• Follow Us on
Latest News

Home ဘီးလင်းမြို့နယ်ရှိ အင်အား ၄ ဦးခန့်ရှိသော BGF ကင်းစခန်းတစ်ခုကို KNLA အဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့

ဘီးလင်းမြို့နယ်ရှိ အင်အား ၄ ဦးခန့်ရှိသော BGF ကင်းစခန်းတစ်ခုကို KNLA အဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့

Share this post

မြဝတ်ီ၊ ဒီဇင်ဘာ ၁၈ (People Media)

 

မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ကြသောင်းဆိပ်ကျေးရွာအုပ်စု၊ ကြသောင်းဆိပ်ကျေးရွာရှိ အင်အား ၄ ဦးခန့်ရှိသော BGF ကင်းစခန်းတစ်ခုကို KNLA တပ်မဟာ(၁)မှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

 

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၇ ရက် နံနက် ၆ နာရီအချိန်မှ စတင်ပြီး KNLA တပ်မဟာ(၁)မှ ထိုးစစ်ဆင် တိုက်ခိုက်ရာ ည ၉း၃၀ အချိန်၌ စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU က သတင်းထုတ်ပြန်ထားပါတယ်။

 

အဆိုပါ တိုက်ပွဲအတွင်း၌ BGF တပ်ဖွဲ့ဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး KNLA ဘက်မှ တစ်ဦးကျဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားပါတယ်။

 

အဆိုပါ တိုက်ပွဲအတွင်း၌ BGF အမြောက်တပ်မှ အမြောက်ပစ်ကူးပေးခဲ့ခြင်းကြောင့် နေအိမ်အချို့ထိခိုက်ပျက်စီး ခဲ့ကြောင်း KNU က ဖော်ပြထားပါတယ်။

 

ယခင်က အဆိုပါ ကင်းစခန်းနေရာကို ၁၉၉၃ ခုနှစ်၌ တပ်မတော်က တာဝန်ယူခဲ့ပြီး နောက်ပိုင်း၌ BGF အဖွဲ့မှ တာဝန်ယူနေခြင်းဖြစ်ပါတယ်။

 

Photo – KNU

 

#PeopleMedia #KNLA #BGF #ဘီးလင်းမြို့

 

(unicode)


………………………………………………………

 


 


 


 


 


 


 

Photo – KNU

 



Share this post