• Follow Us on

Home မင်္ဂလာဒုံမြို့နယ် ညောင်ပင်မှတ်တိုင်အနီးတွင် ယာဉ်တိုက်မှုဖြစ်ရာမှ အမျိုးသား (၂) ဦး သေဆုံး

မင်္ဂလာဒုံမြို့နယ် ညောင်ပင်မှတ်တိုင်အနီးတွင် ယာဉ်တိုက်မှုဖြစ်ရာမှ အမျိုးသား (၂) ဦး သေဆုံး

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၅

 

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃) လမ်းမ ညောင်ပင်မှတ်တိုင်အနီးတွင် ဖေဖော်ဝါရီ ၁၄ ရက် ည ၁၀ နာရီဝန်းကျင်အချိန်တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာမှ အမျိုးသား (၂) ဦး သေဆုံးသွားကြောင်း ပုလဲအရန် မီးသတ်တပ်ဖွဲ့မှ သိရသည်။

 

မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃) လမ်းမ ညောင်ပင်မှတ်တိုင်အနီးတွင် ယမန်နေ့ ညပိုင်းက Taxi ယာဉ်မှ Hijet ယာဉ်အား ဝင်တိုက်ခဲ့ပြီး၊ အဆိုပါ Hijet ယာဉ်မှ လမ်းဘေးတွင် ရပ်ထားသည့် ဖယ်ရီယာဉ်အား ထပ်မံတိုက်မိခဲ့ ကြောင်း သိရသည်။

 

ထိုသို့ တိုက်မိခဲ့ရာ Hijet ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အမျိုးသား (၂) ဦးမှာ လွင့်ကျခဲ့၍ ဆေးရုံသို့ ပို့ဆောင် နေစဉ် သေဆုံးခဲ့ပြီး၊ Hijet ယာဉ်မောင်းဖြစ်သူသည်လည်း ထိခိုက်ဒဏ်ရာတစ်ချို့ရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ ယာဉ်တိုက်မှုများကြောင့် Taxi ယာဉ်၊ Hijet ယာဉ်နှင့် ဖယ်ရီယာဉ်တို့တွင် ထိခိုက်ပျက်စီးမှုများ ရှိခဲ့ ကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)

မဂင်္လာဒုံမြို့နယ် ညောင္ပင္မွတ္တိုင်အနီးတြင် ယာဉ္တိုက္မှုျဖစ်ရာမွ အမိုးသား (၂) ဦး သေဆုံး

…………………………………………….

 

နျေပည်တော်၊ ေဖေဖာ်ဝါရီ ၁၅

 

ရန္ကုန္တိုင်းဒေသကြီး၊ မဂင်္လာဒုံမြို့နယ်၊ အမွတ်(၃) လမ်းမ ညောင္ပင္မွတ္တိုင်အနီးတြင် ေဖေဖာ်ဝါရီ ၁၄ ရက် ည ၁၀ နာရီဝန်းက်င်အခိန္တြင် ယာဉ္တိုက္မှုျဖစ္ပြားခဲ့ရာမွ အမိုးသား (၂) ဦး သေဆုံးသြားကြောင်း ပုလဲအရန် မီးသတ္တပ္ဖြဲ့မွ သိရသည်။

 

မဂင်္လာဒုံမြို့နယ်၊ အမွတ်(၃) လမ်းမ ညောင္ပင္မွတ္တိုင်အနီးတြင် ယမန်နေ့ ညပိုင်းက Taxi ယာဉ္မွ Hijet ယာဉ်အား ဝင္တိုက္ခဲ့ပြီး၊ အဆိုပါ Hijet ယာဉ္မွ လမ်းဘေးတြင် ရပ္ထားသည့် ဖယ်ရီယာဉ်အား ထပ္မံတိုက္မိခဲ့ ကြောင်း သိရသည်။

 

ထိုသို့ တိုက္မိခဲ့ရာ Hijet ယာဉ်ပေါ်တြင် လိုက္ပါလာသည့် အမိုးသား (၂) ဦးမွာ လြင့္က်ခဲ့၍ ဆေးရုံသို့ ပို့ဆောင် နေစဉ် သေဆုံးခဲ့ပြီး၊ Hijet ယာဉ်မောင်းျဖစ်သူသည္လည်း ထိခိုက္ဒဏ်ရာတစ္ခို့ရရွိခဲ့ကြောင်း သိရသည်။

 

အဆိုပါ ယာဉ္တိုက္မှုမ်ားကြောင့် Taxi ယာဉ်၊ Hijet ယာဉ္နွင့် ဖယ်ရီယာဉ္တို့တြင် ထိခိုက္ပ်က္စီးမှုမ်ား ရွိခဲ့ ကြောင်း သိရသည်။

 

#PeopleMedia


Share this post