• Follow Us on

Home နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် CRPH၊ NUG၊ PDF နှင့် NLD အစွန်းရောက်များ၏ အကြမ်းဖက်လုပ်ရပ် များကို အားပေးထောက်ခံမှုမပြုလုပ်သင့်ကြောင်း တပ်ချုပ်ပြောကြား

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် CRPH၊ NUG၊ PDF နှင့် NLD အစွန်းရောက်များ၏ အကြမ်းဖက်လုပ်ရပ် များကို အားပေးထောက်ခံမှုမပြုလုပ်သင့်ကြောင်း တပ်ချုပ်ပြောကြား

Share this post

နေပြည်တော်၊ မတ် ၂၈

 

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် CRPH ၊ NUG ၊ PDFနှင့် NLD အစွန်းရောက်များ၏ အကြမ်းဖက်လုပ်ရပ် များကို အားပေးထောက်ခံမှု မပြုလုပ်သင့်သကဲ့သို့ ပညာရေးကဏ္ဍကို ရည်ရွယ်ချက်ရှိရှိဖျက်ဆီးနေသည့် အကြမ်းဖက်တိုက်ခိုက်မှုများအား ဆန့်ကျင်ရှုတ်ချရန် လိုအပ်ကြောင်း (၇၉) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တို့တပ်မတော်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အရေးပေါ်ကာလပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံတော်၏ တာဝန်ကို ထိန်းသိမ်းခဲ့ခြင်း ဖြစ်သော်လည်း ထိုသို့ ထိန်းသိမ်းဆောင်ရွက်မှုနှင့်ပတ်သက်ပြီး နိုင်ငံရေးအသုံးချမှုများစွာနှင့် ကြုံတွေ့ခဲ့ရ ကြောင်း၊ ထိုအချိန်က ရွေးချယ်ခံကိုယ်စားလှယ်များကို လက်ရှိနိုင်ငံရေးဖြစ်စဉ်နှင့် ပတ်သက်ပြီး တရားဥပဒေ နှင့်အညီ ဖြေရှင်းနိုင်စေရန်အတွက် နေရပ်ဒေသအသီးသီးသို့ ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း၊ သို့သော် ရွေးကောက်ခံကိုယ်စားလှယ်များအဖြစ် ရပ်တည်ခွင့်မရှိတော့သည့် သူများသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် “ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)” အမည်နှင့် တရားမဝင်ကော်မတီကို ဖွဲ့စည်းခဲ့တဲ့အပြင် ယင်းနှစ်၊ ဧပြီလ ၁၆ ရက် နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government -NUG) အမည်နှင့် တရားမဝင်အစိုးရတစ်ရပ်ကို ဖွဲ့စည်းခဲ့ကြောင်း၊ ထို့နောက် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (People Defence Force-PDF)ကို ဖွဲ့စည်းပြီး ၎င်းတို့ကို ထောက်ခံအားပေးသူများကို လက်နက်ကိုင်ဆူပူအုံကြွမှုများ လုပ်ဆောင်ရန် တွန်းအားပေးဆောင်ရွက်လာခဲ့ကြောင်း ပြောသည်။

 

ထိုအချိန်ကစ၍ မြန်မာနိုင်ငံအနှံ့အပြားတွင် မိုင်းထောင်ဖောက်ခွဲမှု၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးမှု၊ ပစ္စည်း လုယက်မှု၊ အတင်းအကျပ်ဆက်ကြေးတောင်းခံမှု၊ လုံခြုံရေးစခန်းများကို တိုက်ခိုက်မှုများသာမကဘဲ ၎င်းတို့နှင့် အမြင်မတူသူများကို ဒလန်လို့ စွပ်စွဲသတ်ဖြတ်မှု စသည့် အကြမ်းဖက်လုပ်ရပ်များ မကြာခဏဖြစ်ပွားလာခဲ့ ကြောင်း၊ အဆိုးရွားဆုံးကတော့ နိုင်ငံ့တာဝန်ထမ်းဆောင်နေသည့် အရပ်ဘက်ဝန်ထမ်းများ၊ အထူးသဖြင့် ဆရာ၊ ဆရာမများနှင့် ပညာရေးဆိုင်ရာဝန်ထမ်းများကို ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ အကြောင်းမဲ့ လုပ်ကြံသတ် ဖြတ်ခြင်း၊ လူသားတံတိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းများ လုပ်ဆောင်နေတာပဲဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောသည်။

 

၎င်းတို့၏ အဓိက ရည်ရွယ်ချက်သည် လူငယ်/ လူရွယ်များကို ပညာရေးနိမ့်ကျပြီး အမှား၊ အမှန် မခွဲခြားနိုင်ဘဲ လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်နောက်ကိုလိုက်ပါ လုပ်ဆောင်လာစေရန် ဖြစ်ကြောင်း၊ ထို့ကြောင့် တို့နိုင်ငံ အပါအဝင် ကမ္ဘာပေါ်မှာရှိသည့် မည်သည့်နိုင်ငံ၊ မည်သည့်လူ့အဖွဲ့အစည်းကမှ လက်ခံနိုင်စရာမရှိသည့် ဒီအကြမ်းဖက်လုပ်ရပ်များကို အချိန်မီကာကွယ်တားဆီးရမည်ဖြစ်ပြီး ယင်းသို့လုပ်ဆောင်သည့်နေရာတွင် တပ်မတော်အနေနှင့် ပြည်သူနှင့်အတူ လက်တွဲပြီး ပါဝင်ဆောင်ရွက်ရမည်ပဲဖြစ်ကြောင်း၊ နိုင်ငံတကာအသိုက် အဝန်းအနေနဲ့လည်း CRPH ၊ NUG ၊ PDFနှင့် NLD အစွန်းရောက်များ၏ အကြမ်းဖက်လုပ်ရပ်များကို အား ပေးထောက်ခံမှု မပြုလုပ်သင့်သကဲ့သို့ ပညာရေးကဏ္ဍကို ရည်ရွယ်ချက်ရှိရှိဖျက်ဆီးနေသည့် အကြမ်းဖက်တိုက် ခိုက်မှုများအား ဆန့်ကျင်ရှုတ်ချရန် လိုအပ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

 

#PeopleMedia


Share this post