• Follow Us on

Home ရပ်ရွာများအတွင်း အကြောင်းမဲ့ သတ်ဖြတ်မှုများနှင့် ခြိမ်းခြောက်မှုများကို ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှု များဖြင့် တားဆီးရမည်ဖြစ်ကြောင်း န-စ-ကဥက္ကဋ္ဌ ပြောကြား

ရပ်ရွာများအတွင်း အကြောင်းမဲ့ သတ်ဖြတ်မှုများနှင့် ခြိမ်းခြောက်မှုများကို ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှု များဖြင့် တားဆီးရမည်ဖြစ်ကြောင်း န-စ-ကဥက္ကဋ္ဌ ပြောကြား

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၁၀ (People Media)

 

ရပ်ရွာများအတွင်း အကြောင်းမဲ့ သတ်ဖြတ်မှုများနှင့် ခြိမ်းခြောက်မှုများကို ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှု များဖြင့် တားဆီးသွားရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တက်ရောက်အမှာစကားပြောကြားခဲ့ခြင်းဖြစ်သည်။

 

အချို့နေရာများတွင် ခြိမ်းခြောက်မှုများရှိပြီး ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားရေးနှင့်ပတ်သက်၍ မိုက်မဲသည့်လုပ်ရပ်များဖြစ်ပြီး နိုင်ငံကိုဒုက္ခပေးခြင်းပင်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်မှုများအား ပြည်သူများ အနေဖြင့် လက်ခံမှုမရှိဘဲ ပြည်သူများမှ သတင်းပေးဆောင်ရွက်၍ လုံခြုံရေးတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင် ရွက်မှုများရှိကြောင်း၊ အလားတူ ရပ်ရွာများအတွင်း အကြောင်းမဲ့သတ်ဖြတ်မှုများနှင့် ခြိမ်းခြောက်မှုများကိုလည်း ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုများဖြင့် တားဆီးသွားရမည်ဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကာကွယ်ပေးခြင်းနှင့် ဖော်ထုတ်ဖမ်းဆီးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ပြောသည်။

 

ထို့ကြောင့် ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးသဖြင့် ပြည်သူများ၏ တာဝန်သိမှုနှင့် တက်ကြွ သည့် စိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်သူ့လုံခြုံရေးအတွက်ဆောင်ရွက်ရာတွင် ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့်ဆောင်ရွက်မှသာ ပြည်သူ့လုံခြုံရေးကိုရရှိမည်ဖြစ်ကြောင်း၊ ပြည်သူများ အနေဖြင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်မည်ဆိုပါက နိုင်ငံတည်ငြိမ်အေးချမ်းရေးကို များစွာအထောက်အကူ ပြုမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

ကိုဗစ်-၁၉ ရန်ပုံငွေမှ အခြေခံလူတန်းစားများအား ချေးငွေထုတ်ချေးပေးရေးနှင့် ပတ်သက်၍ လိုအပ်သည့် အချက်အလက်များကို အခြေခံတွက်ချက်၍ ဘဏ္ဍာရေးအခြေအနေပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း၊ မိမိတို့ အစိုးရ၏ ရည်ရွယ်ချက်သည်လည်း တိုင်းပြည်သာယာဝပြောပြီး စားနပ်ရိက္ခာပေါများရေးပင် ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူများ ဝင်ငွေရရှိရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများကို ဖော်ဆောင်ပေး ရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။

 

#PeopleMedia #နစက

 

(unicode)


………………………………………………………………

 


 


 


 


 


 


 



Share this post