• Follow Us on

Home အစ္စရေးကိုတင်ပို့ခဲ့တဲ့ စစ်လက်နက်ပစ္စည်း ၉၉% အမေရိကန်နဲ့ ဂျာမနီက တင်ပို့ခဲ့တာဖြစ်ကြောင်း SIPRI ပြော

အစ္စရေးကိုတင်ပို့ခဲ့တဲ့ စစ်လက်နက်ပစ္စည်း ၉၉% အမေရိကန်နဲ့ ဂျာမနီက တင်ပို့ခဲ့တာဖြစ်ကြောင်း SIPRI ပြော

Share this post

နိုင်ငံတကာ၊ မတ် ၂၈

 

အစ္စရေးတပ်မတော်အတွက် ၂၀၂၃ ခုနှစ်အတွင်း တင်ပို့ခဲ့တဲ့ စစ်လက်နက်ပစ္စည်းအားလုံးနီးပါးကို အမေရိကန်နဲ့ ဂျာမနီတို့က ထောက်ပံ့ခဲ့တာဖြစ်ကြောင်း စတော့ဟုမ်းနိုင်ငံတကာငြိမ်းချမ်းရေးသုတေသနအင်စတီကျု (SIPRI) က ပြောကြားလိုက်ပါတယ်။

 

အစ္စရေးကိုဝင်ရောက်လာတဲ့ စစ်လက်နက်ပစ္စည်း ၆၉ ရာခိုင်နှုန်းဟာ အမေရိကန်က တင်သွင်းလာဖြစ်သလို ၃၀ ရာခိုင်နှုန်းဟာ ဂျာမနီက တင်သွင်းတာဖြစ်ကြောင်း SIPRI က ထုတ်ပြန်ခဲ့ပါတယ်။

 

အီတလီကတော့ အစ္စရေးကို လက်နက်တင်သွင်းခဲ့တဲ့နိုင်ငံထဲမှာ တတိယမြောက်နိုင်ငံဖြစ်ပြီး ဝ.၉ ရာခိုင်နှုန်း တင်သွင်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

 

အစ္စရေးလေတပ်က အသုံးပြုနေတဲ့ လေယာဉ်အားလုံးဟာ ပြင်သစ်ထုတ် ရဟတ်ယာဉ်တစ်စင်းကလွဲလို့ အမေ ရိကန်ထုတ်လေယာဉ်တွေချည်းပဲဖြစ်ကြောင်း ဆွီဒင်အခြေစိုက် သုတေသနအင်စတီကျုက ပြောပါတယ်။

 

“၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှာ အမေရိကန်နိုင်ငံက အစ္စရေးကို ပဲ့ထိန်းဗုံးတွေ၊ ဒုံးကျည်တွေ ထောင်နဲ့ချီပြီး အများ အပြားပေးပို့ခဲ့ပါတယ်။ အမေရိကန်က တင်ပို့ပေးမယ့် ဂျက်တိုက်လေယာဉ် ၆၁ စင်းနဲ့ ဂျာမနီကပို့ပေးမယ့် ရေ ငုပ်သင်္ဘော ၄ စီးကတော့ ခေတ္တဆိုင်းငံ့ထားပါတယ်။” လို့ SIPRI အစီရင်ခံစာမှာဖော်ပြထားပါတယ်။

 

မဟာမိတ်နိုင်ငံတွေက အစ္စရေးတင်သွင်းခဲ့တဲ့ စစ်လက်နက်ပစ္စည်းတွေဟာ ဟားမတ်စစ်သွေးကြွတွေနဲ့ ဟစ်ဘို လာစစ်သွေးကြွတွေကို တိုက်ခိုက်ရာမှာ အဓိကအခန်းကဏ္ဍက ပါဝင်ကြောင်း SIPRI ကပြောပါတယ်။

 

ဂါဇာကမ်းမြောင်ဒေသကို မြေပြင်ထိုးစစ်ရော လေကြောင်းတိုက်ခိုက်မှုတွေပါ မဆင်မခြင်ထိုးနှက်တိုက်ခိုက်နေ တဲ့ အစ္စရေးနိုင်ငံကို လက်နက်ထောက်ပံ့နေတာတွေရပ်တန့်ဖို့ နိုင်ငံတကာက တောင်းဆိုနေတဲ့ကြားမှာ အခုလို SIPRI အစီရင်ခံစာ ထွက်ပေါ်လာတာဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စတင်ခဲ့တဲ့ ဟားမတ်စ်နဲ့ အစ္စရေးတပ်ဖွဲ့တွေကြားက တိုက်ပွဲတွေကြောင့် အမျိုး သမီးနဲ့ ကလေးသူငယ်အများစုပါဝင်တဲ့ ပါလက်စတိုင်းလူမျိုး ၃၂,၀၀၀ ကျော် သေဆုံးသွားပြီဖြစ်ပါတယ်။

 

အစ္စရေးအစိုးရက အရပ်သားတွေကာကွယ်ရေးအတွက် ဆောင်ရွက်ခြင်းရှိဘူးလို့ စွပ်စွဲခံနေရမှုနဲ့ အစ္စရေးနိုင်ငံ ရဲ့ ကိုယ့်ကိုယ်ကိုယ်ခုခံကာကွယ်မှုကို ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရူးဒေါက စဉ်းစားချိန်ဆနေချိန်မှာ အစ္စ ရေးနိုင်ငံကို လက်နက်တင်ပို့တာတွေ ရပ်တန့်ထားဖို့ ကနေဒါအစိုးရက မကြာသေးခင်ကပဲ ညွှန်ကြားခဲ့ပါတယ်။

 

အလားတူ အစ္စရေးကို စစ်လက်နက်ပစ္စည်းတင်ပို့နေတာတွေ ရပ်တန့်ဖို့ အမေရိကန်အထက်လွှတ်တော်အမတ် ၈ ဦးကလည်း သမ္မတဂျိုးဘိုင်ဒန်ထံကို စာရေးသားတောင်းဆိုခဲ့ပါတယ်။

 

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နတန်ယာဟုရဲ့လုပ်ရပ်တွေဟာ အမေရိကန်အစိုးရက ဂါဇာဒေသကို လူသားချင်း စာနာမှုအကူအညီပေးနေတာတွေကို ဟန့်တားနေတဲ့လုပ်ရပ်တွေဖြစ်ကြောင်း အဆိုပါ အထက်လွှတ်တော်အ မတ်တွေက ပြောပါတယ်။

 

ပါလက်စတိုင်းနယ်မြေမှာ အစ္စရေးထိုးစစ်ကို အရှိန်လျှော့ချဖို့ ဂျိုးဘိုင်ဒန်က ပြောကြားလိုက်ပြီးနောက်မှာ ဘိုင်ဒန်နဲ့ နတန်ယာဟုတို့ကြား ဆက်ဆံရေး အေးစက်လာတယ်လို့ မီဒီယာတွေမှာ ရေးသားဖော်ပြထားပါ တယ်။

 

Ref: US, Germany Supplied 99% of Israel Weapons Import despite Pressure: Data

 

#PeopleMedia


Share this post