• Follow Us on

Home နေပြည်တော်ကို ခရီးစဉ်ဒေသတစ်ခုအဖြစ်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင် ပြောကြား

နေပြည်တော်ကို ခရီးစဉ်ဒေသတစ်ခုအဖြစ်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင် ပြောကြား

Share this post

နေပြည်တော်၊ မတ် ၂၈

 

နေပြည်တော်ကို MICE(Meetings, Incentives, Conferences, Exhibitions) ခရီးစဉ်ဒေသတစ်ခုအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က ပြောသည်။

 

နေပြည်တော်ကို ခရီးစဉ်ဒေသတစ်ခုအဖြစ် မြှင့်တင်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပခဲ့သည်။

 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ပြည်ထောင်စုနယ်မြေ နေပြည်တော်သည် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော်ဖြစ်ပြီး ပြည်တွင်းပြည်ပ ခရီးသွားများအတွက် ကားလမ်းခရီး၊ ရထားလမ်းခရီးသာမက လေကြောင်းခရီးဖြင့်ပါ လွယ်ကူစွာ သွားလာလည်ပတ်နိုင်သည့် ခရီးစဉ်ဒေသတစ်ခုဖြစ်ကြောင်း၊ နိုင်ငံတကာ အစည်းအဝေးများ၊ ညီလာခံများနှင့် ကုန်စည်ပြပွဲများ ကျင်းပရန် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ များ၊ နိုင်ငံတကာအဆင့်မီ ဟိုတယ်ကြီးများနှင့် တည်းခိုရိပ်သာများရှိသော နေပြည်တော်ကို MICE(Meetings, Incentives, Conferences, Exhibitions) ခရီးစဉ်ဒေသတစ်ခုအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း၊ ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအပါအဝင် ဘုရားပုထိုးစေတီများ၊ သဘာဝရှုမျှော်ခင်းများ၊ အပန်းဖြေဥယျာဉ်များနှင့် ပြတိုက်များ စသည်ဖြင့်ခရီးသွားဆွဲဆောင်ရာ နေရာ ၃၈ ခုရှိကြောင်း ပြောသည်။

 

ထိုကဲ့သို့ အခြေခံကောင်းများစွာရှိသည့် နေပြည်တော်ကို ပြည်တွင်း၊ ပြည်ပခရီးသွားများ ပိုမိုလာရောက် လည်ပတ်စေရန် ဈေးကွက်ရှာဖွေမြှင့်တင်ရေးကို ထိထိရောက်ရောက် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဆွဲဆောင်မှုပိုမိုကောင်းမွန်သော ဦးစားပေးနေရာများရွေးချယ်၍ ခရီးစဉ်လမ်းကြောင်းများ ရေးဆွဲခြင်း၊ Promotion Campaign အစီအစဉ်များ ရေးဆွဲခြင်းတို့ကို အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်း၍ စနစ်တကျ အကောင် အထည်ဖော်နိုင်ရန့်အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က ပြောကြားသည်။

 

#PeopleMedia


Share this post