်ငံတကာ၊ မတ် ၂၈

 

အိမ်နီးချင်းနိုင်ငံနဲ့ စီးပွားရေးအရ အားပြိုင်မှုကို လျှော့ချဖို့ ကြိုးပမ်းနေစဉ်အတွင်း ထိုင်းနယ်စပ်အနီးမှာ ရင်းဂစ် ဘီလျံ ၅၀ (ဒေါ်လာ ၁၀.၆ ဘီလျံ) အကုန်အကျခံတည်ဆောက်နေတဲ့ ရထားလမ်းစီမံကိန်းကို ထပ်မံတိုးချဲ့ ဆောင်ရွက်ဖို့ မလေးရှားအစိုးရက စဉ်းစားနေတယ်လို့ Bangkok Post မှာ ရေးသားဖော်ပြထားပါတယ်။

 

အရှေ့ကမ်းရိုးတန်းရထားလမ်းချိတ်ဆက်မှုစီမံချက် (ECRL project) ကို ထိုင်းနိုင်ငံရဲ့ လက်ရှိ ဒါမှမဟုတ် စီ စဉ်ထားတဲ့ ရထားလမ်း အခြေ ခံအဆောက်အဦတွေနဲ့ ချိတ်ဆက်သွားဖို့ မလေးရှားအစိုးရအနေနဲ့ အသင့်ရှိနေ ကြောင်း သယ်ယူပို့ဆောင်ရေး ဝန်ကြီး အန်တိုနီလုပ်ခ်က ပြောပါတယ်။

 

ထိုင်းနိုင်ငံဟာ ရနောင်းပြည်နယ်နဲ့ ချွန်ဖုန်ပြည်နယ်က ဆိပ်ကမ်းတွေနဲ့ ချိတ်ဆက်ထားတဲ့ ရထားလမ်း/ ကား လမ်း ကွန်ရက်ပါဝင်တဲ့ ကုန်းတွင်းတံတားစီမံချက်ကိုတည်ဆောက်သွားဖို့ ကြိုးပမ်းနေပါတယ်။

 

အဲဒီစီမံချက်ဟာ မလေးရှားနိုင်ငံရဲ့ ဝင်ငွေအကောင်းဆုံး မလက္ကာရေလက်ကြား ရေလမ်းကြောင်းကို ဝင်ရောက် ခြင်းမရှိဘဲ ရှောင်လွှဲပြီး ကုန်သွယ်ရေးလမ်းကြောင်းတစ်ခု ဖန်တီးဖို့ ကြိုးစားတဲ့နည်းလမ်းတစ်ရပ်ဖြစ်တယ်လို့ ရှု မြင်ထားပါတယ်။ အဲဒီစီမံချက်ကြီးအတွက် ထိုင်းဘတ်ငွေ တစ်ထရီလီယန်ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။

 

“မလေးရှားနဲ့ ထိုင်းနိုင်ငံကြားက ဆက်ဆံရေးဟာ တစ်ဖက်နိုင် တစ်ဖက်ရှုံးတဲ့ ဆက်ဆံရေးမျိုးမဟုတ်ပါဘူး။” လို့ အန်တိုနီလုပ်ခ်က မလေးရှားလွှတ်တော်ထဲမှာ ဗုဒ္ဓဟူးနေ့ (မတ်လ ၂၇ ရက်နေ့) က ပြောပါတယ်။

 

“နှစ်နိုင်ငံစလုံးဟာ အတူတကွပေါင်းစပ်ဖြေရှင်းနိုင်တဲ့ နိုင်ငံရေးစိန်ခေါ်မှုတွေနဲ့ စီးပွားရေးစိန်ခေါ်မှုတွေကို ရင် ဆိုင်နေကြရတာဖြစ်ပါတယ်။ ပူးပေါင်းဆောင်ရွက်မှုတွေထဲက နယ်ပယ်တစ်ခုကတော့ နယ်စပ်ဖြတ်ကျော်ဆက် သွယ်ရေးပဲဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

မလေးရှားအနောက်ဘက်ကမ်းရိုးတန်း/ အရှေ့ဘက်ကမ်းရိုးတန်းတွေနဲ့ ချိတ်ဆက်သွားမယ့် အရှေ့ကမ်းရိုး တန်းရထားလမ်းချိတ်ဆက်မှုစီမံချက် (ECRL project) ဟာ ၂၀၂၇ ခုနှစ်ဝန်းကျင်လောက်မှာ ပြီးစီးမယ်လို့ ခန့် မှန်းထားပါတယ်။ အဲဒီစီမံချက်ရဲ့ နောက်ဆုံးနေရာဟာ ထိုင်းနယ်စပ်ဖြစ်တဲ့ နာရာသီဝပ်ပြည်နယ်ကနေ ကီလိုမီတာ ၄၀ ခန့် ဝေး ကွာတဲ့ မလေးရှားနိုင်ငံ ကိုတာဘာရူမြို့မှာဖြစ်ပါတယ်။

 

ထိုင်းနိုင်ငံရဲ့ ကုန်းတွင်းတံတားစီမံချက်ကို ဆက်လက်ဆောင်ရွက်ဖြစ်မယ်ဆိုရင် မလေးရှားနိုင်ငံ မြောက်ဖျားက အဓိကဆိပ်ကမ်းမြို့ဖြစ်တဲ့ ပီနန်ကို ကန့်သတ်ထိခိုက်နိုင်မှာဖြစ်ပြီး ကလန်မြို့နဲ့ ဂျိုဟိုးမြို့မှာရှိတဲ့ အဓိက အကြီး ဆုံးဆိပ်ကမ်းနှစ်ခုကိုတော့ ထိခိုက်နိုင်ခြေမရှိဘူးလို့ လုပ်ခ်က ပြောပါတယ်။

 

“တကယ်လို့ စတင်အကောင်အထည်ဖော်မယ်ဆိုရင် အဲဒီစီမံချက်က ၁၅ နှစ်လောက် အချိန်ယူဆောင်ရွက်ရမှာ ဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

Ref: Malaysia considers extending rail to Thai border

 

#PeopleMedia


Share this post