• Follow Us on

Home ဘဂၤါလီအၾကပ္အတည္းကို ၿငိမ္းခ်မ္းစြာေျဖ႐ွင္းမည့္လမ္းေၾကာင္းတြင္သာ ဘဂၤလားေဒ့႐ွ္႐ွိေနဟုဆို

ဘဂၤါလီအၾကပ္အတည္းကို ၿငိမ္းခ်မ္းစြာေျဖ႐ွင္းမည့္လမ္းေၾကာင္းတြင္သာ ဘဂၤလားေဒ့႐ွ္႐ွိေနဟုဆို

Share this post

ဒါကာ၊ ဒီဇင္ဘာ ၁၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ဘဂၤလားေဒ့႐ွ္ႏိုင္ငံသည္ ႏိုင္ငံကိုစတင္တည္ေထာင္ခဲ့သည့္ ႐ွိတ္ မာဂ်ီဘူ ရာမန္၏ၿငိမ္းခ်မ္းေရးလမ္းစဥ္တြင္ ဆက္တိုက္ရပ္တည္ေနၿပီး ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပ)အၾကပ္အတည္းကို ၿငိမ္းခ်မ္းသည့္ အျပဳအမူမ်ားျဖင့္သာေျဖ႐ွင္းရန္ စီစဥ္ထားသည္ဟု ဒုတိယႏိုင္ငံျခားေရး၀န္ႀကီး ႐ွာရီယာ အလမ္ကေျပာသည္။

ျမန္မာႏိုင္ငံမွဘဂၤါလီအမ်ားအျပား ဘဂၤလားေဒ့႐ွ္သို႔ထြက္ေျပးျခင္းသည္ လူသားခ်င္းစာနာေထာက္ထား မႈဆိုင္ရာအၾကပ္အတည္းတခုဖန္တီးခဲ့ၿပီး ၂ ႏိုင္ငံဆက္ဆံေရးထိခိုက္ခဲ့ေၾကာင္း ႐ွာရီယာက ေျပာသည္။

ဘဂၤါလီအေရးကို ကုလသမဂၢတြင္ ၀န္ႀကီးခ်ဳပ္႐ွိတ္ ဟာဆီနာေျပာခဲ့သကဲ့သို႔ ဘဂၤါလီမ်ား ျမန္မာႏိုင္ငံသို႔ ျပန္လည္ေနထိုင္ေရးကိစၥရပ္အား ေျဖ႐ွင္းႏိုင္မည္ဟုေမွ်ာ္လင့္ေၾကာင္းလည္းေျပာသည္။

ဘဂၤလားေဒ့႐ွ္ႏိုင္ငံသည္ ႏိုင္ငံတကာၿငိမ္းခ်မ္းေရးႏွင့္ လံုၿခံဳေရးတို႔ကို ၿငိမ္းခ်မ္းေရးထိန္းသိမ္းေရးႏွင့္ ၿငိမ္းခ်မ္းေရးတည္ေဆာက္ေရးလုပ္ငန္းစဥ္မ်ားတြင္ပါ၀င္ျခင္းအားျဖင့္ ပိုမိုတိုးတက္ေစရန္ ေဆာင္႐ြက္သည့္ ေအာင္ျမင္မႈကို ၀န္ႀကီးခ်ဳပ္႐ွိတ္ ဟာဆီနာဦးေဆာင္မႈေအာက္တြင္ ဆက္လက္ထိန္းသိမ္းထားႏိုင္ေၾကာင္းလည္း ေျပာသည္။

ကို႐ိုနာဗိုင္းရပ္စ္ကမာၻ႔ကပ္ေရာဂါျဖစ္ပြားေနခ်ိန္တြင္ ႏိုင္ငံအမ်ားအျပားက စီးပြားေရးတိုးတက္မႈကိုထိန္းသိမ္းရန္ ႐ုန္းကန္ေနရေသာ္လည္း ဘဂၤလားေဒ့႐ွ္ႏိုင္ငံက ေလးစားဖြယ္ေဆာင္႐ြက္ေနႏိုင္ေၾကာင္းလည္းေျပာသည္။

၂၀၁၇ ခုႏွစ္က ျမန္မာႏိုင္ငံမွဘဂၤါလီမ်ားထြက္ေျပးခဲ့ၿပီးေနာက္ ဘဂၤလားေဒ့႐ွ္ႏိုင္ငံ႐ွိဒုကၡသည္စခန္းမ်ားတြင္ ဘဂၤါလီ ၁၁ သိန္းေက်ာ္ေနထိုင္ေနသည္။

