• Follow Us on

Home အောင်မြေသာစံမြို့နယ်တွင် အသတ်ခံထားသည့် မိသားစုဝင် ၃ ဦး၏ အလောင်းများတွေ့ရှိ

အောင်မြေသာစံမြို့နယ်တွင် အသတ်ခံထားသည့် မိသားစုဝင် ၃ ဦး၏ အလောင်းများတွေ့ရှိ

Share this post

နေပြည်တော်၊ ဧပြီ ၁၂

 

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ၁၀ လမ်း၊ ၈၇ လမ်း ၈၈ လမ်းကြား၊ နေအိမ်တစ်ခုတွင် အသတ်ခံထားသည့် မိသားစုဝင် ၃ ဦး၏ အလောင်းများတွေ့ရှိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ယမန်နေ့ည ၇ နာရီကျော်အချိန်က အောင်မြေသာစံမြို့ နယ်၊ ၁၀ လမ်း၊ ၈၇ လမ်း ၈၈ လမ်းကြား၊ အကွက်(၄၁၅/N2)၊ ညောင်ကွဲရပ်ကွက်ရှိ မိသားစုဝင် ၃ ဦး နေထိုင်သည့် နေအိမ်တွင် အပုပ်နံ့များ ထွက်နေ ကြောင်း အနီးပတ်ဝန်းမှ သတင်းပေးချက်အရ သက်ဆိုင်ရာ တာဝန်ရှိသူများမှ သက်သေအဖွဲ့နှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ စစ်ဆေးခဲ့ရာ နေအိမ်တံခါးသော့အား ရိုက်ဖွင့်ပြီး နေအိမ်အတွင်းသို့ ဝင်ရောက်ကြည့်ရှု့စစ်ဆေးရာ နေအိမ်အရှေ့အိပ်ခန်းအတွင်း၌ ကိုထက်လင်းစိုး ၄၂နှစ်မှာ ဦးခေါင်း ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ဝဲ/ယာပါး ပြတ်ရှဒဏ်ရာ၊ လည်ပင်း ပြတ်ရှဒဏ်ရာ၊ ဝမ်းဗိုက် ပွင့်ထွက်ဒဏ်ရာ၊ နေအိမ်အနောက်ဘက်အခန်းတွင် ဒေါ်မြသန်းထိုက် ၆၇နှစ်မှာ ဦးခေါင်း ဝဲဘက်နားထင်တွင် ဓါးရှည် ၁ လက် စိုက်ဝင်ဒဏ်ရာနှင့် နေအိမ်အနောက် ဘက် ရေချိုးခန်းအတွင်း ဦးမြင့်စိုး ၇၀နှစ်မှာ လည်ပင်းပြတ်ရှဒဏ်ရာ ၁ ချက်ဖြင့် မှောက်လျှက်အနေအထား တို့ဖြင့် အသီးသီး သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဖြစ်စဉ်အား အောင်မြေသာစံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ အမှုဖွင့်ကာ လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post