• Follow Us on

Home အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ဆီးရီးယားစစ်သား ၃၆ ဦးထက်မနည်းသေဆုံး

အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ဆီးရီးယားစစ်သား ၃၆ ဦးထက်မနည်းသေဆုံး

Share this post

နိုင်ငံတကာ၊ မတ် ၂၉

 

ဟစ်ဘိုလာစစ်သွေးကြွတွေရဲ့ လက်နက်တိုက်တွေရှိတဲ့ အလက်ပိုမြို့အနီးက နယ်မြေတစ်ခုကို အစ္စရေးက သောကြာနေ့ (မတ်လ ၂၉ ရက်နေ့) က လေကြောင်းကနေ တိုက်ခိုက်ခဲ့ရာ ဆီးရီးယားစစ်သား ၃၆ ဦးထက်မ နည်း သေဆုံးခဲ့ပါတယ်။

 

လက်ဘနွန်နိုင်ငံက ဟစ်ဘိုလာစစ်သွေးကြွအုပ်စုပိုင်ဆိုင်တဲ့ ရော့ကက်သိုလှော်ငရုံတွေအနီးက ပစ်မှတ်တစ်ခု ကို အစ္စရေးဘက်က တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ဆီးရီယားမှာရှိနေတဲ့ ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့် အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောပါတယ်။

 

“စစ်သား ၃၆ ဦးထက်မနည်းသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။” လို့ အဲဒီအဖွဲ့က ပြောပါတယ်။

 

တိုက်ခိုက်ခဲ့တဲ့နေရာဟာ အလက်ပိုမြို့က နိုင်ငံတကာလေဆိပ် အနီးမှာ တည်ရှိတယ်လို့လည်း ဆိုပါတယ်။

 

အရုဏ်မတက်ခင် တိုက်ခိုက်မှုကြောင့် စစ်သားတွေကျဆုံးခဲ့သလို အရပ်သားတွေလည်း သေဆုံး/ဒဏ်ရာရတာ တွေရှိခဲ့ကြောင်း ဆီးရီးယားအစိုးရသတင်းဌာန SANA က ပြောပါတယ်။

 

ခန့်မှန်းမနက် ၁ နာရီ ၄၅ မိနစ်လောက်မှာ အလက်ပိုမြို့အရှေ့တောင်ဘက်က အသရီယီဘက်ကို အစ္စရေးက လေကြောင်းကတိုက်ခိုက်ခဲ့ရာမှာ စစ်သားတွေရော အရပ်သားတွေပါ သေဆုံး/ဒဏ်ရာရခဲ့ကြောင်း ဆီးရီးယား စစ်ဘက်သတင်းရင်းမြစ်တစ်ဦးက SANA သတင်းဌာနကို ပြောပါတယ်။

 

အစ္စရေးနိုင်ငံရှိ AFP သတင်းထောက်က အစ္စရေးဘက်ကို ဆက်သွယ်မေးမြန်းရာမှာ နိုင်ငံခြားမီဒီယာတွေက ပြောဆိုတဲ့သတင်းတွေအတွက် ပြန်လည်ဖြေကြားမှာမဟုတ်ကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။

 

၂၀၁၁ ခုနှစ် ပြည်တွင်းစစ်စတင်ဖြစ်ပွားကတည်းက လက်ဘနွန်နိုင်ငံထဲက ဟစ်ဘိုလာစစ်သွေးကြွတွေကို ထောက်ပံ့နေတဲ့လမ်းကြောင်းတွေကို ဖြတ်တောက်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ ဆီးရီးယားနိုင်ငံထဲက ပစ်မှတ်တွေကို အစ္စရေးစစ်တပ်က လေကြောင်းက အကြိမ်ပေါင်းရာနဲ့ချီပြီး တိုက်ခိုက်ခဲ့ပါတယ်။

 

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၇ ရက် အစ္စရေး-ဟားမတ်စ်စစ်ပွဲစတင်ဖြစ်ပွားခဲ့တဲ့အချိန်မှာ ဆီးရီးယားနိုင်ငံထဲ ကို တိုက်ခိုက်တဲ့အကြိမ်ရေဟာလည်း ပိုမိုများပြားလာခဲ့ပါတယ်။

 

အစ္စရေး-ဟားမတ်စ် စစ်ပွဲကြောင့် အစ္စရေးဘက်မှာ ၁၁၆၀ ဝန်းကြျင်သေဆုံးခဲ့ပြီး အဖမ်းခံထားရတဲ့ ဓားစာခံ ၂၅၀ အနက် ၁၃၀ ဝန်းကျင် ကျန်ရှိနေဆဲဖြစ်သလို ဂါဇာဒေသမှာလည်း အစ္စရေးတွေရဲ့လက်တုံ့ပြန်တိုက်ခိုက် မှုကြောင့် ပါလက်စတိုင်း ၃၂၅၅၂ ဦး ဝန်းကျင် သေဆုံးခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

 

အလားတူ ဟားမတ်စ်အဖွဲ့ရဲ့ မဟာမိတ်ဖြစ်တဲ့ လက်ဘနွန်နိုင်ငံထဲမှာရှိတဲ့ ဟစ်ဘိုလာအဖွဲ့နဲ့ အစ္စရေးတို့ အပြန် အလှန်ပစ်ခတ်ရာမှာ ပြီးခဲ့တဲ့ ခြောက်လအတွင်း အရပ်သား ၆၈ ဦးအပါအဝင် ဟစ်ဘိုလာ ၃၄၆ ဦး သေဆုံးခဲ့ ကြောင်း AFP သတင်းဌာနက ပြောပါတယ်။

 

Ref: Israeli Strike Kills 36 Syrian Soldiers near Aleppo: War Monitor

 

#PeopleMedia


Share this post