• Follow Us on

Home ဒိန်းမတ်ရောင်းချပေးမယ့် F-16 ဂျက်တိုက်လေယာဉ်တွေ အာဂျင်တီးနားရရှိမည်

ဒိန်းမတ်ရောင်းချပေးမယ့် F-16 ဂျက်တိုက်လေယာဉ်တွေ အာဂျင်တီးနားရရှိမည်

Share this post

နိုင်ငံတကာ၊ မတ် ၂၉

 

ဒိန်းမတ်နိုင်ငံဟာ အာဂျင်တီးနားနိုင်ငံကို F-16 ဂျက်တိုက်လေယာဉ်တွေရောင်းချပေးဖို့အတွက် သဘောတူစာ ချုပ်မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။

 

ဒိန်းမတ်နိုင်ငံဟာ အမေရိကန်ရဲ့ခွင့်ပြုချက်နဲ့ အာဂျင်တီးနားနိုင်ငံကို F-16 ဂျက်တိုက်လေယာဉ် ၂၄ စင်း ရောင်း ချပေးပြီး အဲဒီလိုရောင်းချပေးလိုက်တဲ့အတွက် လော့ဟိမာတင်ကုမ္ပဏီထုတ် F-35 Lightning II ဂျက်တိုက် လေယာဉ်တွေကို ဒိန်းမတ်အတွက် ပြန်လည်အစားထိုးရောင်းချပေးသွားမှာဖြစ်ပါတယ်။

 

F-16 ဂျက်တိုက်လေယာဉ်တွေရောင်းချပေးဖို့အတွက် အမေရိကန်အစိုးရနဲ့ ညှိနှိုင်းခဲ့ရကြောင်း ဒိန်းမတ်ကာ ကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ “အာဂျင်တီးနားနိုင်ငံနဲ့ ဆွေးနွေးပွဲမှာ ရလဒ်ကောင်းတွေရရှိခဲ့ပါတယ်။

 

ကမ္ဘာတစ်ဝန်း F-16 ဂျက်တိုက်လေယာဉ် တွေ ပိုင်ဆိုင်တဲ့ နိုင်ငံတွေစာရင်းထဲမှာ ပါဝင်ခွင့်ရတော့မှာဖြစ်တဲ့ အတွက် အလွန်ကျေနပ်မိကြောင်း အာဂျင်တီး နားနိုင်ငံက ပြောပါတယ်။” လို့ ဒိန်းမတ်ကာကွယ်ရေးဝန်ကြီး တာရိုးလွန်းပေါ့လ်ဆန်က ပြောပါတယ်။

 

“ကျွန်တော်တို့လုပ်ဖော်ကိုင်ဖက် အာဂျင်တီးနားနိုင်ငံနဲ့ ကျွန်တော်တို့ ဒီကနေ့ ဗျူနိုအေရီးမြို့မှာ လက်မှတ်ရေး ထိုးခဲ့ရတာကို အလွန်ကျေနပ်မိပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ဒိန်းမတ်၊ နယ်သာလန်၊ နော်ဝေနဲ့ ဘယ်လ်ဂျီယန်နိုင်ငံတို့က လေတပ်တွေကို စုပေါင်းတိုက်ခိုက်ရေးအင်အား တစ်ရပ်အဖြစ် ပေါင်းစပ်ဖွဲ့စည်းဖို့အတွက် နေတိုးအဖွဲ့ရဲ့ ကြိုးပမ်းမှုတစ်ရပ်အဖြစ် ဒိန်းမတ်နိုင်ငံကို ၁၉၈၀ ပြည့် လွန်နှစ်တွေမ်ှာ F-16 ဂျက်တိုက်လေယာဉ်တွေ စတင်ရောက်ရှိလာတာဖြစ်ပါတယ်။

 

၂၀၂၃ ခုနှစ် စက်တင်ဘာလမှာ လော့ဟိမာတင်ကုမ္ပဏီက F-35 Lightning II ဂျက်တိုက်လေယာဉ် ၄ စင်းဖြစ် တဲ့ ပထမအသုတ်ကို ဒိန်းမတ်နိုင်ငံကို ပေးပို့ခဲ့ပါတယ်။

 

အာဂျင်တီးနားကို F-16 ဂျက်တိုက်လေယာဉ်တွေရောင်းချပေးဖို့ ကြေညာလိုက်စဉ်အတွင်းမှာပဲ ယူကရိန်းနိုင်ငံ အတွက် F-16 ဂျက်တိုက်လေယာဉ်တွေ ထောက်ပံ့ပေးဖို့ကိုလည်း ပြင်ဆင်ဆောင်ရွက်နေကြောင်း ဒိန်းမတ်နိုင် ငံက အတည်ပြုပြောဆိုပါတယ်။

 

F-35 ဂျက်တိုက်လေယာဉ်တွေ စီစဉ်ထားတဲ့အချိန်ထက် စောပြီး ရောက်လာမှာဖြစ်တဲ့အတွက် ၂၀၂၇ ခုနှစ်အ ထိ သက်တမ်းရှိတဲ့ F-16 ဂျက်တိုက်လေယာဉ်တွေကို ၂၀၂၅ ခုနှစ်မတိုင်ခင်မှာ အနားပေးသွားတော့မှာဖြစ် ကြောင်း ဒိန်းမတ်အစိုးရက ပြီးခဲ့တဲ့နှစ်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

 

ကနဦးမှာ ယူကရိန်းနိုင်ငံကို F-16 ဂျက်တိုက်လေယာဉ် ၁၉ စင်း လွှဲပြောင်းထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ တာရိုးလွန်းပေါ့လ်ဆန်က ပြောပါတယ်။

 

အလားတူ တခြားနိုင်ငံတွေနဲ့ ပူးပေါင်းပြီး ယူကရိန်းလေသူရဲတွေကို လေ့ကျင့်သင်ကြားပေးသွားဖို့ စီစဉ်နေ ကြောင်းလည်း ဒိန်းမတ်အစိုးရက ၂၀၂၃ ခုနှစ်မှာ ပြောကြားခဲ့ပါတယ်။

 

အဲဒီအစီအစဉ်ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ဗြိတိန်လေတပ်က စတင်ဆောင်ရွက်ခဲ့ပါတယ်။

 

တစ်လအကြာမှာတော့ နော်ဝေတပ်မတော်က ယူကရိန်းလေသူရဲတွေကို လေ့ကျင့်ပေးဖို့ F-16 ဂျက်တိုက်လေ ယာဉ်တွေကို ဒိန်းမတ်နိုင်ငံကို စေလွှတ်ပေးခဲ့ပါတယ်။

 

တပြိုင်တည်းမှာပဲ ဒတ်ချ်အစိုးရဟာ ယူကရိန်းနိုင်ငံအတွက် F-16 ဂျက်တိုက်လေယာဉ် ၂၄ စင်း ထောက်ပံ့ပေး သွားမယ်လို့ ၂၀၂၂ ခုနှစ်မှာ ကတိပြုခဲ့ပြီးနောက် F-16 ဂျက်တိုက်လေယာဉ်တွေအတွက် လက်နက်တွေဝယ်ယူ ဖို့ အခုနှစ် မတ်လအစောပိုင်းက ဘတ်ဂျက်ခွဲဝေခဲ့ပါတယ်။

 

Ref: Argentina to Acquire F-16 Fighter Jets from Denmark

 

#PeopleMedia


Share this post