ထို ၁၁ သိန္းအနက္မွ ၁ သိန္းကို ဘဂၤလားေဒ့႐ွ္ႏိုင္ငံက လူသူကင္းေ၀းသည့္ဘာ႐ွန္ခ်ားကၽြန္းသို႔ေျပာင္းေ႐ႊ႕ေန ရာခ်ရန္ စီစဥ္ေနသည္။

ဒီဇင္ဘာ ၄ ရက္တြင္ စိတ္ဆႏၵအရဘာ႐ွန္ခ်ားကၽြန္းသို႔ေျပာင္းေ႐ႊ႕လိုသူ ၁၆၀၀ ေက်ာ္ကို ဘဂၤလားေဒ့႐ွ္အစိုးရ ကေျပာင္းေ႐ႊ႕ေပးခဲ့သည္။

Ref : Shahriar: Bangladesh for peaceful solution to Rohingya crisis

#PeopleMedia

(unicode)
ဘင်္ဂါလီအကြပ်အတည်းကို ငြိမ်းချမ်းစွာဖြေရှင်းမည့်လမ်းကြောင်းတွင်သာ ဘင်္ဂလားဒေ့ရှ်ရှိနေဟုဆို
…………………………………………………………..

ဒါကာ၊ ဒီဇင်ဘာ ၁၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် နိုင်ငံကိုစတင်တည်ထောင်ခဲ့သည့် ရှိတ် မာဂျီဘူ ရာမန်၏ငြိမ်းချမ်းရေးလမ်းစဉ်တွင် ဆက်တိုက်ရပ်တည်နေပြီး ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)အကြပ်အတည်းကို ငြိမ်းချမ်းသည့် အပြုအမူများဖြင့်သာဖြေရှင်းရန် စီစဉ်ထားသည်ဟု ဒုတိယနိုင်ငံခြားရေးဝန်ကြီး ရှာရီယာ အလမ်ကပြောသည်။

မြန်မာနိုင်ငံမှဘင်္ဂါလီအများအပြား ဘင်္ဂလားဒေ့ရှ်သို့ထွက်ပြေးခြင်းသည် လူသားချင်းစာနာထောက်ထား မှုဆိုင်ရာအကြပ်အတည်းတခုဖန်တီးခဲ့ပြီး ၂ နိုင်ငံဆက်ဆံရေးထိခိုက်ခဲ့ကြောင်း ရှာရီယာက ပြောသည်။

ဘင်္ဂါလီအရေးကို ကုလသမဂ္ဂတွင် ဝန်ကြီးချုပ်ရှိတ် ဟာဆီနာပြောခဲ့သကဲ့သို့ ဘင်္ဂါလီများ မြန်မာနိုင်ငံသို့ ပြန်လည်နေထိုင်ရေးကိစ္စရပ်အား ဖြေရှင်းနိုင်မည်ဟုမျှော်လင့်ကြောင်းလည်းပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့ကို ငြိမ်းချမ်းရေးထိန်းသိမ်းရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်ရေးလုပ်ငန်းစဉ်များတွင်ပါဝင်ခြင်းအားဖြင့် ပိုမိုတိုးတက်စေရန် ဆောင်ရွက်သည့် အောင်မြင်မှုကို ဝန်ကြီးချုပ်ရှိတ် ဟာဆီနာဦးဆောင်မှုအောက်တွင် ဆက်လက်ထိန်းသိမ်းထားနိုင်ကြောင်းလည်း ပြောသည်။

ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေချိန်တွင် နိုင်ငံအများအပြားက စီးပွားရေးတိုးတက်မှုကိုထိန်းသိမ်းရန် ရုန်းကန်နေရသော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက လေးစားဖွယ်ဆောင်ရွက်နေနိုင်ကြောင်းလည်းပြောသည်။

၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံမှဘင်္ဂါလီများထွက်ပြေးခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိဒုက္ခသည်စခန်းများတွင် ဘင်္ဂါလီ ၁၁ သိန်းကျော်နေထိုင်နေသည်။

ထို ၁၁ သိန်းအနက်မှ ၁ သိန်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက လူသူကင်းဝေးသည့်ဘာရှန်ချားကျွန်းသို့ပြောင်းရွှေ့နေ ရာချရန် စီစဉ်နေသည်။

ဒီဇင်ဘာ ၄ ရက်တွင် စိတ်ဆန္ဒအရဘာရှန်ချားကျွန်းသို့ပြောင်းရွှေ့လိုသူ ၁၆၀၀ ကျော်ကို ဘင်္ဂလားဒေ့ရှ်အစိုးရ ကပြောင်းရွှေ့ပေးခဲ့သည်။

Ref : Shahriar: Bangladesh for peaceful solution to Rohingya crisis

#PeopleMedia


Share this post