• Follow Us on

Home ဖင်လန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ပျော်စရာအကောင်းဆုံးနိုင်ငံဖြစ်ပေမဲ့ စိန်ခေါ်မှုတွေရှိနေဆဲဖြစ်တယ်လို့ဆို

ဖင်လန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ပျော်စရာအကောင်းဆုံးနိုင်ငံဖြစ်ပေမဲ့ စိန်ခေါ်မှုတွေရှိနေဆဲဖြစ်တယ်လို့ဆို

Share this post

နိုင်ငံတကာ၊ မတ် ၂၉

 

အကောင်းဆုံး စီမံအုပ်ချုပ်မှု၊ လူမှုရေးထောက်ပံ့မှု၊ လွတ်လပ်မှု၊ တည်ငြိမ်မှု၊ တန်းတူညီမျှမှု၊ အားလုံးပါဝင်နိုင်မှု၊ ပညာရေးကောင်းမွန်မှုနဲ့ ကောင်းမွန်တဲ့ သဘာဝတရားတို့ကြောင့် ဖင်လန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ပျော်စရာအ ကောင်းဆုံးနိုင်ငံအဖြစ် ကုလသမဂ္ဂအစီရင်ခံစာတစ်စောင်မှာ ဖော်ပြထားပါတယ်။

 

ထိုင်း-ဖင်လန် အနှစ် ၇၀ မြောက် သံတမန်ဆက်ဆံရေးနေ့ အခမ်းအနားကျင်းပဖို့အတွက် ဖင်လန်နိုင်ငံ နိုင်ငံ ခြားရေးကုန်သွယ်မှုနဲ့ ဖွံံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဗီလာတာဗီယိုက အစည်းအဝေးတစ်ခု မှာ မိန့်ခွန်းပြောကြားရာမှာ “ဖင်လန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ပျော်စရာအကောင်းဆုံးနိုင်ငံ” ဖြစ်ကြောင်း ထည့် သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။

 

ဖင်လန်နိုင်ငံဟာ ကမ္ဘာပေါ်က နိုင်ငံပေါင်း ၁၄၃ နိုင်ငံထဲမှာ ပျော်စရာအကောင်းဆုံးနိုင်ငံအဖြစ် ၇ နှစ်ဆက်တိုက် ထိပ်ဆုံးမှာရှိနေခဲ့ပြီး ထိုင်းနိုင်ငံကတော့ အဆင့် ၆၀ မှာရှိကြောင်း ၂၀၂၃ ခုနှစ် ကုလသမဂ္ဂကမ္ဘာ့ပျော်ရွှင်မှုအစီ ရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

အဲဒီအစီရင်ခံစာဟာ အချက် ၈ ချက်ကို အခြေခံထားတာဖြစ်ပြီး အဲဒီအခြေခံအချက်တွေကတော့ အစိုးရပေါ် ယုံကြည်မှု၊ ဒီမိုကရေစီအရည်အသွေး၊ လူတစ်ဦးချင်း GDP (တစ်ဦးချင်းစုစုပေါင်းထုတ်လုပ်မှုတန်ဖိုး)၊ ကျန်း မာရေး ကောင်းမွန်တဲ့လူ့ဘဝသက်တမ်း၊ လူမှုရေးထောက်ပံ့မှုရရှိတဲ့အခြေအနေ၊ ဆုံးဖြတ်ချက်တွေ လွတ်လွတ်လပ်လပ် ချမှတ်နိုင်မှု၊ လူ့အဖွဲ့အစည်းရဲ့ စေတနာကောင်းမှုနဲ့ အဂတိလိုက်စားမှုကင်းရှင်းခြင်း စတာတွေပဲဖြစ်ပါတယ်။

 

ဖင်လန်နိုင်ငံဟာ အဲဒီအခြေခံအချက်တွေမှာ အဆင့်မြင့်မြင့် အမှတ်ရရှိထားတဲ့ နိုင်ငံဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် Legatum Prosperity Index 2023 မှာ ဖင်လန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး စီမံအုပ်ချုပ်မှုရှိတဲ့နိုင်ငံ အဖြစ်ဖော်ပြထားသလို Fragile States Index မှာ ဖင်လန်နိုင်ငံကို ကမ္ဘာပေါ်က အတည်ငြိမ်ဆုံးနိုင်ငံအဖြစ် ဖော်ပြထားပါတယ်။

 

ဒါ့အပြင် နယ်စည်းမထားသတင်းထောက်များအဖွဲ့က ဖင်လန်နိုင်ငံကို ကမ္ဘာပေါ်မှာ ပဉ္စမမြောက် စာနယ်ဇင်း လွတ်လပ်ခွင့်အရှိဆုံးနိုင်ငံအဖြစ်ဖော်ပြသလို Social Progress Index ကလည်း လူနည်းစုတွေအတွက် ပါဝင်မှု အများဆုံးရရှိတဲ့နိုင်ငံအဖြစ် ဖော်ပြထားပါတယ်။

 

ဒါ့အပြင် ကျား/မ/လိင် တန်းတူညီမျှရှိမှု၊ အကောင်းဆုံးပညာရေးစနစ်ရှိမှု၊ သဘာဝရင်းမြစ်တွေ အလျှံပယ်ကြွယ် ဝမှုတို့လို အချက်အလက်တွေကလည်း ဖင်လန်နိုင်ငံကို ကမ္ဘာပေါ်မှာ ပျော်စရာအကောင်းဆုံးနိုင်ငံဖြစ်အောင် ပံ့ ပိုးပေးတဲ့အချက်တွေထဲမှာပါဝင်ကြောင်း ဗီလာတာဗီယိုက ပြောပါတယ်။

 

ဒါပေမဲ့ ဖင်လန်နိုင်ငံမှာလည်း ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ရမယ့် ပြဿနာတွေရှိနေဆဲဖြစ်ပါတယ်။

 

ဖင်လန်နိုင်ငံရဲ့လူဦးရေ ၅% ဟာ စိတ်ကျရောဂါခံစားနေရသလို လူဦးရေ ၁၀၀၀၀၀ မှာ ကိုယ့်ကိုယ်ကိုယ်သတ် သေတဲ့နှုန်း ၁၃.၄ ရှိပြီး ကမ္ဘာ့အဆင့် ၃၇ ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ အချက်အလက်တွေအရ သိရပါတယ်။ ဒါ့အပြင် နိုင်ငံမြောက်ပိုင်း လပ်လန်းဒေသမှာရှိတဲ့ ဆာမီလူမျိုးစုတွေဟာ မြေယာပိုင်ဆိုင်ခွင့်နဲ့ အသုံးချခွင့် ပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

 

Ref: Finns are the world’s happiest, but Finland have their share of challenges

 

#PeopleMedia


Share this post