• Follow Us on

Home NSPNC နှင့် နိုင်ငံရေးပါတီ ၄၃ ပါတီမှ ကိုယ်စားလှယ်များ တွေ့ဆုံ

NSPNC နှင့် နိုင်ငံရေးပါတီ ၄၃ ပါတီမှ ကိုယ်စားလှယ်များ တွေ့ဆုံ

Share this post

နေပြည်တော်၊ မတ် ၂၉

 

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSPNC နှင့် နိုင်ငံရေးပါတီ များမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲအား ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်၌ တွေ့ဆုံခဲ့ရာ အမျိုးသား စည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်း နောင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၄၃ ပါတီမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌ များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ထိုသို့တွေ့ဆုံရာတွင် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း နိုင်ငံရေးပါတီ များနှင့် တွေ့ဆုံစဉ် ဆွေးနွေးခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ခုနှစ်) မှ ပြင်ဆင်ရန်သင့်သည်ဟု သုံးသပ် ယူဆရသည့် ပြဋ္ဌာန်းချက်များအပေါ် နိုင်ငံရေးပါတီများ၏ သဘောထားများ ဆွေးနွေးရန်ကိစ္စ၊ ညှိနှိုင်းရေး ကော်မတီနှင့် ဆက်လက် တွေ့ဆုံ ဆွေးနွေးမည့် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် အလုပ်အဖွဲ့တို့ ဖွဲ့စည်းနိုင် ရေးကိစ္စများအား ရှင်းလင်း ပြောကြားခဲ့သည်။

 

ထို့နောက် ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်က ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)မှ ပြင်ဆင်ရန်သင့်သည့် အချက်များနှင့် ပတ်သက်၍လည်းကောင်း၊ ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က ညှိနှိုင်းရေး ကော်မတီ၏ Vision နှင့် Mission များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှု အခြေအနေများနှင့် NCA ၏ မဟာဗျူဟာ ၃ ရပ်နှင့်အညီ ဆောင်ရွက်မှုအခြေ အနေများအား လည်းကောင်း အသီးသီးရှင်းလင်းပြောကြားခဲ့သည်။

 

ဆက်လက်၍ ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်မှ လိုအပ်သည်များ ဖြည့်စွက် ဆွေးနွေးပြီး တက်ရောက်လာကြသူများက မိမိတို့၏ သဘောထားအမြင်များ၊ အကြံပြုချက်များအား ဆွေးနွေးခဲ့ ကြသည်။

 

#PeopleMedia


Share this post