• Follow Us on

Home အိန္ဒိယနိုင်ငံက ဒေါ်လာ ၃.၇ ဘီလျံ အကုန်အကျခံ၍ အိန္ဒိယ-မြန်မာ နယ်စပ်ခြံစည်းရိုး တည်ဆောက်သွားမည်

အိန္ဒိယနိုင်ငံက ဒေါ်လာ ၃.၇ ဘီလျံ အကုန်အကျခံ၍ အိန္ဒိယ-မြန်မာ နယ်စပ်ခြံစည်းရိုး တည်ဆောက်သွားမည်

Share this post

နိုင်ငံတကာ၊ မတ် ၂၈

 

မှောင်ခိုကုန်ကူးမှုနဲ့ တခြားတရားမဝင်လုပ်ငန်းတွေကို တားဆီးကာကွယ်ဖို့အတွက် ကီလိုမီတာ ၁၆၁၀ အကွာ အဝေးရှိတဲ့ အိန္ဒိယ-မြန်မာ နယ်စပ်ကို ဆယ်နှစ်အတွင်း ဒေါ်လာ ၃.၇ ဘီလျံ အကုန်အကျခံပြီး ခြံစည်းရိုးတည် ဆောက်သွားဖို့ အိန္ဒိယအစိုးရက စီစဉ်နေပါတယ်။

 

အိန္ဒိယအစိုးရအနေနဲ့ နယ်စပ်ဒေသကို ခြံစည်းရိုးခတ်သွားမှာဖြစ်သလို အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံရဲ့ အရှေ့ မြောက်ဒေသ လူဦးရေထိန်းချုပ်ဖို့အတွက် ဆယ်စုနှစ်ပေါင်းများစွာကျင့်သုံး လာခဲ့တဲ့ နှစ်နိုင်ငံနယ်စပ်ဒေသနေ ပြည်သူများ ဗီဇာကင်းလွတ်ခွင့်သွားလာရေးကို ရပ်တန့်သွားတော့မှာဖြစ်ကြောင်း အိန္ဒိယအစိုးရက အခုနှစ် အ စောပိုင်းက ပြောပါတယ်။

 

ဝန်ကြီးချုပ်နရန်ဒရာမိုဒီအစိုးရအဖွဲ့က ခွင့်ပြုဖို့ လိုအပ်တဲ့ အဲဒီခြံစည်းရိုးခတ်မယ့်စီမံချက်အတွက် ကုန်ကျစရိတ် ကို အခုလအတွင်း အစိုးရကော်မတီတစ်ရပ်က ခွင့်ပြုခဲ့ကြောင်း အမည်မဖော်လိုတဲ့ အစိုးရအာဏာပိုင်တစ်ဦးက ပြောပါတယ်။

 

ဝန်ကြီးချုပ်ရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ သတင်းနဲ့ ပြန်ကြား ရေးဝန်ကြီးဌာနတွေကတော့ ဒီသတင်းနဲ့ ပတ်သက်ပြီး တုံ့ပြန်ဖြေကြားတာမရှိသေးပါဘူး။

 

အိန္ဒိယစီမံချက်နဲ့ ပတ်သက်ပြီး မြန်မာအစိုးရဘက်ကလည်း တု့ုံပြန်ဖြေကြားတာမရှိသေးပါဘူး။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်က အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားထောင်ပေါင်းများစွာနဲ့ အစိုးရတပ်ဖွဲ့ဝင် အများအပြား နယ်စပ်ကတစ်ဆင့် အိန္ဒိယနိုင်ငံထဲကို ဝင်ရောက်လာခဲ့ပါတယ်။

 

အဲဒီလို ဝင်ရောက်လာတဲ့အတွက် လူမျိုးစုအချင်းချင်းကြား ဖြစ်ပွားနေတဲ့ တင်းမာမှုတွေက အိန္ဒိယနိုင်ငံထဲကို ကူးစက်ပြန့်ပွားလာမှာ အစိုးရက စိုးရိမ်ပူပန်နေပါတယ်။

 

မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မဏိပူရ်ပြည်နယ် အခြေအနေတွေကို ပိုမို တင်းမာလာအောင် အထောက်အကူပေးနေတဲ့ နယ်စပ်ဒေသစိမ့်ဝင်မှုတွေကိုလည်း အိန္ဒိယအစိုးရအဖွဲ့ဝင်တချို့ က ပြစ်တင်ဝေဖန်ပါတယ်။

 

မဏိပူရ်ပြည်နယ်ဟာ လူမျိုးစုနှစ်စုကြားဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ဒဏ်ကို တစ်နှစ်နီးပါး ခံစားနေရတဲ့ ပြည်နယ် ဖြစ်ပြီး အဲဒီလူမျိုးစုထဲက လူမျိုးတစ်မျိုးက မြန်မာနိုင်ငံထဲက ချင်းလူမျိုးစုနဲ့ ဆက်နွယ်နေတဲ့လူမျိုးဖြစ်ပါတယ်။

 

အဲဒီခြံစည်းရိုးနဲ့အပြိုင် လမ်းမတွေဖောက်လုပ်ဖို့နဲ့ နယ်စပ်မှာရှိတဲ့ စစ်စခန်းတွေဆီသွားလို့ရမယ့် လမ်းခွဲတွေပါ ဖောက်လုပ်သွားဖို့ အိန္ဒိယထိပ်တန်းအရာရှိတွေပါဝင်တဲ့ ကော်မတီက သဘောတူခဲ့ပါတယ်။

 

Ref: India ‘to build $3.7bn Myanmar border fence’

 

#PeopleMedia


Share this post